စိတ်ညစ်ရင် ဆံပင်တွေ ပိုကျွတ်လာပါသတဲ့။

တာဝန်ဝတ္တရားတွေ၊ မခံစားချင်ပါဘဲ ခံစားခဲ့ရတဲ့ စိတ်ပင်ပန်းစရာ ကိစ္စတွေက ရေရှည်မှာ စိတ်ဓာတ်ကျဆင်းတဲ့အထိကို ဦးဆောင်သွားတော့တာပါပဲ။ စိတ်ဓာက်ကျဆင်းခြင်းရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပါချို့ယွင်းလာရပြန်တယ်။ စိတ်တွေရမ်းညစ်နေပြီဆိုရင် ဒါတွေပါ ဖြစ်နေပြီလားလို့ ပြန်စစ်ကြည့်ပါ။ အားလုံးဖြစ်နေပြီဆိုရင်တော့ ပေါ့ဆမနေသင့်တော့ဘူး။

 

၁။ နာကျင်မှု

စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုတွေဟာ ခန္ဓာကိုယ်ကိုပါ သက်ရောက်မှုဖြစ်စေတယ်။ အထူးသဖြင့် ဇက်ကြောတောင့်တင်းတာ၊ ကျောနာ/ခါးနာ ဖြစ်တတ်တယ်။ ခေါင်းကိုက် ဗိုက်အောင့်တာတွေလည်း ကြုံလာရတယ်။

 

၂။ ကိုယ်အလေးချိန်

တချို့က စားမဝင်အိပ်မပျော်နဲ့ ဝိတ်ကျသွားတယ်။ တချို့က ညဘက်အိပ်မပျော်နိုင်လို့ စားရင်းနဲ့ ဝိတ်တက်လာတယ်။

 

၃။ ဘာမှမခံစားရတော့ဘူး

အရယ်အပြုံးနည်းလာတယ်။ လူက ကျောက်ရုပ်လို အသက်မဲ့နေသလိုပဲ။ သူများတွေက မနက်ပိုင်းမှာ လန်းဆန်းတက်ကြွနေချိန် ကိုယ်ကတော့ ထုံထိုင်းလေးလံနေတယ်။

 

၄။ အယ်လ်ကိုဟော

စိတ်ညစ်ညစ်နဲ့ သောက်တတ်လာပြီ။ အရင်က သောက်လေ့ရှိတာထက် လစ်မစ်တွေလည်း ကျော်ကုန်ပြီ။

 

၅။ ဖေ့စ်ဘွတ်

ဘာလုပ်ရမှန်းမသိတာနဲ့ ဖေ့စ်ဘွတ်ပဲ တချိန်လုံးကြည့်နေဖြစ်တယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ဒီအတိုင်း new feed ကိုပဲ ကြည့်ဖြစ်နေတာ။

 

၆။ အာရုံစူးစိုက်မှုမရှိ

ခေါင်းထဲမှာ ဘာတွေဖြစ်နေမှန်းကိုမသိတာ။ ဘာကိုမှလည်း သေသေချာချာ အာရုံမစိုက်နိုင်ဘူး။

 

၇။ ခေါင်းမဖြီးနိုင်

သင် သတိထားမိပါသလား။ အရမ်းစိတ်ညစ်နေချိန်မှာ ခေါင်းဖြီးဖို့ မေ့နေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်လေးဖြစ်နေအောင်တောင် မလုပ်ချင်တော့တာ။ နောက်တစ်ချက်ကတော့ စိတ်ညစ်ရင် ဆံပင်တွေ ပိုကျွတ်လာပါသတဲ့။

Source : Prevention

Share

Loading Next Article...
က္က