ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။
 

ကြက်ဟင်းခါးသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးရှိကြောင်း ရေးသားထားတဲ့ ဆောင်းပါးအမြောက်အများရှိပါတယ်။ အရေပြားကျန်းမာရေးအတွက်ပါ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။အထူးသဖြင့် အခါးဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေဟာ အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးဟာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အောက်ပါ အရေပြားပြဿနာတွေကို ကာကွယ်ပေးပါတယ်။

၁ - ယားယံခြင်း

ယားယံခြင်းဖြစ်ပွားရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။ နနွင်း၊ ကြက်ဟင်းခါးသီးအနှစ်နဲ့ ရှာစောင်းလက်ပတ် အနှစ်တွေကို ရောပြီး ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်ပေးရပါတယ်။ မိနစ် ၂၀ ခန့်ကြာပြီးသွားရင်တော့ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

 

၂ - ဆဲလ်သေတွေကို ဖယ်ရှားပေး

ကြက်ဟင်းခါးသီးအနှစ်ဟာ ချွေးပေါက်တွေအတွင်းက အညစ်အကြေးတွေနဲ့အရေပြားက ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးအနှစ်ကို အရေပြားမှာ လိမ်းပေးရမှာဖြစ်ပါတယ်။ လိမ်းတဲ့အခါမှာလည်း အနည်းငယ်နှိပ်နယ်ပေးပြီး ရေသန့်သန့်နဲ့ ပြန်ဆေးပေးရမှာဖြစ်ပါတယ်။

၃ - ဝက်ခြံ

ရောင်နေတဲ့ ဝက်ခြံတွေကို ကုသရာမှာလည်း ကူညီပေးပါတယ်။ ကြက်ဟင်းခါးသီး အနှစ်ကို ဒိန်ချဉ်အနည်းငယ်နဲ့ ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခဏထားပြီး ဆေးပစ်ရမှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ကျန်းမာဖို့ ဝိတ်ချမယ်ဆို လက်လွှတ်ရမယ့်အကျင့်လေးတွေ )

 

၄ - အနီကွက်ထခြင်း

ကြက်ဟင်းခါးသီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အမျှင်ဓာတ်တွေနဲ့ ပရိုတိန်းပမာဏ အမြောက်အများ ပါဝင်ပါတယ်။ အရေပြားမှာ ဖြစ်ပွားတဲ့ အနီကွက်တွေကို သက်သာစေပါတယ်။ ကြက်ဟင်းခါးသီးအနှစ်ကို ဖြစ်ပွားရာ မျက်နှာပြင်မှာလိမ်းပြီး ခဏထားကာ ဆေးချရမှာ ဖြစ်ပါတယ်။

၅ - ယားယံခြင်း

ယားယံတာတွေကိုလည်း ကြက်ဟင်းခါးသီးနဲ့ ကုသပေးလို့ရပါတယ်။ကြက်ဟင်းခါးသီးအနှစ်ကို လိမ်းကြံပေးရုံပဲ ဖြစ်ပါတယ်။

Photos & Source: Articles Of Health

Share

Loading Next Article...
က္က