ဖခင်ဖြစ်သူရဲ့ ဗိုက်တာမင် ဒီ နေ့စဉ်စားသုံးမှုပမာဏဟာ ကလေးရဲ့အရပ်နဲ့ ကိုယ်အလေးချိန်ကို အကျိုးသက်ရောက်မှုရှိနေပါသတဲ့။


ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အမျိုးသမီးတစ်ယောက်ရဲ့အစားအသောက်အနေအထိုင်က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကျန်းမာရေးမှာ တိုက်ရိုက်အကျိုးသက်ရောက်နိုင်တာကို ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါပေမယ့် ကိုယ်ဝန်မဆောင်ခင် ဖခင်ဖြစ်သူရဲ့ကျန်းမာရေးကကော ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်ဆိုတာကို သိကြရဲ့လား။

ပေါ်တူဂီနိုင်ငံမှာပြုလုပ်တဲ့ အဝလွန်ရောဂါဆိုင်ရာ ဥရောပကွန်ဂရက်မှာပြသခဲ့တဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြခဲ့တာကတော့ ဖခင်ဖြစ်သူရဲ့ ဗိုက်တာမင် ဒီ နေ့စဉ်စားသုံးမှုပမာဏဟာ ကလေးရဲ့အရပ်နဲ့ ကိုယ်အလေးချိန်ကို အကျိုးသက်ရောက်မှုရှိနေပါသတဲ့။

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ ဗိုက်တာမင် ဒီနေ့စဉ်စားသုံးမှုဟာ ကလေးရဲ့အရိုးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်ပါတယ်။ ဒီလိုပဲ... ဖခင်တစ်ယောက်ရဲ့ ဗိုက်တာမင် ဒီ စားသုံးမှုကကော ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲဆိုတာကို သိပ္ပံပညာရှင်တွေလေ့လာခဲ့ကြပါတယ်။

ဗိုက်တာမင် ဒီဆိုတာ နေရောင်ခြည်ဗိုက်တာမင် လို့လူသိများတဲ့ မရှိမဖြစ်လိုအပ်တဲ့ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။ ဗိုက်တာမင် ဒီဟာ အရေပြားနဲ့နေရောင်ခြည်ထိတွေ့ချိန်မှာ ဖြစ်ပေါ်လာပါတယ်။ ဗိုက်တာမင် ဒီရဲ့အရေးအကြီးဆုံးလုပ်ဆောင်မှုကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ပမာဏတွေကို ထိန်းညှိပေးတာပါပဲ။ အဲဒီ ဓာတ် (၂) ခုလုံးဟာ အရိုးကြံ့ခိုင်သန်စွမ်းရေးအတွက် အရေးပါတဲ့ဓာတ်တွေဖြစ်ပါတယ်။ သူတို့ဟာ အရိုးကျန်းမာရေး၊ သွားကျန်းမာရေးနဲ့ ကြွက်သားကျန်းမာရေးတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗြိတိန်အစားအသောက်ကျန်းမာရေးအဖွဲ့ကြီးကတော့ တစ်ပတ်မှာအနည်းဆုံး (၃) ကြိမ်၊ တစ်ကြိမ်ကို အနည်းဆုံး (၁၅) မိနစ်လောက် နေပူစာလှုံပေးသင့်ကြောင်း အကြံပြုထားပါတယ်။

 

အိုင်ယာလန်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနက သုတေသီတွေကတော့ သဒ္ဓေမတည်ခင် ဖခင်ဖြစ်သူရဲ့ဗိုက်တာမင် ဒီပမာဏနဲ့ ကလေးမွေးဖွားပြီးလို့ အသက် (၅) နှစ်အရွယ်မှာရှိလာတဲ့ အရပ်နဲ့ ကိုယ်အလေးချိန် ဆက်နွယ်မှုရှိနေကြောင်း တွေ့ရှိခဲ့ပါသတဲ့။ သူတို့ဟာ ဒီသုတေသနကို သားအဖ (၂၁၃) တွဲ နဲ့ပြုလုပ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဗိုက်တာမင်ဒီ ကြွယ်ဝလေလေ၊ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှု ပိုမို ကောင်းမွန်လေလေပါပဲတဲ့။

သုတေသီတွေထပ်မံတွေ့ရှိခဲ့တာကတော့ ရုံးပိတ်ရက်တွေမှာ (၃) နာရီလောက်အပြင်ထွက်ကစားခြင်းဟာလည်း အသက် (၅) နှစ် အရွယ်ကလေးတွေ အရပ်ပိုရှည်လာစေဖို့ အထောက်အကူပြု ပေးပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင် ဒီထုတ်လုပ်ရေးဟာ နေရောင်ခြည်နဲ့ထိတွေ့ခြင်းပေါ်မှာ တိုက်ရိုက်မှီခိုနေလို့ပါပဲတဲ့။ ဒါကြောင့် ကလေးတွေကို အရပ်ရှည်စေချင်ရင် အားဆေးတွေတိုက်နေမယ့်အစား ပန်းခြံလိုနေသာလေသာတဲ့နေရာမျိုးမှာ တစ်ပတ်တစ်ကြိမ်လောက်ခေါ်သွားပြီး ဆော့ကစားခိုင်းသင့်ပါတယ်။

 

Source: Food.ndtv

Share

Loading Next Article...
က္က