အိပ်ရေးမဝခြင်းက အာရုံစူးစိုက်မှုကိုလျော့နည်းစေပြီး လုပ်ရည်ကိုင်ရည်ကိုလျော့ကျစေပါတယ်။


အလုပ်ကြိုးစားတာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ပတ်စာအလုပ်တွေပြီးအောင် ညဘက်မအိပ်ဘဲ အလုပ်လုပ်တာမျိုးကကော ကောင်းတယ်ထင်ပါသလား။ အိပ်ရေးမဝခြင်းက အာရုံစူးစိုက်မှုကိုလျော့နည်းစေပြီး လုပ်ရည်ကိုင်ရည်ကိုလျော့ကျစေပါတယ်။ မအိပ်မနေ ကြိုးစားကာမှ အလုပ်မတွင်ကျယ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သွေးတိုးခြင်း



တစ်ညအိပ်ချိန် (၆) နာရီထက်လျော့နည်းမယ်ဆိုရင် သွေးတိုးရောဂါဖြစ်စေနိုင်ပြီး တစ်ညအိပ်ချိန် (၅) နာရီအောက် ရောက်သွားမယ်ဆိုရင်တော့ သွေးပေါင်ချိန်အရမ်းမြင့်တက်လာစေနိုင်ပြီး မူးဝေတာမျိုး ဖြစ်လာနိုင်ပါတယ်။ အိပ်စက်ခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေတဲ့အတွက် အိပ်ရေးပျက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

၂။ အရေပြားယောင်ရမ်းခြင်း

တစ်ညအိပ်ချိန် (၆) နာရီအောက်လျော့နည်းမယ်ဆိုရင် သွေးထဲမှာ အရေပြားယောင်ရမ်းခြင်း (imflammation) ကိုဖြစ်စေတဲ့ဆဲလ်တွေ တိုးပွားလာနိုင်ခြေပိုများပါတယ်။ အရေပြားယောင်ရမ်းခြင်းက နှလုံးရောဂါ၊ သွေးတိုး၊ Type (2) ဆီးချိုသွေးချိုရောဂါတို့နဲ့လည်း ဆက်စပ်နေပါတယ်။

၃။ အာရုံစူးစိုက်နိုင်စွမ်း လျော့ကျစေခြင်း

တချို့လူတွေက (၂)ည (၃) ညဆက်တိုက်မအိပ်ဘဲ အလုပ်လုပ်နိုင်ကြပါတယ်။ အဲဒီလို အားဖြည့်အချိုရည်တွေရဲ့အကူအညီနဲ့ မအိပ်ဘဲအလုပ်လုပ်တာ (၂၄) နာရီမှ (၇၂) နာရီကြားထိ ကြာလာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတော့ အာရုံစူးစိုက်နိုင်စွမ်းမရှိတော့ပါဘူး။ မှတ်ဉာဏ်အားနည်းလာမယ်။ အတိတ်မေ့ရောဂါ (အယ်လ်ဇိုင်းမား) ဖြစ်နိုင်ခြေများလာမယ်။ ကျောက်ကပ်ထိခိုက်မယ်။ ဒီထက်ကြာလာရင် ကျောက်ကပ်ရပ်သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

၄။ စိတ်တိုစိတ်ရှုပ်လွယ်လာတယ်



ပန်ဆေလ်ဗေးနီးယားတက္ကသိုလ် (University of Pennsylvania) ရဲ့လေ့လာမှုတစ်ခုအရတော့ တစ်ပတ်လုံးလုံး တစ်ညကို (၄) နာရီလောက်ပဲ အိပ်တဲ့သူတွေက စိတ်ဖိစီးမှုပိုများလာမယ်။ စိတ်တိုစိတ်ရှုပ်လွယ်လာတယ်။ ဝမ်းနည်းလွယ်လာတယ်။ သောကများလာတယ်။ ဒါကြောင့် အလုပ် အရမ်းများတဲ့လူတစ်ယောက်ကို ရည်းစားတော်ထားရတယ်ဆိုရင် အမြဲရန်ဖြစ်နေရနိုင်တာတော့ အသေအချာပါပဲ။

၅။ အသက်တိုလာမယ်

တစ်ညကို (၅) နာရီအောက်ပဲ အိပ်ချိန်ရှိတဲ့လူတွေဟာ အသက်တိုလာမယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

၆။ ကိုယ်အလေးချိန်တက်လာမယ်



တစ်ညကို (၆)နာရီဝန်းကျင်ပဲအိပ်တဲ့သူတွေမှာ Body Mass Index (BMI) လို့ခေါ်တဲ့ဓာတ်တစ်မျိုး ပိုများနေတတ်ပါတယ်။ BMI များနေတဲ့အခါ လူက စားချင်သောက်ချင်စိတ်ပိုများနေတတ်ပြီး ဇီဝကမ္မလုပ်ဆောင်မှုတွေလည်း ကမောက်ကမဖြစ်လာတဲ့အတွက် ကိုယ်အလေးချိန်လည်း ပိုများလာတတ်ပါတယ်။

Source: DailyInfographic

Share

Loading Next Article...
က္က