အမှန်တကယ်တော့ ကျန်းမာကျစ်လျစ်တဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့က ကျန်းမာရေးအရကော၊ အလှအပရေးရာအရပါ လိုအပ်ပါတယ်။


ကယ်လိုရီတွက်ချက်ခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းရေးမှာ အလွန်အရေးပါတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ယောကျ်ားလေးတစ်ယောက်ရဲ့နေ့စဉ်ကယ်လိုရီပမာဏက (၂၅၀၀) ကယ်လိုရီလောက်ရှိသင့်ပြီး မိန်းကလေးတစ်ယောက်ရဲ့နေ့စဉ်ကယ်လိုရီပမာဏက (၂၀၀၀) ကယ်လိုရီခန့်ရှိသင့်ပါတယ်။ ရိုးရိုးလေးပဲတွေးကြည့်ရင် ကယ်လိုရီပါဝင်မှုနည်းလေလေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းရေးအတွက် အကျိုးရှိလေလေပါပဲ။ အမှန်တကယ်တော့ ကျန်းမာကျစ်လျစ်တဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့က ကျန်းမာရေးအရကော၊ အလှအပရေးရာအရပါ လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့ အောက်ပါအစားအစာလေးတွေကို ထည့်သွင်းပေးသင့်ပါတယ်။

၁။ သခွားသီး

1671246-poster-1280-why-shrink-wrap-a-cucumber.jpg 

သခွားသီးကို တို့စရာအသီးအနှံလား။ သစ်သီးဝလံလားမသဲကွဲတဲ့လူတွေရှိပါတယ်။ တကယ်တော့ သခွားသီးက တို့စရာအဖြစ်လုပ်စားနေကြတဲ့ သစ်သီးတစ်မျိုးပါပဲ။ သူ့မှာကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီးပါ ပါတယ်။ သခွားသီးဟာ အအေးစာတစ်မျိုးဖြစ်ပြီး ရေဓာတ်များစွာပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် အထောက်အကူပေးတဲ့ anti-oxidant တွေလည်းပါဝင်ပါတယ်။ သူ့မှာရေဓာတ်ပါဝင်မှုများတော့ ကယ်လိုရီအလွန်နည်းပါတယ်။ (၁၀၀) ဂရမ်လောက်မှာမှ (၁၆) ကယ်လိုရီလောက်ပဲ ပါ ပါတယ်။ သူ့မှာပါဝင်တဲ့ ဗိုက်တာမင်တွေကတော့ ဗိုက်တာမင် စီ၊ ကေ နဲ့ ဘီစစ်တို့ပဲဖြစ်ပါတယ်။ ရေဓာတ်ကြွယ်ဝမှုကြောင့် အရေပြားအစိုဓာတ်ထိန်းသိမ်းဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ဒါကြောင့်တတ်နိုင်သမျှ များများစားပေးသင့်ပါတယ်။

၂။ သင်္ဘောသီး

papaya-966322.jpg 

သင်္ဘောသီးဟာ ကိုယ်အလေးချိန်ကျဆင်းမှုကိုအားပေးပြီး ကိုယ်ခံအားစနစ်ကိုအားကောင်းစေတဲ့ မရှိမဖြစ်ဗိုက်တာမင် စီနဲ့အေတို့ပါဝင်သလို anti-oxidant ကြွယ်ဝစွာပါဝင်တဲ့အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ သင်္ဘောသီးရဲ့အနှစ်တွေဟာလည်း အရေပြားအတွက်အလွန်ကောင်းမွန်တဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။ သူ့မှာလည်း (၁၀၀) ဂရမ်လောက်မှာမှ ကယ်လိုရီ (၄၀) လောက်ပဲ ပါပါတယ်။ မနက်စာ စားရင် သင်္ဘောသီးလေးကို အချိုစာအဖြစ်ထည့်စားကြည့့်ပါ။ ဝိတ်ကျလာပါလိမ့်မယ်။

၃။ မက်မွန်သီး

303850-peaches.jpg 

မက်မွန်သီးမှာတော့ ဗိုက်တာမင် အေ၊ အီး၊ စီ နဲ့ ကေတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့အမျှင်ဓာတ်တွေက ကိုလက်စထရောကိုထိန်းချုပ်နိုုင်ပြီး အဝလွန်ရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါတင်မက သေးပါဘူး။ မက်မွန်သီးကထုတ်တဲ့အရည်ကို ဆံပင်အလှကုန်ပစ္စည်းတွေမှာသုံးလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ မက်မွန်သီးမှာပါဝင်တဲ့ ဗိုက်တာမင် ကေ (သို့) ကီရာတင်းက ဆံပင်ကျန်းမာရေးအတွက် ကောင်းမွန်လို့ပါပဲ။ မက်မွန်သီး (၁၀၀) ဂရမ်မှာ (၃၅) ကယ်လိုရီ လောက်ပဲ ပါ ပါတယ်။

၄။ ဂရိတ်ဖရုထ်သီး

agamerica-ag-lending-grapefruit.jpg 

ချဉ်ပြုံးပြုံးအရသာလေးနဲ့ ဂရိတ်ဖရုထ်အသီးဟာ ဗိုက်တာမင် စီ ကြွယ်ဝစွာပါဝင်တဲ့အသီးအနှံတစ်မျိုးဖြစ်ပြီး anti-oxidant တစ်မျိုးအဖြစ် အဝလွန်ရောဂါကိုတိုက်ဖျက်ပေးပါတယ်။ အရေပြားနဲ့ အစာခြေစနစ် အတွက်ကောင်းမွန်တဲ့ ရေဓာတ်လည်းကြွယ်ဝစွာပါဝင်ပါသေးတယ်။ ဂရိတ်ဖရုထ်သီး (၁၀၀) ဂရမ်မှာမှ (၃၇) ကယ်လိုရီလောက်ပဲ ပါ ပါတယ်။

၅။ ခရမ်းချဉ်သီး

healthinationdotcom.jpg 

ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက်ထဲမှာထည့်ပြီး ဟင်းချက်စရာအဖြစ်သုံးနေကြပေမယ့် ခရမ်းချဉ်သီးကလည်း သစ်သီးဝလံတစ်မျိုးပါပဲ။ နောက်ပြီး ခရမ်းချဉ်သီးဟာ ကိုယ်အလေးချိန်ကျဆင်းစေရေးကို ကြီးမားစွာ အထောက်အကူပြုနိုင်တဲ့ သစ်သီးဝလံတစ်မျိုးလည်းဖြစ်ပါတယ်။ ခရမ်းချဉ်သီးဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက လက်ပ်တင်လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို တိုက်ဖျက်ပေးတဲ့ anti-oxidant အဖြစ်လုပ်ဆောင်ပေးပြီး ကိုယ်အလေးချိန်ကျဆင်းရေးကို ထောက်ကူပေးပါတယ်။ အစိမ်းစားရင်ပိုကောင်းပါတယ်။ ခရမ်းချဉ်သီး (၁၀၀) ဂရမ်မှှာမှ (၂၅) ကယ်လိုရီလောက်ပဲ ပါ ပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (စိတ်ဖိစီးမှု များနေရင် ဒါတွေစားပါ)

Source: Youngisthan

Share

Loading Next Article...
က္က