လျှပ်စစ်ပစ္စည်းတွေနဲ့အမြဲလိုလိုထိတွေ့နေရတဲ့ ကျွန်တော်တို့မျက်စိလေးတွေကိုလည်း ညှာတာသင့်ပါတယ်လေ။


စမတ်ဖုန်းတွေ၊ Xbox တွေ၊ PS3, PS4 တွေပေါများလှတဲ့ခေတ်ကြီးထဲမှာ ကျွန်တော်တို့ရဲ့မျက်စိတွေကို လိုတာထက်ပိုပြီး အသုံးချနေရပါတယ်။ ကွန်ပျူတာနဲ့အလုပ်လုပ်နေတဲ့လူတွေဆိုလည်း ကွန်ပြူတာဖန်သားပြင်ကို စဉ်ဆက်မပြတ်ကြည့်ရင်း မျက်စိကိုအသုံးချကြရပါတယ်။ ကျွန်တော်တို့တွေ မျက်စိတွေကိုသုံးတုံးကသုံးပြီး သူတို့ကိုအားဖြစ်စေမယ့် အစားအစာတွေကိုကော စားမိကြရဲ့လား။ မျက်စိလေ့ကျင့်ခန်းတွေကော လုပ်ပေးမိကြရဲ့လား။ ကျွန်တော်အများစုက ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့မျက်စိတွေကို ဂရုစိုက်တတ်ဖို့မေ့လျော့တတ်ကြပါတယ်။ မျက်စိကျန်းမာရေးကို ဂရုစိုက်ဖို့ ဆောင်ရန်အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
၁။ မျက်စိကိုအစာကျွေးပါ

 

ဗိုက်တာမင် အေ၊ ဗိုက်တာမင် စီ၊ လူတိန်းနဲ့ ဘီတာကာရိုတင်းဓာတ် ကြွယ်ဝတဲ့အစားအစာတွေကိုစားပါ။ သူတို့က စက္ခုအာရုံကိုပြန်လည်ကြည်လင်အောင် ကုစားပေးနိုင်ပါတယ်။ ဥပမာ။ ကန်စွန်းဥ၊ ထောပတ်၊ ထောပတ်သီး၊ ဘလူးဘယ်ရီသီး၊ တရုပ်ဆီးသီးနဲ့ စပျစ်သီးတို့ ဖြစ်ပါတယ်။

၂။ အနားယူပေးပါ

အလုပ်လုပ်တာများတဲ့မျက်စိကြွက်သားတွေကို အိပ်စက်ခြင်းက ပြန်လည်ပျော့ပြောင်းစေနိုင်တဲ့အတွက် လုံလောက်စွာ အိပ်စက်ပေးသင့်ပါတယ်။

၃။ ရေဓာတ်ပြည့်အောင်ဖြည့်တင်းပါ

 

မျက်လုံးတွေခြောက်လာပြီ။ အမြင်တွေဝေဝါးလာပြီ။ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်လာပြီလို့ခံစားရတဲ့အခါ ရေများများသောက်ပေးပါ။

၄။ မျက်စိလေ့ကျင့်ခန်းလုပ်ပေးပါ

မျက်စိအာရုံကြောတွေကိုပျော့ပျောင်းစေတဲ့လေ့ကျင့်ခန်းလုပ်ပေးပါ။ လက်နှစ်ဖက်ကိုအချင်းချင်းပွတ်တိုက်ပြီး အပူထွက်အောင်လုပ်ပါ။ ပြီးရင်မျက်စိပေါ်ကိုတင်ပေးပြီး ခင်ဗျားအနှစ်သက်ဆုံးနေရာတစ်နေရာအကြောင်း တွေးနေလိုက်ပါ။

၅။ အချိုရှောင်ပါ

 

အချိုလွန်ကဲတဲ့အစားအသောက်တွေကိုရှောင်ပါ။ သူတို့ကခင်ဗျားရဲ့အမြင်အာရုံအားနည်းမှုကို ပိုမိုဆိုးရွားပါစေလိမ့်မယ်။

၆။ (၂၀) စည်းမျဉ်းကိုလိုက်နာပါ

ပေ (၂၀) အကွာမှာရှိတဲ့အရာဝတ္ထုတစ်ခုကို မိနစ် (၂၀) တစ်ကြိမ် စက္ကန့် (၂၀) လောက်ကြာအောင်စိုက်ကြည့်ပေးပါ။ မယုံနိုင်လောက်အောင်ထူးခြားပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။

Source: food.ndtv

Share

Loading Next Article...
က္က