မိုးရာသီလို စိုထိုင်းဆများပြားတဲ့ရာသီမျိုးမှာ ဂရုမစိုက်ရင် ဦးရေပြားမှိုစွဲခြင်းလိုရောဂါမျိုးဖြစ်တတ်ပါတယ်။


မိုးရာသီလို စိုထိုင်းဆများပြားတဲ့ရာသီမျိုးမှာ ဂရုမစိုက်ရင် ဦးရေပြားမှိုစွဲခြင်းလိုရောဂါမျိုးဖြစ်တတ်ပါတယ်။ ဦးရေပြားမှိုစွဲရောဂါဆိုတာ ဖုန်မှုန့်တွေကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ အရေပြားဆဲလ်သေတွေ စုပုံလာမှုကြောင့်၊ နေရောင်ခြည်နဲ့အလွန်အမင်းထိတွေ့မှုကြောင့်၊ ကိုယ်ခံအားနည်းမှုကြောင့်၊ ဘက်တီးရီးယားကူးစက်မှုကြောင့် စတဲ့အကြောင်းပြချက်မျိုးစုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဦးရေပြားမှိုစွဲရောဂါအမျိုးမျိုးရှိပေမယ့် ringworm လို့ခေါ်တဲ့ရောဂါကတော့ အဖြစ်အများဆုံးပါပဲ။ သူ့ရဲ့လက္ခဏာတွေကတော့ ဦးရေပြားယားယံမယ်။ ဆံပင် (၂) ခွဖြစ်မယ်။ ဆံသားခြောက်သွေ့ကြမ်းတမ်းမယ်။ ဆံပင်ခဏခဏပြတ်ကျမယ်။ ဗောက်တွေထမယ်။ စတာတွေပဲဖြစ်ပါတယ်။

ဒါပေမယ့်စိတ်မပူပါနဲ့။ ဦးရေပြားမှိုစွဲရောဂါကို သဘာဝအတိုင်းကုသပေးနိုင်တဲ့ဆေးမြီးတိုလေးတွေ ရှိနေပါသေးတယ်။

၁။ ပန်းသီးရှာလကာရည်

Apple_cider_vinegar.jpg 

ပွဲတိုင်းကျော်မင်းသားကြီး ပန်းသီးရှာလကာရည်မှာ မိုက်ခရိုစကုပ်နဲ့မှမြင်နိုင်တဲ့ ပိုးမွှားလေးတွေကိုချေမှုန်းနိုင်တဲ့ အစွမ်းသတ္တိရယ်၊ အရေပြားယောင်ရမ်းခြင်းကိုကုသပေးနိုင်တဲ့အစွမ်းရယ်ပါဝင်တာကြောင့် ဦးရေပြားမှိုစွဲခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ နောက်ပြီး သူဟာ ဦးရေပြားပေါ်ကရေဓာတ်ပမာဏကိုလည်း ထိန်းညှိပေးတော့ မှိုတွေစားသုံးနိုင်တဲ့ ဦးရေပြားအဆီပြန်ခြင်းကိုလည်း ကင်းဝေးစေပါတယ်။

ပြုလုပ်နည်းကတော့ သံပုရာရည်နည်းနည်းရယ်၊ ရို့စ်မေရီအရွက်နည်းနည်းရယ်၊ ပန်းသီးရှာလကာရည်ရယ်၊ လက်ဖက်စိမ်းရည်ကိုရောသမမွှေလိုက်ပါ။ ပြီးရင်ရလာတဲ့အရည်ကို စပရေးဘူးတစ်ဘူးထဲ ထည့်ပြီး ဦးရေပြားပေါ်ကို ဖြန်းပေးပါ။ မိနစ် (၄၀) လောက်ထားပြီးရင် ပြန်ဆေးချပေးနိုင်ပါပြီ။ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ဦးရေပြားမှိုစွဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (အိမ်သုံး ပန်းသီးရှာလကာရည်လုပ်နည်း)

၂။ သံပုရာရည်

Lemon-Juice.jpg 

သံပုရာရည်ထဲမှာပါတဲ့ စစ်ထရစ်အက်ဆစ်ဟာ မှိုတိုုက်ဖျက်ရေးပစ္စည်းတစ်မျိုးအဖြစ်လုပ်ဆောင်ပေးနိုင်ပြီး ဦးရေပြားပေါ်က မှိုတွေကိုရှင်းလင်းပေးနိုင်ပါတယ်။ သူက ဦးရေပြားနဲ့ဆံပင်ကို ထိခိုက်စေတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့အကောင်တွေကိုလည်း တိုက်ခိုက်နှိမ်နင်းပေးပါသေးတယ်။ သံပုရာရည်ကို ပုံမှန်သုံးပေးမယ်ဆိုရင် ခင်ဗျားရဲ့ဆံပင်ကို သဘာဝအတိုင်းတောက်ပြောင်လှပစေပါသေးတယ်။

ပြုလုပ်နည်းကတော့ ကြက်သီးနွေးရုံလောက်ရေနွေးတစ်ခွက်ထဲကို သံပုရာရည်လတ်လတ်ဆတ်ဆတ် လက်ဖက်ရည်ဇွန်းနဲ့ (၄) ဇွန်းစာလောက်ထည့်လိုက်ပါ။ သမအောင်မွှေပြီးရင် ဦးရေပြားထဲထိ နှံ့စပ်အောင် လိမ်းပေးနိုင်ပါပြီ။ ဦးရေပြားပေါ်က ချွေးပေါက်လေးတွေပိတ်သွားစေဖို့အတွက် ရေအေးအေးလေးနဲ့လောင်းပြီးဆေးပေးလိုက်ပါဦး။ ဒီနည်းလမ်းအတိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင်လည်း ဦးရေပြားမှိုစွဲခြင်းကို ကာကွယ်ပေးနိုင်ပြီး ဆံပင်ကျွတ်ခြင်းဘေးမှလည်း ကင်းဝေးစေပါတယ်။

၃။ ကြက်ဆူဆီ

HHE-50132-5.jpg 

ကြက်ဆူဆီမှာလည်း မှိုရောဂါတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်နေတဲ့အတွက် ဦးရေပြားနဲ့ဆံပင်အခြေအနေကို ထိန်းသိမ်းပေးခြင်းဖြင့် ဦးရေပြားပေါ်က မှိုတွေကိုရှင်းလင်းပေးနိုင်ပါတယ်။

ုပြုလုပ်နည်းလေးကတော့ ဇလုံတစ်လုံးထဲကို ကြက်ဆူဆီနည်းနည်းလောင်းထည့်ပြီး ဂွမ်းစလေးတစ်ဖတ်နဲ့ ကြက်ဆူဆီထဲကိုနှစ်လိုက်ပါ။ ပြီးရင် အဲဒီကြက်ဆူဆီရွှဲနေတဲ့ဂွမ်းစလေးနဲ့ ဦးရေပြားပေါ်က ယားယံနေတဲ့နေရာတွေကို သုတ်လိမ်းပေးလိုက်ပါ။ ပြီးတာနဲ့ အဲဒီအတိုင်း နာရီအနည်းငယ်လောက်ကြာအောင် ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ပြန်ဆေးချပြီး အခြောက်ခံနိုင်ပါပြီ။ တစ်ပတ်ကို (၃) ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် ထူးခြားမှုကိုမြင်တွေ့ရမှာပါ။

၄။ သင်္ဘောသီး

img_2344_3.jpg

သင်္ဘောသီးမှာပါဝင်တဲ့ chitinase လို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးဟာ မှိုရောဂါတိုက်ဖျက်နိုင်တဲ့အင်ဇိုင်းဖြစ်ပြီး မှိုအလွှာတွေကိုတိုက်ခိုက်ပြီး ဦးရေပြားပေါ်ကဖယ်ရှားပေးပါတယ်။ ဒီဆေးမြီးတိုလေးကတော့ ဦးရေပြား မှိုရောဂါကိုရှင်းလင်းပေးရုံသာမက ဆံပင်ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ပြုလုပ်နည်းကတော့ သင်္ဘောသီး (၂) စိတ်၊ (၃) စိတ်လောက်ကိုယူပြီး သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်မှာသာသာလေးအုံထားပေးလိုက်ပါ။ (၁၅) မိနစ်၊ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ရေနဲ့ပြန်ဆေးချပေးနိုင်ပါပြီ။ ဒီပုံစံအတိုင်း တစ်ပတ်တစ်ကြိမ်လောက်ပုံမှန်လုပ်ပေးမယ်ဆိုရင်လည်း ဦးရေပြားမှိုစွဲခြင်းကို သက်သာစေပါတယ်။

Source: DIYremedies

Share

Loading Next Article...
က္က