အစားလည်းလျှော့၊ လေ့ကျင့်ခန်းလေးလည်းလုပ်။

healthy-snacks-weightloss.jpg 

၁။ အစားရှောင်ခြင်း

လူတိုင်းမှာ အကြိုက်ဆုံးအစားအစာလေးတွေ ကိုယ်စီ ရှိတတ်ကြတယ်။ ကိုယ်အကြိုက်ဆုံးအစားအစာက ကိုယ့်ကိုဝစေနိုင်လို့ လုံးဝဖြတ်တော့မယ်ဆိုပြီး မလုပ်လိုက်ပါနဲ့။ စိတ်က မထိန်းနိုင်တော့တဲ့အခါ ပိုပြီးတော့ အားပါးတရ စားမိသွားနိုင်တယ်။ ဖြတ်ချင်ရင် ဖြည်းဖြည်းချင်းလျှော့စားသွားတဲ့နည်းကိုသုံးရမယ်။

၂။ အိပ်ရေးမဝခြင်း

အိပ်လွန်းလို့များ ဝနေတာလားလို့ သံသယပွားပြီး အိပ်ချိန်တွေလည်း လျှော့မနေနဲ့ဦး။ အိပ်ရေးဝမှ အစားစားချင်စိတ်နည်းမှာ။ အိပ်ရေးမဝရင် ခန္ဓာကိုယ်က အစားကိုပိုတောင့်တတယ်။

1460228444_kakim-dolzhen-byt-pravilnyy-zavtrak.jpg 

၃။ ကျန်းမာရေးနဲ့မညီတဲ့ဝိတ်ချခြင်း

ဝိတ်ချတယ်ဆိုတာ အချိန်ယူပြီး ဖြည်းဖြည်းချင်းချရတယ်။ အစားလည်းလျှော့၊ လေ့ကျင့်ခန်းလေးလည်းလုပ်။ ဒါမှ အကောင်းဆုံး ဝိတ်ချနည်းဖြစ်တယ်။ မင်္ဂလာဆောင်က တစ်ပတ်ပဲလိုတော့မှ ဘာမှမစားဘဲ အရည်တွေပဲသောက်ပဲ အနီးကပ်ဝိတ်ချလို့မရဘူး။ ဝိတ်ကျနိုင်ခြေထက် အစာအိမ်ထိခိုက်နိုင်ခြေပိုများလို့ပဲ။

၄။ အသောက်ပွဲတော်

လူငယ်သဘာဝ သောက်ကြစားကြတဲ့အခါ အသောက်နောက်မှာ အစားလေးလည်း ပါလာပြီ။ မူးနေတဲ့အချိန်မှာ လူက ပိုစားမိတတ်တယ်။ ဆာလို့မဟုတ်ဘဲနဲ့ စားနေမိတာ။

girl_photo_small.jpg

၅။ လုံးဝမစားဘဲနေတာ

ရုတ်တရက်ဆိုသလို ညစာကို ဖြတ်လိုက်မယ်။ ဒါမှမဟုတ် တစ်နေ့တစ်နပ်ပဲ စားတော့မယ်ဆိုတဲ့စိတ်ကူးကို မေ့လိုက်ပါ။ ပြီးတော့ မနက်စာ၊ နေ့လယ်စာကို မစားဘဲမနေသင့်ဘူး။ စားနေကျအချိန်မှာ စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အဆီနဲ့ကယ်လိုရီနည်းတာကိုတော့ ပြောင်းစားရမှာပေါ့။

Source : Women Health Mag

Share

Loading Next Article...
က္က