ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပြင်ပကို သန့်ရှင်းနေစေဖို့ ဆပ်ပြာတိုက်၊ ရေချိုးပေးဖို့လိုသလိုပဲ ခန္ဓာကိုယ်တွင်းမှာအညစ်အကြေးတွေ သန့်စင်နေစေဖို့ detox water သောက်ပေးဖို့လိုအပ်ပါတယ်။
 

Detox water (Detoxifying water) ဆိုတာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို သဘာဝသစ်သီးတွေနဲ့ သန့်စင်ပေးတဲ့ ရေတစ်မျိုးကိုခေါ်တာပါ။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပြင်ပကို သန့်ရှင်းနေစေဖို့ ဆပ်ပြာတိုက်၊ ရေချိုးပေးဖို့လိုသလိုပဲ ခန္ဓာကိုယ်တွင်းမှာအညစ်အကြေးတွေ သန့်စင်နေစေဖို့ detox water သောက်ပေးဖို့လိုအပ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေ ခန္ဓာကိုယ်ပေါ်မှာဖြစ်နေပြီဆိုရင်တော့ detox water အမြန်သောက်ပေးသင့်ပြီဆိုတာကို ဖော်ပြနေတာပါပဲ။

သင်ဖတ်ရှုသင့်တဲ့အကြောင်းအရာ (အဆီကျလှပစေမယ့် Detox water သောက်ကြမယ်)

၁။ အမြဲလိုလိုမောပန်းနေခြင်း

Sick-man.jpg 

အမြဲလိုလိုမောပန်းနေတယ်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေ များနေတဲ့လက္ခဏာပါပဲ။ မနက်ခင်းအိပ်ယာထပြီဆိုရင်လည်း အိပ်ရေးဝအောင်ဘယ်လောက်ပဲအိပ်ထား၊ အိပ်ထား ကြက်ကြီးလည်လိမ်ထားသလို မအီမသာနဲ့နိုးထလာရပြီဆိုရင်၊ နောက် တနေ့တာလုံးကိုလည်း မောပန်းနွမ်းနယ်မှုတွေနဲ့ ဖြတ်သန်းနေရပြီဆိုရင် ဒါဟာမကောင်းတဲ့လက္ခဏာပါပဲ။

၂။ ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဝမ်းချုပ်တယ်ဆိုတာ ခင်ဗျားရဲ့အစာခြေစနစ် တစ်ခုခုမှားယွင်းနေတာကို ဖော်ပြနေတာပါပဲ။ အမျှင်ဓာတ် ပါဝင်မှုများပြားတဲ့အစားအစာတွေကို စားသုံးတာနဲ့ နေ့စဉ်အစားအသောက်ကို ပြောင်းလဲခြင်းက အလုပ်ရှုပ်တယ်ဆိုရင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးခြင်းက အဖြေဖြစ်လာနိုင်ပါတယ်။

၃။ စိတ်ဓာတ်ကျသလိုခံစားရခြင်း

depressed-girl.jpg 

ကိုယ်နဲ့စိတ်ဟာ တကယ်တမ်းတော့ ဆက်စပ်နေပါတယ်။ ကိုယ်မကျန်းမာရင် စိတ်ကလည်းချမ်းသာနိုင်မှာမဟုတ်ပါဘူး။ အရည်အသွေးနိမ့်တဲ့ အစားအစာတွေကိုစားသောက်တဲ့အခါ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေများလာပြီး ခင်ဗျားရဲ့စိတ်ပိုင်းဆိုင်ရာအတက်အကျကိုပါ သွားသက်ရောက်စေမှာပါ။ ဒါကြောင့် စိတ်ဓာတ်ကျသလို ခံစားနေရရင် detox လေးတစ်ခွက်လောက် သောက်သင့်ပါပြီ။

၄။ အာရုံစိုက်လို့မရခြင်း

ဝမ်းချုပ်ခြင်းလိုပါပဲ... အာရုံစူးစိုက်ရခက်ခဲခြင်းဟာ ကိုယ်တွင်းမှာအဆိပ်အတောက်တွေများပြားနေမှုနဲ့ သက်ဆိုင်နေနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရင်း အာရုံစိုက်မရတော့ဘူးဆိုရင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့လိုအပ်နေပြီလို့ သိနိုင်ပါတယ်။

၅။ ကိုယ်အလေးချိန်များပြားခြင်း

Endomorph.jpg 

လေ့ကျင့်ခန်းတွေလုပ်တယ်။ ဘယ်လီတွေရိုက်တယ်။ ထပြေးတယ်။ ကယ်လိုရီတွေလျော့ဖို့ အစားလျှော့စားရတယ်။ ခက်ခက်ခဲခဲကြိုးစားမှ ဝိတ်ကျတော့ မဆိုစလောက်ပါပဲ။ ဒါဆိုရင်တော့ detox water သောက်သင့်ပါပြီ။ Detox water တစ်ခွက်က ခင်ဗျားခန္ဓာကိုယ်ထဲက အဆီပိုတွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

၆။ အိပ်မရခြင်း

တစ်ခါတလေမှာ တစ်နေကုန်ပင်ပန်းထားလို့ အိပ်ချင်နေပြီ။ ဒါပေမယ့် မျက်စိကကြောင်နေတာမျိုးတွေရှိတတ်ပါတယ်။ တစ်ယောက်ယောက်ချစ်မိနေလို့ သူ့အကြောင်းတွေးမိပြီး အိပ်မပျော်တာမဟုတ်ရင် ခင်ဗျားအိပ်မပျော်ရခြင်းရဲ့တရားခံကတော့ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေများနေလို့ပါပဲ။ Detox တစ်ခွက်လောက်လုပ်သောက်သင့်ပါပြီ။

၇။ ခေါင်းမကြာခဏကိုက်ခြင်း

ခေါင်းတွေ မကြာမကြာကိုက်တယ်။ တခြားအကြောင်းပြချက်ကြောင့်လည်းမဟုတ်ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ တစ်ခုခုဖြစ်နေတာကို ဖော်ပြတဲ့လက္ခဏာတစ်ခုပါပဲ။ ခေါင်းကိုက်ခြင်းဆိုတာ အောက်ဆီဂျင်မလုံလောက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သွေးကြောထဲမှာ အဆိပ်အတောက်တွေများနေရင် သွေးတွေက ဦးနှောက်ဆီ အောက်ဆီဂျင်တွေကို လုံလောက်အောင်မပို့ဆောင်နိုင်တော့ပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့ သွေးထဲမှ အဆိပ်အတောက်တွေကို ရှင်းပေးမှဖြစ်ပါတော့မယ်။

၈။ အရေပြားဓာတ်မတည့်ခြင်းတွေ

naural-itch-relief.jpg 

အရေပြားပေါ်မှာ အနီကွက်ထနေတာတွေ၊ ယားယံနေတာတွေက ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အဆိပ်အတောက်တွေဟာ သွေးထဲကတဆင့် အရေပြားအပေါ် သက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့သွားမပြခင် detox water လေးသောက်ကြည့်ပါဦး။

Source: Youngisthan

Share

Loading Next Article...
က္က