အက်စ်ပရင်လိုမျိုး အကိုက်အခဲပျောက်ဆေးတွေကိုလည်း မသောက်ချင်ဘူးဆိုရင် ဆေးဝါးအကူအညီမပါဘဲ ခေါင်းကိုက်ခြင်းကို ကုသလို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။
 

ဒီနှစ်မိုးတွင်းကြီးက မိုးကလည်းတစိစိနဲ့ရွာ။ အပြင်ခဏခဏထွက်ရတဲ့သူတွေဆို ခြေထောက်ရေစိုလို့ အအေးမိချင်သလိုဖြစ်ပြီး ခေါင်းကိုက်ခေါင်းခဲနေရပါတယ်။ တကယ်လို့ အက်စ်ပရင်လိုမျိုး အကိုက်အခဲပျောက်ဆေးတွေကိုလည်း မသောက်ချင်ဘူးဆိုရင် ဆေးဝါးအကူအညီမပါဘဲ ခေါင်းကိုက်ခြင်းကို ကုသလို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်။ အဲဒါတွေကတော့ အိမ်သုံးဆေးမြီးတို လေးတွေနဲ့ ခေါင်းကိုက်ခေါင်းခဲဝေဒနာကို ကုသတာပါပဲ။ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဖော်ပြပေးထား ပါတယ်နော်။

၁။ ရေ

ဒါလေးများလို့တော့မပြောလိုက်ပါနဲ့။ တချို့လူတွေက ရေသောက်ခြင်းရဲ့များပြားစုံလင်လှတဲ့အကျိုးအာနိသင်တွေကို အပြည့်အဝ မသိသေးပါဘူး။ ခေါင်းကိုက်တယ်ဆိုတာ တကယ်တော့ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် ဦးနှောက်ထဲကိုသွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှုလျော့နည်းသွားတယ်လို့ အဓိပ္ပယ်ရပါတယ်။

ဒါကြောင့် ခေါင်းကိုက်နေတယ်လို့ခံစားရာတာနဲ့ ရေအေးအေးလေးတစ်ခွက်လောက် (အရမ်းအေးစက်နေတဲ့ ရေခဲရေတော့မဟုတ်) သောက်ပေးလိုက်ပါ။ တကယ်လို့ ခင်ဗျားခေါင်းကိုက်ရခြင်းရဲ့အကြောင်းရင်းက ရေဓာတ်ခမ်းခြောက်နေလို့ဆိုရင် ရေသောက်ပေးခြင်းအားဖြင့် မိနစ်ပိုင်းအတွင်းသက်သာသွားမှာပါ။

၂။ လာဗင်ဒါဆီ

lavender-layouts-09a.jpg 

လာဗင်ဒါဆီရဲ့စိတ်ကိုကြည်လင်စေတဲ့ဂုဏ်သတ္တိတွေကိုတော့ လူသိများပြီးသားပါ။ ဒါပေမယ့် လာဗင်ဒါဆီကို ခေါင်းကိုက်ခြင်းဝေဒနာ သက်သာပျောက်ကင်းအောင် အသုံးချလို့ရတယ်ဆိုတာကိုကော သိပါသလား။ ရေနွေးတစ်ပန်းကန်ကိုယူပြီး လာဗင်ဒါဆီ အစက်နည်းနည်းချလိုက်ပါ။ ခေါင်းပေါ်မှာတဘက်အသေးတစ်ထည်ကိုတင်ထားလိုက်ပြီး ရေနွေးမျက်နှာပြင်နဲ့ တတ်နိုင်သမျှ နီးကပ်အောင် ကိုယ်ကို ကိုင်းညွတ်လိုက်ပါ။ ပြီးရင် လာဗင်ဒါနံ့တွေ ရောပြွမ်းနေတဲ့ရေနွေးငွေ့ကို ရှူသွင်းလိုက်ပါ။ သိသာတဲ့ပြောင်းလဲမှုကို ကြုံတွေ့ရမှာပါ။

၃။ ရို့စ်မေရီဆီ

ရို့စ်မေရီဆီဟာလည်း ခေါင်းကိုက်ခြင်းဝေဒနာကို ကုသရာမှာအလွန်အသုံးဝင်ပါတယ်။ ရို့စ်မေရီဆီနည်းနည်းကိုယူပြီး နားထင်ကို နှိပ်နယ်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့်လည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

၄။ လေးညှင်းပွင့်

Cloves2.jpg 

လေးညှင်းပွင့်တွေကိုလည်း စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းဝေဒနာတွေကို ကုစားရာမှာ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ လေးညှင်းပွင့် (၅) ပွင့် (၆) ပွင့်လောက်ကို ညင်သာစွာဖိခြေလိုက်ပြီး ရလာတဲ့ အစအနလေးတွေကို လက်ကိုင်ပုဝါသန့်သန့်လေးတစ်ထည်ထဲမှာ ထည့်ထားလိုက်ပါ။ ခေါင်းကိုက်ခြင်းဝေဒနာကနေ သက်သာစေဖို့အတွက် ကြိတ်ခြေထားတဲ့လေးညှင်းပွင့် ရနံ့ကို ရှူပေးလိုက်ပါ။

ဒုတိယနည်းလမ်းကတော့ လေးညှင်းပွင့်ဆီကို ပင်လယ်ဆားနဲ့ရောပြီး ငယ်ထိပ်နဲ့နဖူးမှာလိမ်းပေးလိုက်ပါ။ ပြီးရင် ညင်ညင်သာသာလေး နှိပ်နယ်ပေးလိုက်ပါ။ လေးညှင်းဆီမှာ အေးမြတဲ့သက်ရောက်မှုရှိပြီး ပင်လယ်ဆားကတော့ နှိပ်နယ်ခြင်းကို ပိုမိုစိမ့်ဝင်စေပါတယ်။

၅။ ဂျင်း

ဂျင်းကလည်း သွေးကြောရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ခေါင်းကိုက်ခြင်းဝေဒနာကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ဂျင်းတက် တစ်လက်မအရွယ်လောက်ကို ပါးပါးလှီးပြီး လက်ဖက်ရည်တစ်ခွက်ထဲ ထည့်စိမ်လိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင်ထားပြီးမှ သောက်ပေးလိုက်ပါ။

အရသာပိုမိုကောင်းမွန်စေချင်ရင် သကြား (သို့) နို့နည်းနည်းထည့်ချင်ထည့်နိုင်ပါသေးတယ်။ ရရှိလာတဲ့ ဂျင်းလက်ဖက်ရည်က အက်စ်ပရင်သောက်တာထက် ပိုမိုလျင်မြန်စွာခေါင်းကိုက်ခြင်းဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၆။ သစ်ကြံပိုးခေါက်မှုန့်

cinnamon.jpg 

သစ်ကြံပိုးခေါက်မှုန့်က ခေါင်းကိုက်ခြင်းဝေဒနာကိုသက်သာစေဖို့ အကူအညီပေးနိုင်ပါတယ်။ အထူးသဖြင့် အအေးမိခြင်းကြောင့် ဖြစ်တဲ့ခေါင်းကိုက်ဝေဒနာတွေကိုပေါ့။

သစ်ကြံပိုးခေါက်မှုန့်ကို ခေါင်းကိုက်ပျောက်ဖို့ အကောင်းဆုံးဘယ်လိုအသုံးပြုနိုင်မလဲဆိုတော့ သစ်ကြံပိုးခေါက်မှုန့်နည်းနည်းကို ရေနည်းနည်းနဲ့ရောပြီး အနှစ်လေးရအောင်လုပ်လိုက်ပါ။ ပြီးရင်ရလာတဲ့အနှစ်ကို နဖူးပေါ်မှာကပ်ထားပြီး (၁၀) မိနစ်ကနေ (၁၅) မိနစ်လောက်ထိ ထားလိုက်ပါ။ ခေါင်းကိုက်ဝေဒနာမကြာခင် သက်သာသွားမှာပါ။

၇။ ပန်းသီး

2014-09-apple.jpg 

အံ့သြမသွားပါနဲ့ဦး။ ပန်းသီးစားခြင်းကလည်း ခေါင်းကိုက်ခြင်းကိုလျော့ပါးသက်သာစေပါတယ်။ ပန်းသီးတွေမှာ ခန္ဓာကိုယ်ထဲက alkaline နဲ့ acid ပမာဏကိုထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်တဲ့အတွက် ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဒါကြောင့်ခေါင်းကိုက်ပြီဆိုတာနဲ့ ပန်းသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံမချွတ်ဘဲ ဒီတိုင်းဝါးစားလိုက်ပါ။

Source: Wikihow

Share

Loading Next Article...
က္က