မျက်လုံးခြောက်သွေ့ပြီး ယားယံတာမျိုး အမြဲကြုံနေရသူဆိုရင် ဒီအချက်လေးတွေကို သိထားရမှာပါ။
 

မျက်လုံးခြောက်တာကြောင့် မျက်လုံးယားတာ၊ မျက်လုံးပူတာတွေဟာ မကြာခဏဖြစ်နေတတ်ပါတယ်။ ဒါဟာ ပတ်ဝန်းကျင်လေထု ညစ်ညမ်းနေတာ၊ အပူလွန်တာတွေအပါအဝင် အသက်အရွယ်နဲ့ပါ ဆိုင်တာ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်တဲ့အခါ အမျိုးသမီးတွေမှာ မျက်ရည်ထုတ်လုပ်မှု  သိသိသာသာ လျော့ကျသွားပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပါတယ်။ တကယ်လို့ မျက်လုံးခြောက်သွေ့ပြီး ယားယံတာမျိုး အမြဲကြုံနေရသူဆိုရင်တော့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

၁ - အရက် ရှောင်

အရက်သောက်ခြင်းဟာ သင့်ပါးစပ်ကို ခြောက်သွေ့စေပါတယ်။ ဒါ့အပြင် သင့်မျက်လုံးကိုပါ ခြောက်စေတာ ဖြစ်ပါတယ်။ ပွဲရှိလို့  အရက်ကို မဖြစ်မနေ သောက်ရမယ်ဆိုရင်လည်း အယ်ကိုဟောပါဝင်မှုနှုန်း နည်းစေဖို့ ကြိုးစားသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - မိုးရာသီမှာ လူတိုင်းသတိထားရမယ့် ကျန်းမာရေး)

 

၂ - ဆေးလိပ်

မျက်လုံးခြောက်ခြင်းကလည်း ဆေးလိပ်သောက်ခြင်းအတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ သင်က ဆေးလိပ်သောက်တယ်၊ ဆေးလိပ်သောက်များတဲ့လူနဲ့ နေထိုင်တယ်ဆိုရင် မျက်ရည်တုသုံးပေးခြင်းက သင့်မျက်လုံးတွေကို စိုစွတ်နေစေပါတယ်။ ဆေးလိပ်လုံးဝမသောက်တာကတော့ အခြေခံပြသနာကို ဖြေရှင်းနိုင်တာပဲ ဖြစ်ပါတယ်။

၃ - မျက်မှန်

မျက်လုံးခြောက်ခြင်းကို သက်သာစေဖို့အတွက် အလုပ်ပြီးတဲ့ ညဘက်လို အချိန်မျိုးတွေမှာ မျက်မှန်ကို ချွတ်ထားပေးသင့်ပါတယ်။ မျက်ကပ်မှန်တပ်သူမျိုးဆိုရင်တော့ ပိုသတိထားပေးသင့်ပါတယ်။

 

၄ - အိပ်ရာမဝင်ခင်

မျက်လုံးတွေ ယားယံပြီးနိုးလာတယ်၊ ပူပြီးနိုးလာတာမျိုး ဖြစ်တယ်ဆိုရင်တော့ အိပ်ရာမဝင်ခင် မျက်ရည်ဆီကို သုံးသင့်ပါတယ်။ မျက်ရည်ဆီဟာ မျက်ရည်တုထက် ပိုထူထဲပါတယ်။ အဆီဓာတ်နဲ့ မျက်ရည်ကို စိုစွတ်နေစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးသင့်တာ ဖြစ်ပါတယ်။

၅ - မျက်စဉ်း

Murine ဒါမှမဟုတ် Visine လို မျက်စဉ်းဆေးရည်မျိုးတွေဟာ မျက်လုံးသွေးကြောကို ကျဉ်းစေပါတယ်။ မျက်လုံးနီရဲတာမျိုးကို ပျောက်စေပေမယ့် ခြောက်သွေ့မှုကို မပျောက်နိုင်ပါဘူး။

 

၆ - မျက်ကပ်မှန်

မျက်ကပ်မှန်တပ်တယ်၊ မျက်ရည်တုကို တစ်ရက် နှစ်ကြိမ်မကသုံးတယ်ဆိုရင်တော့ အမှတ်တံဆိပ်ကောင်းကောင်း သုံးဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ မျက်လုံးအောင့်တာ၊ ယားယံတာတွေ ဖြစ်ပွားနေတတ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က