အိပ်ရေးပျက်ချိန်မှာ ကော်ဖီကို ပုံမှန်သောက်နေကျထက် ပိုမသောက်သင့်ဘူး။

အိပ်ရာထဲရောက်ပေမဲ့ အိပ်ပျော်တဲ့ညတွေ၊ အလုပ်တွေမပြီးပြတ်သေးလို့ အိပ်ရေးပျက်ခဲ့ရတွေဟာ နောက်တစ်နေ့မှာ အတော်ကို အခက်တွေ့စေတယ်။ အိပ်ရာကနေ မနည်းထရတာတောင် မျက်စိတွေကျိန်းစပ်၊ ခေါင်းတွေကိုက်နေလိုက်တာများ ဘာမှကို အာရုံစိုက်လို့မရတော့ဘူး။ အိပ်ရေးဝဝအိပ်ဖို့တော့ လိုပါတယ်။ အိပ်ချိန်ဟာ အနည်းဆုံး တစ်ညကို ၆ နာရီလောက်တော့ အိပ်ပေးဖို့ လိုတာပေါ့။ အိပ်ပျက်ခဲ့တဲ့ညက ၃ ရက်ဆက်တိုက် ဖြစ်လာလို့ အလုပ်တွေပျက်ရတာမျိုး မဖြစ်ချင်ရင်တော့ ဒါလေးတွေကို မှတ်ထားလိုက်။

 

၁။ ကာဘိုဟိုက်ဒြိတ်နဲ့ ကဖင်း

အိပ်ရေးပျက်တာများလာရင် အစားအသောက်ဘက်ကိုပါ သိပ်ဂရုမစိုက်ဖြစ်တော့ဘူး။ တချို့က အစားပျက်လာသလို တချို့က ပိုပြီးစားလာကြတယ်။ ပိုဆိုးတာက ကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေကို စားနေမိတာ။ အိပ်ရေးပျက်ချိန်မှာ ကော်ဖီကို ပုံမှန်သောက်နေကျထက် ပိုမသောက်ပါနဲ့။ ကစီဓာတ် (ကာဘိုဟိုက်ဒြိတ်)များတဲ့ အစားအစာတွေထက် ပရိုတင်းဓာတ် (အသားဓာတ်)ပါတာတွေကို ပိုစားပါ။ ဒါမှ ခန္ဓကိုယ်အတွက် ခွန်အားဖြစ်စေပါလိမ့်မယ်။ အိပ်ငိုက်လာရင် နေရောင်အောက်မှာ လမ်းနည်းနည်းလောက်လျှောက်တာ အဆင်ပြေစေပါလိမ့်မယ်။

 

၂။ ရနံ့ကုထုံး

လန်းဆန်းစေမယ့် ရနံ့တွေကို ရှုကြည့်ပါ။ ရို့စ်မေရီအဆီ သို့မဟုတ် ပူရှိန်းနံ့ကို ရှုရှိုက်နိုင်ပါတယ်။ အင်္ဂလန်နိုင်ငံ Northumbria တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတစ်ခုမှာတော့ ပူရှိန်းနံ့ဟာ လူကိုဖျတ်လတ်တက်ကြွစေပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကို အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ရို့စ်မေရီအနံ့ကတော့ ဦးနှောက်လှိုင်းတွေရဲ့ပုံစံကို နိုးကြားစေပြီး စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကောင်းကျိုးဖြစ်စေတယ်လို့ Neuroscience ဆေးပညာဂျာနယ်ရဲ့ ဆောင်းပါးတစ်ခုမှာ ဖတ်ဖူးပါတယ်။

 

၃။ စကားပြောပါ

အရမ်းငိုက်လာရင် အလုပ်ကို အာရုံစိုက်လို့မရတော့ဘူုး။ လူက ငြိမ်နေရင် ပိုဆိုးတယ်။ ကိုယ့်ဘေးကလူတွေနဲ့ စကားပြောကြည့်ရင် အဆင်ပြေသွားနိုင်ပါတယ်။ လူတွေနဲ့ ၁၀ မိနစ်လောက် စကားပြောတဲ့အခါ အတွေးအခေါ်ပိုင်းမှာ ပိုကောင်းလာပါသတဲ့။

Source : Motto

Share

Loading Next Article...
က္က