ပါးစပ်ထဲက စားကြွင်းစားကျန်တွေကို သန့်ရှင်းဖို့ရာမှာ အလုံခြုံဆုံးနည်းလမ်းကတော့ သွားတိုက်ခြင်းပဲ ဖြစ်ပါတယ်။
 

သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ရှိနေတဲ့အခါ သွားကြားထိုးတံ သုံးပြီး ရှင်းပစ်တတ်ကြပါတယ်။ ဒီလို သွားကြားထိုးတဲ့ ဖြစ်စဉ်ဟာ ဘာမှအန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် သူ့နောက်မှာ ဆိုးကျိုးတွေ ရှိနေပါတယ်။ ပါးစပ်ထဲက စားကြွင်းစားကျန်တွေကို သန့်ရှင်းဖို့ရာမှာ အလုံခြုံဆုံးနည်းလမ်းကတော့ သွားတိုက်ခြင်းပဲ ဖြစ်ပါတယ်။ သွားကြားထိုးတံအသုံးပြုမှုကို မကြာခဏပြုလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘဲ အောက်ပါလက္ခဏာတွေ ဖြစ်ပွားလာမှာပါ။

၁ - သွားတွေပွန်းပဲ့တယ်

သွားကြားထိုးတံအသုံးပြုတဲ့အခါ သွားတွေကို  ဖြည်းဖြည်းခြင်း တိုက်စားသလိုဖြစ်လာပါတယ်။ ဒီလိုပွန်းပဲ့တိုက်စားမှုဟာ ဆိုးဝါးလာပြီး သွားမှာ အပေါက်လေးတွေဖြစ်ရာကနေ အခေါင်းပေါက်ဖြစ်ပွားတဲ့ထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် အခေါင်းပေါက်ဖြစ်နေတဲ့အထဲကို သွားကြားထိုးတံကို အားနဲ့ထိုးတာမျိုးဟာ အဆိုးရွားဆုံးပါပဲ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -ကိုယ်တွင်းမှာအဆိပ်အတောက်တွေ များနေကြောင်းသိနိုင်တဲ့ အချက် (၈) ချက် )

 

၂ - သွားဖုံးနာ

သွားကြားထိုးတံကြောင့် သွားဖုံးသွေးယိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာတော့ သွားဖုံးရောင်တာနဲ့ အခြားသွားဖုံးဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။

၃ - သွားတွေ မခိုင်တော့ဘူး

သွားတွေရဲ့သိပ်သည်းဆဟာလည်း သွားကြားထိုးတံကို မကြာခဏအသုံးပြုတဲ့အခါ လျော့ကျလာပါတယ်။ သွားကြားထိုးတံနဲ့ ထိုးခံရတဲ့ သွားတွေရဲ့ အနေအထားတွေဟာ ပြောင်းလဲလာပြီး ခိုင်မာခြင်း မရှိတော့တာ ဖြစ်ပါတယ်။

 

၄ - ကြွေလွှာ

သွားရဲ့ ကြွေလွှာတွေဟာလည်း ပျက်ဆီးနိုင်တာ ဖြစ်ပါတယ်။ သွားကြားထိုးတံအသုံးပြုပြီး စားကြွင်းစားကျန်တွေကို ဖယ်တဲ့အခါ သွားရဲ့ ကြွေလွှာတွေကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ အေးစက်တဲ့အရာတွေနဲ့ သွားဟာ မထိတွေ့နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

Photos & Source: Articles Of Health

Share

Loading Next Article...
က္က