ရိုးရိုးဆပ်ပြာနဲ့ ဘာမှထွေထူးပြီး မကွာဘူး။

ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ပိုးသတ်ဆေးဆပ်ပြာ (anti-bacterial soaps) တွေနဲ့ ဂျယ်လ်တွေဟာ လူကို ကေင်းကျိုးပေးတာထက် ဘေးဥပါဒ်ပိုဖြစ်စေနိုင်ကြောင်း ဆေးဝါးနဲ့သိပ္ပံပညာရှင်ပေါင်း ၂၀၀ က သတိပေးလိုက်ပါတယ်။

 

ဘက်တီးရီးယားတွေကိုသေစေတဲ့ပစ္စည်းတွေကို အစားအသောက်ထည့်တဲ့ဘူးတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့ဖျာတွေနဲ့ ဆေးတွေမှာ အသုံးပြုနေခြင်းဟာ လူကိုဆိုးကျိုးပေးနိုင်ကြောင်း Environmental Health Perspectives ဂျာနယ်ကတစ်ဆင့် သတိပေးလိုက်ကြတာ ဖြစ်ပါတယ်။ သာမာန်ဆပ်ပြာနဲ့ရေကို အသုံးပြုခြင်းသည်သာလျှင် ဖျားနာခြင်းတွေကနေ ကင်းဝေးအောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းဖြစ်တယ်လို့ ဆန်ဖရန်စစ္စကိုတက္ကသိုလ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး ပရော်ဖက်ဆာ ဒေါက်တာ ဘာဘာရာ ဆက်တလာက ပြောပါတယ်။ ယေဘုယျအားဖြင့်တော့ ပိုးသတ်ဆေးပါတဲ့ဆပ်ပြာတွေဟာ သာမာန်ဆပ်ပြာတွေထက် ထွေထူးပြီးကောင်းတာမျိုးမရှိဘူးလို့လည်း သူကဆိုပါတယ်။

 

အမေရိကမှာဆိုရင်လည်း ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ပိုးသတ်ဆေးပါတဲ့ဆပ်ပြာတွေကို ရောင်းချခွင့်ပိတ်ပင်ထားပါတယ်။ ဘက်တီးရီးယားသေစေတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ Triclosan နဲ့ triclocarban ပါဝင်တဲ့ ဆပ်ပြာ ၁၉ မျိုးကို ယမန်နှစ်အတွင်းက ပိတ်ပင်ခဲ့တာပါ။ ယင်းဓာတုပစ္စည်းနှစ်မျိုးကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့အခါ ကိုယ်ဝန်ဆောင်တွေကို ဘေးဥပါဒ်ဖြစ်စေကာ သန္ဓေသားလောင်းဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်။ နို့စို့ကလေးတွေကိုလည်း မကောင်းတဲ့သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။

Source : Telegraph

Share

Loading Next Article...
က္က