အဆစ်အမြစ်ရောင်ရမ်းခြင်းက ခန္ဓာကိုယ်နေရာတိုင်းမှာဖြစ်ပွားနိုင်ပါတယ်။


အဆစ်အမြစ်ရောင်ရမ်းခြင်းက ခန္ဓာကိုယ်နေရာတိုင်းမှာဖြစ်ပွားနိုင်ပါတယ်။ ဘာလဲလို့ဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်ကို အရိုးတွေနဲ့ဖွဲ့စည်းထားတော့ အရိုးအဆစ်တွေကြားမှာ ဆက်ထားတဲ့နေရာလေးတွေ အများကြီးရှိနေလို့ပါပဲ။ ဒါပေမယ့် အဖြစ်အများဆုံးနေရာတွေကတော့ ဒူးနဲ့ပုခုံးပဲ ဖြစ်ပါတယ်။ အဲဒီလိုနာကျင်မှုဝေဒနာက ကိုင်တွယ်ဖြေရှင်းရခက်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သေသေချာချာကုသပေးဖို့ လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ဒူးနာခြင်းလိုမျိုး အဆစ်အမြစ်ရောင်ရမ်းခြင်းဝေဒနာကို သက်သာစေတဲ့ ဆေးမြီးတိုလေးတွေပဲ ဖြစ်ပါတယ်။

၁။ အပူအအေးကုထုံး





အပူအအေးကုထုံးက ဒူးနာဝေဒနာတွေအတွက် အလွန်ကောင်းမွန်တဲ့ဆေးမြီးတိုနည်းလမ်းဖြစ်ပါတယ်။ အအေးကုထုံးက အဆစ်အမြစ်ရောင်ရမ်းခြင်းကိုကုသပေးပြီး အပူကုထုံးက သွေးစီးဆင်းမှုနှုန်းကို ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးခြင်းဖြင့် ဝေဒနာကိုသက်သာလျော့ပါးစေပါတယ်။ ပြုလုပ်နည်းကတော့ အရင်ဆုံးရေနွေးပူစိမ်ထားတဲ့ လက်ကိုင်ပုဝါတစ်ထည်ကို အပူနွေးနွေးလေးဖြစ်အောင်ထားပြီး နာကျင်တဲ့နေရာမှာ (၅) မိနစ် လောက်ပတ်ထားပေးလိုက်ပါ။ ပြီးရင်ရေခဲတုံးလေးတွေထည့်ပြီး အေးအောင်စီမံထားတဲ့အဝတ်စနဲ့ (၅) မိနစ်လောက်ထပ်ပတ်လိုက်ပါ။ ဒီကုထုံးကို တစ်နေ့ (၃) ကြိမ် ပြုလုပ်ပေးမယ် ဆိုရင် နာကျင်မှုဝေဒနာတွေကို လျော့ပါးသက်သာစေမှာပါ။

၂။ နနွင်းမှုန့်





နနွင်းမှုန့်မှာပါဝင်တဲ့ "curcumin" လို့ခေါ်တဲ့ပါဝင်ပစ္စည်းက အရေပြားရောင်ရမ်းခြင်းကိုလျော့ပါးသက်သာစေပါတယ်။ ဒါကြောင့် နနွင်းမှုန့်က ဒူးနာဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါ။ နနွင်းမှုန့်နဲ့ပျားရည်ကို နွားနို့နဲ့ရောပြီး သောက်ချလိုက်ရုံပါပဲ။ သောက်ပြီးသွားရင်တော့ နာကျင်မှုဝေဒနာ သက်သာလျော့ပါးသွားတာကို တွေ့ရှိရမှာပါ။

၃။ ကြက်သွန်နီ





တချို့လူတွေက ထမင်းစားရင် ကြက်သွန်နီတစ်လုံးကို အစိမ်းထည့်စားတတ်ကြပါတယ်။ ဒါဟာကျန်းမာရေးအတွက်အကျင့်ကောင်းတစ်မျိုးပါပဲ။ ကြက်သွန်နီမှာ သင့်ရဲ့ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါကြောင့် ကြက်သွန်နီဟာ ဒူးနာဝေဒနာကိုလည်း သက်သာစေပါတယ်။

၄။ ဂျင်း





ဂျင်းဟာ နာကျင်မှုတွေကိုသက်သာစေတဲ့ သဘာဝဆေးမြီးတိုတစ်မျိုးပါပဲ။ ဘာလို့လဲဆိုတော့ ဂျင်းမှာ အရေပြားရောင်ရမ်းခြင်းကိုတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါပဲ။ မနက်တိုင်း မနက်တိုင်း ဂျင်း လက်တစ်ဆစ်စာလောက်ကို ဖြတ်တောက်ပြီး ရေနွေးတစ်ခွက်ထဲ ထည့်လိုက်ပါ။ ပြီးရင် အဖုံးအုပ်ပြီး (၁၀) မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်တော့ သောက်ချလိုက်ပါ။ ထူးခြားမှုကိုတွေ့ရှိရပါလိမ့်မယ်။

၅။ ပန်းသီးရှာလကာရည်





ပန်းသီးရှာလကာရည်ကတော့ အဆစ်အမြစ်ယောင်ရမ်းခြင်းဝေဒနာရှိသူတွေအတွက်တော့ အသင့်တော်ဆုံးဆေးမြီးတိုတစ်မျိုးပါပဲ။ ဒူးနာသက်သာစေဖို့အတွက် ပန်းသီးရှာလကာရည်ကိုအသုံးပြုလို့ရပါတယ်။ အရင်ဆုံး ရေနွေးတစ်ခွက်ယူလိုက်ပြီး ပန်းသီးရှာလကာရည် (၂) ဇွန်းလောက်ထည့်လိုက်ပါ။ ပြီးရင် ပျားရည်နည်းနည်းပါရောလိုက်ပါ။ ပြီးရင်တော့သောက်ချလိုက်ပါ။ ဒါဟာသင့်ရဲ့ကျန်းမာရေးကိုပါ ကောင်းမွန်စေလို့ နေ့စဉ်ပုံမှန်သောက်ပေးသင့်ပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က