တကယ်ဝလား၊ မဝဘူးလား။

အစားအသောက် အနေအထိုင် မဆင်ခြင်မှုတွေကြောင့် ကိုယ်အလေးချိန်က တက်လာတယ်။ ရှိသင့်တဲ့ကိုယ်အလေးချိန်ကို BMI လို့ခေါ်တဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်ကို အချိုးချတွက်နည်းနဲ့ တိုင်းတာလေ့ရှိပါတယ်။ ရလာတဲ့ညွှန်းကိန်းကို BMI ဇယားကွက်မှာပါတဲ့ကိန်းနဲ့ ကိုက်ညီနေမှ ကျန်းမာရေးနဲ့ညီညွတ်တဲ့၊ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရှိတယ်လို့ ယူဆရပါမယ်။ BMI နဲ့ တွက်တာမဟုတ်ဘဲ တခြားနည်းတွေနဲ့လည်း ကိုယ့်ရဲ့ကိုယ်အလေးချိန်က ကျန်းမာရေးနဲ့ညီညွတ်မှုရှိ၊ မရှိ သိနိုင်ပါသေးတယ်။



၁။ ခါးပတ်လည်အတိုင်း

waistcircumference-1200x565.jpg 

ဗိုက်ခေါက်ထူထူကြီးက အဆီတွေစုနေပြီဆိုတဲ့သက်သေပါ။ အဆီစုနေတဲ့ဗိုက်ကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေများလာသလို၊ ဆီးချိုရောဂါ အမျိုးအစား-၂ လည်း ဖြစ်နိုင်ပါတယ်။ ခါးပတ်လည်အတိုင်းကို ဘယ်လိုတိုင်းမလဲဆိုတော့ တင်ပဆုံရိုးအထက်နဲ့ ဗိုက်ခေါက်အောက်ခြေနေရာကို တစ်ပတ်ပြည့်အောင်တိုင်းတာကြည့်ပါ။ အမျိုးသမီးတွေမှာဆိုရင် ၃၅ လက်မအောက် ရှိနေမှ ကျန်းမာတဲ့အလေးချိန်လို့ ယူဆနိုင်မှာဖြစ်ပါတယ်။

၂။ နှလုံးခုန်နှုန်း

 

လည်ပင်း သို့မဟုတ် လက်ကောက်ဝတ်သွေးကြောပေါ်ကို လက်ချောင်းနှစ်ချောင်းတင်ထားလိုက်ပါ။ တစ်မိနစ်အတွင်းသွေးခုန်နှုန်းကို ရေတွက်ထားပါ။ ၆၀ မှ ၁၀၀ အတွင်းဆိုရင် ပုံမှန်ပါပဲ။ များသောအားဖြင့်တော့ နှလုံးခုန်နှုန်းနည်းတာက ကိုယ်လက်လှုပ်ရှားမှုများရင် ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းလေလေ နှလုံးခုန်နှုန်းများလေလေပါပဲ။ တစ်မိနစ်အတွင်း ကြိမ်ရေ ၁၀၀ ကျော်ပြီဆိုရင် မကောင်းပါဘူး။

၃။ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း

38591835_m.jpg 

BMI နဲ့ မတူပါဘူး။ ဒီတွက်ချက်မှုကတော့ ခန္ဓာကိုယ်မှာ အဆီပိုတွေ ဘယ်လောက်များနေသလဲဆိုတာကို တွက်တာပါ။ ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသမီးတစ်ဦးရဲ့ခန္ဓာကိုယ်မှာ အဆီက ၂၀ % မှ ၃၂ % အထိသာ ရှိပါတယ်။

၄။ အခြေခံဇီဝဖြစ်ပျက်မှုနှုန်း (BMR)

BMR-800x600.jpg 

အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ လိင်၊ ကိုယ်လက်လှုပ်ရှားမှုအဆင့်တွေနဲ့ အသက်ကို အခြေခံကာ အနားယူနေချိန်မှာလောင်ကျွမ်းတဲ့ကယ်လိုရီပမာဏ အမြင့်ဆုံးဘယ်လောက်ရှိသလဲဆိုတာကို တွက်ရတာဖြစ်ပါတယ်။ ကယ်လိုရီများများလောင်နိုင်ရင် ကျန်းမာရေးကောင်းသူလို့ ဆိုရပါမယ်။

Source : Health


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က