မိန်းကလေးတွေဆိုရင် အသက် (၁၈) နှစ်ပြည့်ရင် အရပ်ရှည်ခြင်းဟာ ရပ်တန့်နှေးကွေးသွားတတ်ပြီး ယောကျ်ားလေးတွေကတော့ အသက် (၂၄) ကျော်ရင် အရပ်ထပ်မရှည်တော့ပါဘူး။


လူတစ်ယောက်ရဲ့အရပ်ရှည်ခြင်းဟာ အသက်အရွယ်တစ်ခုုကိုရောက်ရင် ရပ်တန့်သွားတတ်ပါတယ်။ မိန်းကလေးတွေဆိုရင် အသက် (၁၈) နှစ်ပြည့်ရင် အရပ်ရှည်ခြင်းဟာ ရပ်တန့်နှေးကွေးသွားတတ်ပြီး ယောကျ်ားလေးတွေကတော့ အသက် (၂၄) ကျော်ရင် အရပ်ထပ်မရှည်တော့ပါဘူး။ အရပ်ရှည်တယ်ဆိုတာ တကယ်တော့ ကြီးထွားဟော်မုန်းလို့ခေါ်တဲ့ ဟော်မုုန်းတစ်မျိုးနဲ့ ဆက်စပ်နေတတ်ပြီး အဲဒီဟော်မုန်းဟာလည်း လူ့ခန္ဓာကိုယ်ထဲမှာ ပစ်ကျူအာရီဂလင်းထုတ်လွှတ်ပေးနိုင်မှုနဲ့ ဆက်နွယ်နေပါတယ်။

အရွယ်ရောက်ပြီဆိုရင် အရပ်ဆက်ရှည်လာဖို့ကတော်တော်ခဲယဉ်းသွားပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီဟော်မုန်းထုတ်လွှတ်မှုတွေက အသက်အရွယ်ရလာတာနဲ့တပြိုင်နက် ဖြည်းဖြည်းချင်းရပ်တန့်သွားတတ်လို့ ပါပဲ။ ဒါပေမယ့် အဲဒီဟော်မုန်းတွေကိုသဘာဝအတိုင်း ပြန်ထွက်လာအောင် လုပ်ပေးနိုင်ရင်တော့ အရပ်ပြန်ရှည်လာနိုင်ပါသေးတယ်။

တကယ်တော့ အသက် (၂၅) ကျော်ရင် အရပ်ထပ်ရှည်လာဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ ခွဲစိတ်တာတို့၊ ကြီးထွားဟော်မုန်းဆေးထိုးတာတို့ ဆိုတာတွေကလည်း အန္တရာယ်များပါတယ်။ ဒါပေမယ့်လည်း အောက်ပါနည်းလမ်းလေးတွေနဲ့ အရပ်ရှည်စေဖို့အတွက် ကြီးထွားဟော်မုန်းတွေ သဘာဝအတိုင်းပြန်ထွက်လာအောင် လုပ်လို့ရပါသေးတယ်။

၁။ အာဟာရပြည့်ဝအောင်စားပါ

healthy-fruit-salad-wallpaper.jpg 

အရပ်ရှည်စေဖို့အတွက် အာဟာရပြည့်ဝအောင်စားဖို့က အလွန်အရေးကြီးပါတယ်။ ခင်ဗျားရဲ့ခန္ဓာကိုယ်ကလည်း မျှတတဲ့ကြီးထွားဖွံ့ဖြိုးမှုကိုရရှိစေဖို့အတွက်အထောက်အကူပြုပေးနိုင်တဲ့ ဗိုက်တာမင်တွေ၊ သတ္ထုဓာတ်တွေ၊ အာဟာရဓာတ်တွေကိုစုပ်ယူနေပါတယ်။ ပုံမှန်လေးကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ကယ်လ်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ မဂ္ဂနီစီယမ်ကြွယ်ဝတဲ့အစားအသောက်တွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။

ပြောင်းလဲဆီတွေနဲ့ ပြည့်ဝဆီပါဝင်မှုများတဲ့အစားအသောက်တွေကတော့ ခန္ဓာကိုယ်ရဲ့အာဟာရစုပ်ယူမှုကို အနှောင့်အယှက်ပေးနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။ အကောင်းဆုံးကတော့ မုန်လာဥနီ၊ ကြက်ဥအနှစ်၊ အမဲသား၊ ငါး၊ အသဲ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အာလူး၊ ပဲအမျိုးမျိုး၊ ကြက်သား၊ သစ်သီးများ၊ နို့ထွက်ပစ္စည်းများ စတာတွေကိုစားသုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုအတွက် ကယ်လ်ဆီယမ်ရဲ့အရေးပါပုံကိုလည်း လျှော့တွက်ထားလို့မရပါဘူး။

ဒီအာဟာရဓာတ်ဟာ အရိုးနဲ့ကြွက်သားတစ်ရှူးတွေသန်မာစေဖို့အတွက်လည်း အရေးပါ ပါတယ်။ ဒါကြောင့် နေ့စဉ် ကယ်လ်ဆီယမ်လိုအပ်မှုကို ဖြည့်တင်းပေးဖို့အတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကိုစားသုံးပေးသင့်ပါတယ်။ နောက်ပြီးခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေ ကင်းစင်စေဖို့ တစ်နေ့ကိုရေ (၆) ခွက်ကနေ (၈) ခွက် သောက်ပေးတာလည်း လုပ်ပေးသင့်ပါတယ်။

၂။ နေရောင်ခြည်နဲ့များများထိတွေ့ပေးပါ

Beach-Sunbathing.jpg 

နေရောင်ခြည်ဟာ ဗိုက်တာမင်ဒီကြွယ်ဝစွာပါဝင်တဲ့ ရင်းမြစ်တစ်မျိုးပဲဖြစ်ပါတယ်။ ဗိုက်တာမင်ဒီဟာ အရိုးကြီးထွားဖွံ့ဖြိုးမှုကို အကျိုးသက်ရောက်စေနိုင်တဲ့အတွက် အရပ်ရှည်စေဖို့အတွက်လည်း ကောင်းစွာ အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့်နေရောင်ခြည်နဲ့များများထိတွေ့ပေးခြင်းက ခန္ဓာကိုယ်ကိုလိုအပ်တဲ့ ဗိုက်တာမင်ဒီ ပမာဏကိုရရှိစေပါတယ်။ ဒါကြောင့် မနက်စောစောပိုင်းနဲ့ညနေပိုင်းတွေမှာ နေပူစာလှုံခြင်းက အကျိုးရှိစေပါတယ်။ ဘာလိုု့လဲဆိုတော့ အဲဒီအချိန်တွေမှာ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းက အနိမ့်ဆုံးဖြစ်နေမှာပါပဲ။

၃။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးပါ

exercises-to-keep-you-healthy.jpg 

ခန္ဓာကိုယ်ကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးခြင်းက ကြီးထွားဖွံ့ဖြိုးမှုဖြစ်စေတဲ့ဆဲလ်တွေကို နှိုးဆွပေးပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက အရပ်ရှည်စေဖို့အတွက် မရှိမဖြစ် အရေးပါ ပါတယ်။ လေ့ကျင့်ခန်းလုပ်တာတွေအပြင် စက်ဘီးစီးတာတို့၊ ရေကူးတာတို့လို အားကစားတွေကလည်း အရပ်ရှည်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

၄။ ယောဂကစားပါ

LimberTree+Yoga.jpg 

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းအပြင် ယောဂကစားခြင်းက ခန္ဓာကိုယ်အနေအထားကိုထိန်းသိမ်းပေးနိုင်ရုံသာမက အရပ်မြင့်စေဖို့နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေဖို့ကိုုပါ အထောက်အကူပြုပေးနိုင်ပါတယ်။ နောက်ပြီး အမျိုးမျိုးသော ယောဂဟန်ပန်တွေက ခန္ဓာကိုယ်ကိုပုံစံအမျိုးမျိုးနဲ့ကွေးညွှတ်စေပြီး ကြီးထွားမှုဟော်မုန်းတွေကိုနှိုးဆော်ပေးပါတယ်။ အရပ်ရှည်စေဖို့အတွက် အကောင်းဆုံးယောဂဟန်ပန်တွေကတော့ "Tadasana ၊ Bhujanga နဲ့ Stretching" တို့ပဲဖြစ်ပါတယ်။

၅။ အချိန်မှန်မှန်အိပ်ပါ

woman-2197947_640.jpg 

အိပ်ချိန်မှန်ခြင်းနဲ့ အိပ်ရေးဝအောင်အိပ်ခြင်းက မရှိမဖြစ်အရေးပါ ပါတယ်။ ဘာလို့လဲဆိုတော့ အိပ်နေချိန်မှာ ကြီးထွားစေတဲ့ဟော်မုန်းတွေက သူတို့ရဲ့အလုပ်ဖြစ်တဲ့ အရိုးတွေကိုထူစေခြင်း၊ ရှည်လျားစေခြင်း စတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ကြလို့ပါပဲ။ နောက်ပြီးမှန်ကန်တဲ့အနေအထားနဲ့ အိပ်စက်ခြင်းကလည်း အရေးကြီးပါတယ်။ နေ့စဉ် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအသောက်တွေကိုစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင် အိပ်ချိန်မှာလည်း ကောင်းကောင်းအိပ်ပျော်နိုင်စေမှာပါ။ နောက်ပြီး အရပ်ရှည်လာစေဖို့အတွက်လည်း အထောက်အကူဖြစ်စေမှာပါ။

Source: Stylecraze

Share

Loading Next Article...
က္က