လူက ကျန်းမာပေမဲ့ စိတ်ကချူချာတော့ အားမရှိသလိုပဲ

စိတ်ဖိစီးမှုတွေများတဲ့ ကမ္ဘာကြီးမှာ စိတ်ညစ်စရာတွေက မကြာခဏ ကြုံနေရာကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာတော့တာပဲ။ ဘာတွေဘယ်လိုဖြစ်နေမှန်းကို မသိတော့လောက်အောင် စိတ်ဖိစီးနေတာ။ ညဆိုလည်း တော်တော်နဲ့အိပ်မပျော်သလို မနက်အိပ်ရာနိုးကတည်းက ပျော်စရာတစ်ခုမှမရှိသလို ခံစားနေရတယ်။ အလုပ်ထဲမှာ၊ ပတ်ဝန်းကျင်မှာ အမှားတွေချည်း လုပ်နေမိပြီဆိုရင် ကိုယ့်ရဲ့စိတ်ဖိစီးမှုအခြေအနေက ဆိုးရွားနေလို့ပါပဲ။ အားလုံးကို ရပ်လိုက်ပြီး စိတ်ရောကိုယ်ပါ အနားယူလိုက်ဖို့ လိုနေပါပြီ။ အခုပြောပြမယ့်အရာတွေအားလုံး ဖြစ်နေပြီလား။

 

၁။ အိပ်မပျော်ဘူး

စိတ်ဖိစီးမှု၊ ပူပန်သောကတွေက အိပ်ပျော်ဖို့ ခက်ခဲစေတယ်။ ဦးနှောက်ထဲမှာ အတွေးတွေနဲ့ ရှုပ်ထွေးလွန်းတဲ့အခါ စိတ်အေးလက်အေး အိပ်ပျော်ဖို့ ခက်ခဲပါတယ်။

၂။ အမြဲတမ်းနေမကောင်းဘူး

လွယ်လွယ်ကူကူနဲ့ ဖျားနာတယ်။ အအေးမိ၊ ကိုယ်ပူ စတဲ့ ဗိုင်းရပ်စ်တွေ ကူးစက်လွယ်လာတယ်။ စိတ်ဖိစီးမှုဟာ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း အားနည်းစေတာကြောင့် အလွယ်တကူ နာဖျားလွယ်နေတာပါ။ ပြီးတော့ အဖျားပျောက်ဖို့လည်း ကြာတတ်ပါတယ်။

 

၃။ မောပန်းနုံးချိတယ်

တစ်နေ့ကို ၈ နာရီ လုံလုံလောက်လောက်အိပ်ခဲ့ပေမဲ့ အိပ်ရေးမဝသလို ခံစားနေရတယ်။ မောပန်းနုံးချိနေတာပဲ။ ဘာကြောင့်လဲဆိုရင် စိတ်ဖိစီးမှုကိုပဲ လက်ညှိုးထိုးရမယ်။ စိတ်ထောင်းကိုယ်ကြေဆိုတာမျိုး ဖြစ်နေတာပါ။ လူက ကျန်းမာပေမဲ့ စိတ်ကချူချာတော့ အားမရှိသလိုပဲ ခံစားနေရတယ်လေ။

၄။ ကြွက်သားနာကျင်တောင့်တင်းမှု

နေ့တိုင်းလိုလို အနှိပ်ခံချင်နေမိတယ်။ ဘာမှမလုပ်ရသေးဘဲနဲ့ကို ကြွက်သားတွေ တောင့်တင်းနာကျင်နေတာပါ။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ကြွက်သားတွေနဲ့ အာရုံကြောတွေကို သက်ရောက်မှုဖြစ်တာကြောင့် တောင့်တင်းနာကျင်မှုကို ခံစားရပါတယ်။

o-TEEN-STRESS-facebook.jpg 

၅။ ခဏခဏခေါင်းကိုက်တယ်

အပေါ်မှာ ရေးသားထားတဲ့ သက်ရောက်မှုတွေအပြင် မကြာခဏဆိုသလို ခေါင်းကိုက်နေတာကိုပါ ခံစားနေရတယ်ဆိုရင်တော့ သင့်ရဲ့စိတ်ဖိစီးမှုက အတော်ဆိုးနေပါပြီ။ ခေါင်းကိုက်တာက နာရီဝက်လောက်လည်း ကြာတတ်သလို ရက်ဆက်ကိုက်တာလည်း ဖြစ်တတ်ပါတယ်။ နဖူးတစ်ဝိုက်မှာ ဖိအားသက်ရောက်မှု ခံစားနေရတာ၊ ဦးခေါင်းနောက်ပိုင်းက ကိုက်ခဲတာ စသဖြင့် ခံစားရတယ်ဆိုရင်တော့ အနားယူလိုက်ဖို့ပဲ ရှိပါတော့တယ်။

Source : Instyle

Share

Loading Next Article...
က္က