တစ်နေကုန်အလုပ်တွေပင်ပန်းထားပေမယ့် ညအိပ်ခါနီးကျမှ အိပ်မပျော်တာမျိုးက ဖြစ်တတ်ပါတယ်။


တစ်နေကုန်အလုပ်တွေပင်ပန်းထားပေမယ့် ညအိပ်ခါနီးကျမှ အိပ်မပျော်တာမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာအရေးကြီးမီတင်တွေကလည်း ရှိနေတော့ အိပ်ရေးပျက်လို့ကလည်း မရဘူး။ တကယ်တော့ အိပ်ရေးပျက်ရောဂါ (insomnia) က လူကိုတော်တော်ဒုက္ခပေးတာပါ။ ညဘက်နားချိန်ကလေးမှာ စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

၁။ အပူချိန်ကိုထိန်းညှိပါ

ပူလွန်းရင် အိပ်မပျော်နိုင်သလို အေးလွန်းရင်လည်း အိပ်လို့အဆင်မပြေပါဘူး။ ဒါကြောင့် အခန်းအပူချိန်ကို ခင်ဗျားအိပ်လို့ သက်တောင့်သက်တာရှိမယ့် အနေအထားမှာ ထိန်းညှိထားပေးလိုက်ပါ။ အဲလ်ကွန်း ဖွင့်မယ်ဆိုရင် မပူလွန်း၊ မအေးလွန်းတဲ့ အနေအထားမှာပဲထားပါ။ နောက်ပြီး ညအိပ်ခါနီးရင် essential oil တစ်မျိုးမျိုးကိုလိမ်းပေးတာဟာလည်း ပိုမိုလွယ်ကူစွာ အိပ်မောကျနိုင်အောင် ကူညီပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ နေ့လည်ဘက်မှာနေရောင်ကို လုံလောက်စွာရရှိအောင် ခံယူတာဟာလည်း ခန္ဓာကိုယ်ရဲ့ဇီဝနာရီကို မှန်ကန်စေပြီး လူကိုကောင်းကောင်းအိပ်ပျော်စေပါတယ်။

၂။ ညစာစားရင် သတိထားပါ

490314597_XS.jpg 

လေ့လာမှုတွေက ဖော်ပြထားတာကတော့ မဂ္ဂနီစီယမ်နဲ့ ဗိုက်တာမင် ဘီစစ်ကြွယ်ဝတဲ့အစားအသောက်တွေက အိပ်ရေးပျက်ရောဂါနဲ့ဆက်စပ်နေပြီး ပိုမိုလွယ်ကူစွာ အိပ်မောကျစေပါသတဲ့။ နောက်ပြီး အချိုများတဲ့အစားအသောက်တွေကို အိပ်ယာဝင်ခါနီးစားသုံးခြင်းကို ရှောင်ရှားသင့်ပြီး မီလာတိုနင် (melatonin) မြင့်တက်စေဖို့ ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကိုတော့ နည်းနည်းစားပေးသင့်ပါတယ်။

အားလုံးသိထားပြီးတဲ့အတိုင်း ကဖင်းဓာတ်ကတော့ ခင်ဗျားရဲ့မျက်လုံးတွေကို အိပ်ချင်စိတ်ကြောင့် မျက်ခွံတွေလေးလံလာခြင်းမှ ကာကွယ်ပေးထားမှာဖြစ်လိုု့ အိပ်ခါနီး ကော်ဖီမသောက်သင့်ပါဘူး။

၃။ စိတ်ကိုရှင်းလင်းထားပါ

သားရေး၊ သမီးရေး၊ မိသားစုရေးနဲ့ပူလောင်နေမယ်ဆိုရင်၊ ခေါင်းထဲမှာ တွေးစရာတွေများလွန်းနေမယ်ဆိုရင် အိပ်ရတာ အဆင်ပြေမယ်မထင်ပါဘူး။ ဒါကြောင့် အိပ်ခါနီး တရားထိုင်တာတို့၊ စိတ်ကိုငြိမ်းချမ်းစေမယ့် စာအုပ်လေးတွေဖတ်ပေးတာတို့က အိပ်ပျော်စေဖို့အထောက်အကူဖြစ်စေပါတယ်။

၄။ အိပ်ယာထဲကို လျှပ်စစ်ပစ္စည်းတွေယူမသွားပါနဲ့

941b6-21549834_-snaptitude-fotolia.com.jpg 

မိမိရဲ့အိပ်ခန်းထဲမှာ တီဗီတွေ၊ ကွန်ပျူတာတွေလို လျှပ်စစ်ပစ္စည်းတွေထားထားတာက အကြံကောင်းတစ်ခုတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ညဘက်မှာ လျှပ်စစ်ပစ္စည်းတွေက ထုတ်လွှင့်တဲ့ blue light လို့ခေါ်တဲ့အလင်းက မျက်စိအာရုံကြောတွေကို ထိခိုက်စေနိုင်ပြီး အိပ်ခါနီးမျက်စိကြောင်စေနိုင်ပါတယ်။ နောက်ပြီး ဒါတွေသာအိပ်ခန်းထဲရှိနေရင် အိပ်ခါနီးဖုန်းပွတ်နေမိတာနဲ့ အိပ်ချင်စိတ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။

၅။ မနက်ပိုင်းအချိန်မှာလေ့ကျင့်ခန်းလုပ်ပေးပါ

Running-Exercise-Sunrise.jpg

မိမိရဲ့တစ်နေ့တာလုပ်ဆောင်မှုတွေက အိပ်စက်ခြင်းကိုအကျိုးသက်ရောက်မှုရှိပါတယ်။ မနက်ပိုင်းအချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတစ်ခုဖြစ်သလို ညအိပ်ယာဝင်ချိန်မှာ အလွယ်တကူ အိပ်မောကျအောင်လည်း ကူညီပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ မနက်ခင်းလေပြည်လေညင်းလေးတွေရဲ့ကုထုံးက တစ်နေ့တာလုံး စိတ်ကိုကြည်လင်လန်းဆန်း စေရုံသာမက ညအိပ်ယာဝင်ချိန်မှာလည်း အထောက်အကူပြုနိုင်တာကို တွေ့ရှိရမှာပါ။

Share

Loading Next Article...
က္က