အဝတ်အစားတွေကို မြန်မြန်သာလဲလိုက်....

မိုးတွေဆက်ရွာနေပြီ Duwun ပရိသတ်တို့ရေ။ ဂရုစိုက်ကြဦးနော်။ ထီးနဲ့မိုးကာလည်း ယူသွားဖို့ မမေ့နဲ့ဦး။ ထီးမေ့ကျန်ခဲ့တဲ့နေ့မှာမှ မိုးမိပြီဆိုရင်တော့ မဖျားအောင်ဂရုစိုက်ဖို့ လိုပါတယ်။

 

အိမ်ရောက်တာနဲ့ အဝတ်အစားတွေကို မြန်မြန်ဆန်ဆန် လဲလိုက်ပါ။ ရေချိုးချင်ရင် ရေနွေးလေးနဲ့စပ်ပြီးချိုးတာ ပိုကောင်းတာပေါ့။ အဝတ်လဲတာရော ရေချိုးတာကိုပါ အချိန်မဆွဲဘဲ ခပ်မြန်မြန်လေးပဲလုပ်လိုက်ပါ။ စိုနေတဲ့အဝတ်ကို ခန္ဓာကိုယ်ပေါ်မှာ ကြာကြာဝတ်ထားတာက အအေးမိဖို့ ရာခိုင်နှုန်းပိုတိုးသွားလိမ့်မယ်။ အဝတ်လဲပြီးရင် နွေးနွေးထွေးထွေးနေဖို့ကတော့ မပြောလည်း သိမှာပါ။

 

နောက်တစ်ခုကတော့ ရေနွေးလေးထဲကို ဂျင်းလေးပါးပါးလှီးထည့်ပြီး သောက်ပေးနိုင်ပါတယ်။ ရေနွေးထဲကိုဂျင်းထည့်ပြီးသောက်ရင် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုလည်းကောင်းလာတယ်။ အအေးမိလို့ ခေါင်းကိုက်၊ နှာစေးနေတာတွေကိုလည်း ပျောက်သွားနိုင်ပါတယ်။ ဂျင်းတောင့်တစ်တောင့်ကိုပြားအောင်ထောင်းပြီး သစ်ကြံပိုးခေါက်မှုန့်နည်းနည်းနဲ့ရောကာ ရေနွေးပူပူနဲ့ရောသောက်လို့လည်း ရပါတယ်။

 

တစ်နေ့ကို (၃) ခွက်ကနေ (၄) ခွက်ကြားသောက်ပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်သိသိသာသာ ကောင်းမွန်လာပြီး အစာအိမ်လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေလည်း သိသာတဲ့ပြောင်းလဲမှုကို ခံစားရလာပါလိမ့်မယ်။

ဂျင်းကိုဆေးဘက်ဝင်အောင် ဘယ်လိုစားရမလဲဆိုတာ ဒီမှာ ဖတ်နိုင်ပါသေးတယ်။

Share

Loading Next Article...
က္က