ခေါင်းကိုက်ခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ခန္ဓာကိုယ်ကတုံ့ပြန်တဲ့အနေနဲ့ အချက်ပြတာဖြစ်ပါတယ်။


ကျွန်တော်တို့ကို ခေါင်းကိုက်စေတဲ့အရာတွေအများကြီးရှိပါတယ်။ အလုပ်ပြီးအောင်လုပ်ပေးရမယ့်အချိန် (deadline) တွေ၊ အငြင်းအခုန်တွေ၊ အလကားနေ လိုက်ကျစ်နေတတ်တဲ့ သူဌေးတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ စသဖြင့်ပေါ့။ ယေဘုယျအားဖြင့် ပြောရရင်တော့ ခေါင်းကိုက်ခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ခန္ဓာကိုယ်ကတုံ့ပြန်တဲ့အနေနဲ့ အချက်ပြတာဖြစ်ပါတယ်။

အဲဒီဖိစီးမှုတွေဟာ ခေါင်းနဲ့လည်ပင်း ကြွက်သားတွေကို လျော့တိလျော့ရဲဖြစ်စေပြီး ခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။ ဒါမှမဟုတ် ၎င်းဟာ သွေးကြောတွေကိုကျဉ်းလိုက်၊ ကျယ်လိုက်ဖြစ်စေပြီး ခေါင်းကိုက်ရောဂါကိုဖြစ်စေပါတယ်။ များသောအားဖြင့် အဲဒီလိုခေါင်းကိုက်ခြင်းတွေက ခဏတာပဲဖြစ်ပြီး အိမ်မှာရှိတဲ့ ဆေးဝါးလေးတွေ၊ တိုင်းရင်းဆေးလေးတွေနဲ့ပဲ ဖြေရှင်းလို့ရပါတယ်။

၁။ ရို့စ်မေရီ essential oil သုံးပါ

Rosemary-Essential-Oil.jpg 

ခေါင်းကိုက်ခြင်းဝေဒနာ သက်သာစေဖို့ ရို့စ်မေရီ (rosemary) essential oil တစ်စက် နှစ်စက်လောက်ကို နားထင်နဲ့ ငယ်ထိပ်ကို သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင်အရေပြားထဲကို စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ မိနစ်အနည်းငယ်ကြာအောင် ငြိမ်ငြိမ်လေးထိုင်နေပေးလိုက်ပါ။

၂၀၁၀ တုံးကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ သုတေသီတွေက ရို့စ်မေရီဆီမှာ carvacrol လို့ခေါ်တဲ့ အရာဝတ္ထုတစ်ခုပါဝင်ပြီး COX-II ပိတ်ပင်တားဆီးပေးတဲ့အရာတစ်မျိုးအဖြစ်လည်း လုပ်ဆောင်ပေးတယ်လို့ဆိုပါတယ်။ ဒါဟာခေါင်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၂။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားပါ

roasted-pumpkin-seeds-horiz-a-1500.jpg 

ဆေးဝါးသုတေသီတွေကတော့ ခေါင်းကိုက်ရောဂါဝေဒနာရှင်တွေဟာ ဒီသတ္ထုဓာတ် supplement ကို ဆေးသေတ္တာထဲမှာ ဆောင်ထားသင့်တယ်လို့ဆိုပါတယ်။ သူတို့ရဲ့လေ့လာမှုတွေအရတော့ ခေါင်းကိုက် ဝေဒနာရှင်တွေဟာ ခေါင်းကိုက်နေချိန်မှာ ဦးနှောက်ထဲမှာ မဂ္ဂနီဆီယမ်ပါဝင်မှုလျော့နည်းနေတတ်ပြီး မဂ္ဂနီဆီယမ်အားနည်းတဲ့ရောဂါလည်း ရှိနေတတ်ပါတယ်။ ဒါကြောင့် မဂ္ဂနီဆီယမ် supplement ဆေးတောင့်လေးတွေဟာ ခေါင်းကိုက်ဝေဒနာကိုရပ်တန့်စေနိုင်တဲ့ အရာတစ်မျိုးပဲဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ လူတစ်ယောက်မှာတစ်နေ့ကို မဂ္ဂနီဆီယမ် (၄၀၀) မီလီဂရမ်လောက် စားသုံးပေးဖို့ အကြံပြုထားပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ရွှေဖရုံစေ့တို့၊ သဖန်းသီးခြောက်တို့၊ ချောကလက်မဲတို့ကိုလည်း အစားထိုးမှီဝဲ ပေးနိုင်ပါတယ်။

၃။ ဗိုက်တာမင် ဘီတူး သုံးစွဲပါ

20140623-cheese101-hard-cheese-emmenthaler-vicky-wasik-1.jpg 

ခေါင်းကိုက်ရောဂါနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်ခုမှာ ပါဝင်သူ စေတနာ့ဝန်ထမ်း (၅၉) ရာခိုင်နှုန်းဟာ ဗိုက်တာမင် ဘီတူး (၄၀၀) မီလီဂရမ်သောက်သုံုးပြီးနောက်မျှာ ခေါင်းကိုက်ခြင်းဝေဒနာတစ်ဝက်လောက် လျော့ပါးသက်သာသွားတယ်လို့ ဆိုပါတယ်။ အဲဒီမှာပါဝင်သူစေတနာ့ဝန်ထမ်း (၁၅) ရာခိုင်နှုန်းလောက်ပဲ နောက်ပိုင်းခေါင်းကိုက်ရောဂါထပ်ဖြစ်ကြောင်း သတင်းပို့လာကြပါတယ်။ အယ်လ်မွန်စေ့၊ နှမ်းစေ့၊ ငါးနဲ့ ဒိန်ခဲအမာတွေမှာ ဗိုက်တာမင် ဘီတူး ကြွယ်ဝစွာပါဝင်ပါတယ်။

၄။ ဂျင်းလက်ဖက်ရည်သောက်ပါ

maxresdefault (1).jpg 

Prostaglandin synthesis လို့ခေါ်တဲ့ ဟော်မုန်းထိခိုက်ဒဏ်ရာရမှုရောဂါတစ်မျိုးကိုကာကွယ်ပေးခြင်းြ့ဖင့် ဂျင်းက ခေါင်းကိုက်ရောဂါကို ကူညီတိုက်ဖျက်ပေးပါတယ်။ နောက်တစ်ခုက ဂျင်းဟာ ခေါင်းကိုက်ခြင်းနဲ့ အတူ ယှဉ်တွဲတည်ရှိနေနိုင်တဲ့ မူးဝေခြင်း၊ အော့အန်ချင်သလိုဖြစ်ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။ အိမ်ထဲမှာပဲ ဂျင်းလက်ဖက်ရည်လေးတစ်ခွက်ကိုဖန်တီးဖို့အတွက် ဂျင်းတက်အရွယ်ခပ်လတ်လတ် တစ်တောင့်ကို ညင်သာစွာထုခြေလိုက်ပါ. ပြီးရင် ရေနွေး (၂) ခွက်စာလောက်နဲ့ရောပြီး မိနစ် (၃၀) ခန့်စိမ်ထားပေးလိုက်ပါ။ ပြီးရင်တော့ သောက်သုံးပေးလို့ရပါပြီ။

Source: ReadersDigest

Share

Loading Next Article...
က္က