ပုံမှန်အိပ်စက်မှုရှိခြင်းက နှလုံးရောဂါနဲ့ အခြားရောဂါတွေအတွက် ရိုးရှင်းပြီး ငွေကြေးကုန်သက်သာတဲ့ ကုသမှုဖြစ်တယ်။
 

စနေ၊တနင်္ဂနွေမှာ အိပ်သူတွေဟာ ကိုယ်တွင်းအချိန်မှတ်သားမှု မှားယွင်းခြင်း ပိုမိုဖြစ်ပွားစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေလည်း ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။ ကိုယ်တွင်းအချိန်မှတ်သားမှု မှားယွင်းခြင်းဟာ အခြားကျန်းမာရေးအခြေအနေတွေကိုလည်း ဆိုးဝါးစေပြီး လန်းဆန်းမှုမရှိတာ၊ အမြဲအိပ်ချင်နေတာတွေပါ ဖြစ်တတ်ပါတယ်။

သုတေသနရဲ့ တွေ့ရှိချက်အရ ကိုယ်တွင်းအချိန်မှတ်သားမှု မှားယွင်းမှု တစ်နာရီဖြစ်ပွားရင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ၁၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းပုံစံ ပြောင်းလဲတာကြောင့် ရုံးပိတ်ရက်မှာ အချိန်မှားယွင်းမှုဖြစ်ပွားပြီး အလုပ်ပြန်တက်တဲ့အခါ ပင်ပန်းနွမ်းသလိုခံစားရစေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -မျက်စိအားနည်းခြင်းကို ဆေးသောက်/ ဆေးစားစရာမလိုဘဲ ဘယ်လိုကုသကြမလဲ? )

 

ပုံမှန်အိပ်စက်မှုရှိခြင်းက နှလုံးရောဂါနဲ့ အခြားရောဂါတွေအတွက် ရိုးရှင်းပြီး ငွေကြေးကုန်သက်သာတဲ့ ကုသမှုဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံ Arizona  တက္ကသိုလ်မှ သုတေသနသမား ဆိုင်ရာဖော်ဘုရှ်က ပြောကြားထားပါတယ်။ သုတေသနဟာ  အသက် ၂၂ နှစ်နဲ့ ၆၀ ကြား လူပေါင်း ၉၈၄ ယောက်ကို လေ့လာဆန်းစစ်ခဲ့တာဖြစ်ပါတယ်။ အချိန်မှားယွင်းမှုရှိမရှိကို စနေ၊တနင်္ဂနွေ ရုံးပိတ်ရက် အိပ်စက်ချိန်တွေနဲ့ ပုံမှန်ရုံးတက်ရက် အိပ်စက်ချိန်တွေကို တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုမှာလည်း အိပ်ချိန်၊ အိပ်မပျော်မှု၊ နှလုံးရောဂါ၊ နွမ်းနယ်မှု၊ အိပ်ချင်သလိုခံစားရမှုတွေကိုပါ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ကိုယ်တွင်းအချိန်မှတ်သားမှု မှားယွင်းခြင်းဟာ အဝလွန်နိုင်ခြေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ အိပ်စက်ခြင်းဆိုင်ရာ အမေရိကန်ဆေးပညာအကယ်ဒမီရဲ့ တွေ့ရှိချက်တစ်ခုကိုလည်း  Sleep ဂျာနယ်မှာ မကြားသေခင်က ဖော်ပြခဲ့ပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က