တကယ်တမ်းကျတော့ အိပ်နေရင်းဟောက်တတ်ခြင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့မှတ်ဉာဏ်အားနည်းစေနိုင်ပါတယ်လို့ အာရုံကြောဆိုင်ရာလေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
 

အိပ်နေရင်း ဟောက်တတ်တာ ရောဂါအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် မိမိနဲ့တစ်ခန်းတည်းအတူအိပ်နေသူတွေကိုတော့ အနှောင့်အယှက်ပေးနိုင်တာအမှန်ပါပဲ။ အိပ်နေရင်းဟောက်တယ်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်ထဲက ပြန်ရှူထုတ်လိုက်တဲ့ လေတွေဟာ လမ်းကြောင်းပိတ်ဆို့မှု (သို့) ကျဉ်းမြောင်းမှုကြောင့် ဖြစ်လာရတာပါ။

တကယ်တမ်းကျတော့ အိပ်နေရင်းဟောက်တတ်ခြင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့မှတ်ဉာဏ်အားနည်းစေနိုင်ပါတယ်လို့ အာရုံကြောဆိုင်ရာလေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ဟောက်ခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်းဟာ ဆက်စပ်နေတော့ အိပ်နေရင်းအသက်ရှူလမ်းကြောင်း ပိတ်ဆို့တာတို့ဘာတို့လည်း ဖြစ်နိုင်ပါတယ်။ အိပ်နေရင်းဟောက်ခြင်းကို တားဆီးချင်ရင်တော့ အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ကိုယ်အလေးချိန်ကို စစ်ဆေးပါ

lose-weight-now.jpg 

ခင်ဗျားအိပ်မောကျသွားပြီဆိုတာနဲ့ လည်ပင်းကြွက်သားတွေက ဖြေလျော့သွားပါတယ်။ ပြီးရင် အသက်ရှူသွင်းရှူထုတ် လုပ်လိုက်တာနဲ့ လျော့တိလျော့ရဲဖြစ်နေတဲ့လည်ပင်းနံရံတွေက ပြန်လည်တုန်ခါလာပါတယ်။ ယေဘုယျအားဖြင့်တော့ ဝတဲ့သူတွေဟာ လည်ပင်းအဆီလည်းများပြီး အသက်ရှူလမ်းကြောင်းတလျှောက်မှာလည်း အဆီလေးတွေနဲ့ ပိတ်ဆို့နေတတ်ပါတယ်။ နောက်တစ်ခုက အိပ်ယာမဝင်ခင် (၃) နာရီလောက်အလိုမှာ အစာစားခြင်းနဲ့ အရက်သောက်ခြင်းကိုရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက လည်ပင်းတစ်ရှူးလေးတွေကို ပိုမိုလျော့တိလျော့ရဲ ဖြစ်စေနိုင်လို့ပါပဲ။

၂။ ဘေးတစောင်းအိပ်ပါ

sleep-1880x1254.jpg 

နယူးရော့ခ်မြို့က အိပ်စက်ခြင်းဆိုင်ရာအထူးကုဆရာဝန် ဒေါက်တာ မာသာကောတက်စ်ရဲ့အဆိုအရတော့ ဘေးတစောင်းအိပ်ခြင်းက ပက်လက်အိပ်ခြင်းထက်စာရင် အိပ်နေစဉ်ဟောက်ခြင်း ပိုမိုနည်းပါး စေပါတယ်တဲ့။ နောက်ပြီး ဘေးတစောင်းအိပ်ရင်း ဖက်လုံး (သို့) မိမိရဲ့အိမ်ထောင်ဖက်ကို ဖက်ထားခြင်းကလည်း ဟောက်ခြင်းကို သက်သာစေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်ခြင်းက ခင်ဗျားရဲ့ နောက်ကျောနဲ့ ဝမ်းဗိုက်ကို ထိန်းထားပေးလို့ပါပဲ လို့ သူမကဆိုပါတယ်။

၃။ နှာခေါင်းပေါက်တွေကို ရှင်းလင်းပါ

အိပ်ယာမဝင်ခင် နှာခေါင်းပေါက်ထဲမှာရှိနေနိုင်တဲ့ နှပ်ချေးတွေ၊ ပိတ်ဆို့နိုင်တဲ့အရာတွေကို ရှင်းလင်းခြင်းဟာ အိပ်စက်နေချိန် အသက်ရှူခြင်းအပေါ်မှာ ကြီးမားစွာအကျိုးသက်ရောက်နိုင်ပါတယ်တဲ့။ ညအိပ်ယာဝင်ခါနီး သွားတိုက်၊ မျက်နှာသစ်လုပ်ရင်း ရှင်းလင်းပေးနိုင်သလို အိပ်ယာမဝင်ခင် နှာခေါင်းကိုရှင်းလင်းပေးနိုင်တဲ့ ရှူဆေးဘူးလိုမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်။

၄။ သကြားမပါတဲ့ပီကေဝါးပေးပါ

chewing-gum.jpg 

ကျွန်တော်တို့တွေ အသက်အရွယ်ရလာတာနဲ့အမျှ လည်ချောင်းအတွင်းသားတစ်ရှူးတွေက ပိုမိုလျော့ရဲလာတတ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် အသက်ရှူလမ်းကြောင်းကျဉ်းမြောင်းသူတွေကို ဒေါက်တာကောတက်စ်ကတော့ သကြားမပါတဲ့ ပီကေကို တစ်ရက်ကို မိနစ် (၂၀) လောက်ပုံမှန်ဝါးပေးဖို့တိုက်တွန်းပါသတဲ့။ အဲဒီလိုဝါးပေးခြင်းဖြင့် ပါးစပ်၊ လျှာ၊ မေးရိုးနဲ့ မျက်နှာကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးတာနဲ့ တူညီပါတယ်တဲ့။

Source: goodhousekeeping

Share

Loading Next Article...
က္က