ကာကွယ်ဆေးကြိုထိုးထားလို့လည်းရတယ်။

ခုချိန်က အအေးမိတုပ်ကွေး အရမ်းကိုဖြစ်နေကြတာ တွေ့ရပါတယ်။ ဆေးရုံဆေးခန်းတွေမှာဆိုရင်လည်း တုပ်ကွေးမိသူတွေ အများကြီး။ ဒီလိုအချိန်မျိုးမှာ ကိုယ်ခံအားကောင်းနေအောင် ဂရုစိုက်နေဖို့လည်း လိုအပ်သလို အအေးမိတုပ်ကွေးမကူးအောင်လည်း ဒီလိုလေးတွေ နေလိုက်ပါဦး။

 

၁။ ရေနွေးငွေ့စက်ဖွင့်ထားပါ

တုပ်ကွေးပိုးဟာ ခြောက်သွေ့တဲ့လေထုထဲမှာ ရှင်သန်နေထိုင်ပါတယ်။ အခန်းထဲမှာ ရေနွေးငွေ့စက် (Humidifier) ဖွင့်ထားသင့်ပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားမှု

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်သူတွေဟာ မလုပ်သူတွေနဲ့ယှဉ်ရင် အအေးမိရောဂါဖြစ်နိုင်ခြေ ပိုနည်းပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်နေတော့ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေလည်း မှန်ကန်နေတာပေါ့။

dining.jpg 

၃။ အစားအသောက်

ကျန်းမာရေးအတွက် ကောင်းမွန်စေမယ့် အစားအသောက်တွေကိုစားပါ။ ခုလိုရာသီမျိုးမှာ အမှည့်လွန်သစ်သီးတွေ၊ အချဉ်တွေလည်း မစားသင့်ဘူး။ ဝမ်းလျှောနိုင်တယ်။ အာဟာရပြည့်ဝမယ့် အစားအစာတွေကို စားပေးမှ ခန္ဓာကိုယ်က ခွန်အားပြည့်ဝနေမှာဖြစ်တယ်။

၄။ အိပ်ရေးဝပါစေ

အိပ်ရေးဝဝအိပ်ပါ။ စောစောအိပ်၊ စောစောထတာ အကောင်းဆုံးနည်းဖြစ်ပါတယ်။ အိပ်ရေးပျက်တာများလွန်းရင် ခန္ဓာကိုယ်က အားမရှိတော့ဘူး။ ကိုယ်ခံအားနည်းနေချိန်မှာ အအေးမိတုပ်ကွေးပိုး အလွယ်တကူ ဝင်ရောက်နိုင်တယ်။

 

၅။ တစ်ကိုယ်ရည်သန့်ရှင်းမှု

လက်ကို သန့်ရှင်းအောင်ထားပါ။ လက်ဆေးတတ်တဲ့အကျင့်လေး ရှိနေပါစေ။ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိနေတဲ့အခါ ရောဂါပိုးမွှားတွေ အလွယ်တကူ မကပ်ငြိနိုင်ပါဘူး။

Source : Health

Share

Loading Next Article...
က္က