ဆေးဝါးကြာရှည်သောက်သုံးခြင်းကနေ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
 

ကြွက်တက်ရတဲ့ အကြောင်းအရင်းမြောက်များစွာ ရှိပါတယ်။ အဖြစ်အများဆုံးအချက်တွေကတော့ ဗီတာမင်ချို့တဲ့တာနဲ့ ကြွက်သားအသုံးပြု လှုပ်ရှားမှု များလွန်တာတွေကြောင့် ဖြစ်ပါတယ်။အထူးသဖြင့် ကြွက်သားတွေကို အလွန်အကျွံအသုံးပြုရတဲ့ အားကစားသမားလို လူမျိုးတွေမှာ အဖြစ်များပါတယ်။

ခြေထောက်မှာ သွေးလျှောက်မှုအား မကောင်းလို့လည်း  ဖြစ်တတ်ပါတယ်။ ရေဓာတ်ခန်းခြောက်လို့လည်း ဖြစ်တတ်ပြီး မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ချို့တဲ့တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆေးဝါးကြာရှည်သောက်သုံးခြင်းကနေ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

ကြွက်တက်လာတဲ့အခါ ဒီအချက်တွေနဲ့ ချက်ချင်းကုသလို့ရပါတယ်။

အကြောဆန့်ပါ

ကြွက်တက်လာတဲ့အခါ အကြောဆန့်ဖို့ ကြိုးစားပါ။ အကြောဆန့်တယ်ဆိုတဲ့နေရာမှာ ရှုပ်ရှုပ်ထွေးထွေးလုပ်စရာ မလိုပါဘူး။ နံရံတစ်ခုမှာ ကပ်ရပ်ပြီး ခြေထောက်ကိုဆန့်ထားရင်ပဲ အဆင်ပြေပါတယ်။

ဖြေလျော့ခြင်း

ကြွက်သား ဖြေလျော့ခြင်းကလည်း အကူအညီဖြစ်ပါတယ်။  ကြွက်တက်လာတဲ့အခါ ကြွက်သားတွေကိုညှစ်ထားတာမျိုးက ပိုဆိုးစေပါတယ်။ ဒီ့အစား ခြေထောက်ကြွက်သားတွေကို ဖြေလျှော့ခွင့်ပြုပါ။

 

နှိပ်ပါ

ကြွက်တက်ချိန်မှာ သင်နဲ့အတူ အခြားတစ်ယောက်ရှိတယ်ဆိုရင် ကြွက်တက်တဲ့နေရာကို နှိပ်ပေးပါ။ ကြွက်တက်မှုကို ပြေလျော့စေပြီး နောက်ပိုင်းဖြစ်ပွားမယ့် နာကျင်မှုကို တိုက်ခိုက်ရာမှာ အကူအညီဖြစ်ပါတယ်။

ခြေမချိုး

အရိုးရှင်းဆုံးနည်းလမ်းကတော့ ကြွက်တက်လာတဲ့အခါ ခြေမကို ချိုးပေးတာ ဖြစ်ပါတယ်။ ချိုးတဲအခါမှာ ခြေမတွေကို ပြေလျော့သွားအောင် လှည့်ပေးရမှာလည်း  ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - မျက်ကပ်မှန်တပ်သူတွေ သတိမထားမိတဲ့ အကျင့်ဆိုး (၅) ခု)

Photos & Source: Lifehack

Share

Loading Next Article...
က္က