အို၊ အေ၊ ဘီနဲ့ အေဘီဆိုပြီး သွေးအမျိုးအစား စုစုပေါင်း (၄) မျိုးရှိပြီး ရှေးအကျဆုံးကတော့ အိုသွေးပဲဖြစ်ပါတယ်။


သွေးအမျိုးအစားအလိုက် စားသုံးသင့်တဲ့အစားအသောက်တွေကို လူသိများအောင် ပြုလုပ်ပေးခဲ့တဲ့သူကတော့ Peter J. D’Adamo ဆိုတဲ့လူပဲဖြစ်ပါတယ်။ အို၊ အေ၊ ဘီနဲ့ အေဘီဆိုပြီး သွေးအမျိုးအစား စုစုပေါင်း (၄) မျိုးရှိပြီး ရှေးအကျဆုံးကတော့ အိုသွေးပဲဖြစ်ပါတယ်။ Positive ပဲဖြစ်ဖြစ်၊ Negative ပဲဖြစ်ဖြစ် သွေးအမျိုးအစားပေါ်မူတည်ပြီး လိုက်ဖက်တဲ့အစားအသောက်တွေကို စားသုံးပေးသင့်တာတော့ အမှန်ပါပဲ။

၁။ အိုသွေး





အိုသွေးဟာ ရှေးအကျဆုံးသွေးအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ အိုသွေးဟာ အေသွေးနဲ့ဘီသွေး (၂) မျိုးလုံးရဲ့ ပဋိပစ္စည်းတွေကို သယ်ဆောင်ထားတဲ့သွေးအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် အိုသွေးပိုင်ရှင်တွေဟာ ယေဘုယျအားဖြင့် ကိုယ်ခံအားစနစ်မှာကော၊ ကိုယ်ကာယပိုင်းမှာပါ ကြံ့ခိုင်သန်စွမ်းသူတွေဖြစ်ကြပါတယ်။ အိုသွေးပိုင်ရှင်တွေဟာ ပရိုတိန်းဓာတ်နဲ့ အဆီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးသင့်ပါတယ်။ ဒါပေမယ့် ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့အစားအသောက်တွေဟာ အဆီအဖြစ်အလွယ်တကူကူးပြောင်းစေနိုင်တဲ့အတွက် လေ့ကျင့်ခန်းတော့ ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

၂။ အေသွေး





အေသွေးပိုင်ရှင်တွေကတော့ ဗိုက်တာမင်နဲ့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအသောက်တွေကိုစားသုံးပေးသင့်ပါတယ်။ နောက်ပြီး အာဟာရကြွယ်ဝတဲ့အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အသားအများကြီးစားခြင်းက အေသွေးပိုင်ရှင်တွေအတွက် မကောင်းပါဘူး။ ဒါကြောင့် အာလူးနဲ့အသားပါဝင်မှုများပြားတဲ့ အစားအသောက်တွေကို နေ့တိုင်းလိုလိုစားသုံးတာက ခင်ဗျားရဲ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သစ်သီးတွေ၊ အသီးအရွက်တွေနဲ့ နှံစားသီးနှံတွေက ခင်ဗျားအတွက်အသင့်တော်ဆုံးပါပဲ။

၃။ ဘီသွေး





ဘီသွေးပိုင်ရှင်တွေကတော့ ရာသီဥတုအပြောင်းအလဲဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့လူတွေပါပဲ။ သူတို့ဟာ ဘယ်လိုနေရာ၊ ဘယ်လိုရာသီဥတုမျိုးမှာမဆို နေနိုင်ပါတယ်။ ဘီသွေးပိုင်ရှင်တွေ စားသုံးသင့်တဲ့ အစားအသောက်တွေကတော့ မျှတပြီး အရည်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေပါပဲဖြစ်ပါတယ်။ အသားကော၊ အသီးအရွက်ကောမျှတအောင် စားပေးသင့်ပါတယ်။ ပဲနီလေးနဲ့ မြေပဲကတော့ လုံးဝရှောင်သင့်ပါတယ်။

၄။ အေဘီသွေး





အေဘီသွေးကတော့ အရှားပါးဆုံးသွေးအုပ်စုပါပဲ။ အရက်နဲ့ ကဖင်းဓာတ်ဟာ ခင်ဗျားကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ အေဘီသွေးပိုင်ရှင်တွေဟာ ပင်လယ်စာတို့၊ နို့ထွက်ကုန်ပစ္စည်းတို့၊ တို့ဖူးတို့ကို စားသုံးပေးသင့်ပါတယ်။ ကစီဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေနဲ့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေကို အသားနဲ့ရောပြီးစားသုံးခြင်းကို အထူးရှောင်ကြဉ်ပါ။

Source: Youngisthan

Share

Loading Next Article...
က္က