ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။
 

ခရမ်းချဉ်သီးဟာ နေ့စဉ်အစားအသောက်ထဲမှာ အဓိကနေရာကပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီး အမျိုးအစားအများကြီးရှိပြီး ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ ခရမ်းချဉ်သီးဟာ ဝိတ်ကျချင်တဲ့သူတွေနဲ့ သွေးတိုးကျချင်တဲ့သူတွေအတွက်တော့ အထူးသင့်လျော်ပါတယ်။ နောက်ပြီး ပါဝါမျက်မှန် တပ်နေရတဲ့ မျက်စိအားနည်းသူတွေနဲ့ ဆီးချိုသွေးချိုသမားတွေအတွက်လည်းကောင်းပါတယ်။



ဒါတင်မကသေးပါဘူး။ ခရမ်းချဉ်သီးမှာတခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့....

၁။ ကင်ဆာရောဂါကာကွယ်နိုင်တယ်

cancer-fight-759x500.jpg 

အမေရိကန်ကင်ဆာရောဂါလေ့လာရေးသိပ္ပံက ခရမ်းချဉ်သီးမှာပါဝင်တဲ့ lycopene ဓာတ်တွေဟာ တချို့ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ ဓာတ်ခွဲခန်းသုတေသနတွေအရလည်း ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ဓာတ်တွေဟာ တချို့ကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကိုကာကွယ်နိုင်ပါတယ်လို့ ဆိုထားပါတယ်။

ခရမ်းချဉ်သီးကို အရည်ဖျော်သောက်တာတို့၊ အချဉ်၊ အနှစ်လုပ်စားတာတို့ကလည်း ကင်ဆာတိုက်ဖျက်ရေးအစွမ်းသတ္တိတွေကို ပိုမိုတိုးတက်စေနိုင်ပါတယ်တဲ့။ ဒီလိုလုပ်ပေးခြင်းဖြင့် ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ သဘာဝကွန်ပေါင်းတွေကို ခန္ဓာကိုယ်က ပိုမိုလွယ်ကူစွာစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ နောက်ပြီး ခရမ်းချဉ်သီးအရည်တွေ၊ အနှစ်တွေမှာ lycopene ပမာဏ ပိုမိုသိပ်သည်းစွာ ပါဝင်ပါတယ်။

၂။ သွေးတိုးကျစေတယ်

2.-Tomatoes-Regulate-Blood-Pressure.jpg 

ခရမ်းချဉ်သီးမှာ ပိုတက်စီယမ်ကြွယ်ဝစွာပါဝင်ပြီး ပိုတက်စီယမ်ကလည်း သွေးဖိအားလျော့ကျစေတယ်လို့ လူသိများတဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုတက်စီယမ်က သွေးဖိအားကို တိုးစေတဲ့ ဆိုဒီယမ်ရဲ့သက်ရောက်မှုတွေကို လျော့ကျစေနိုင်လို့ပါပဲ။ ပိုတက်စီယမ်ပိုများလေလေ၊ စွန့်ထုတ်လိုက်တဲ့ဆီးထဲမှာ ဆိုဒီယမ်များများပါသွားလေလေပါပဲ။

နောက်တစ်ခုကတော့ ပိုတက်စီယမ်ဟာ သွေးကြောနံရံတွေပေါ်က တင်းအားကိုလျှော့ချပေးပြီး သွေးဖိအားကိုလည်း ကျဆင်းစေပါတယ်။ ဒါပေမယ့် ပိုတက်စီယမ်ဓာတ်အများကြီးပါဝင်တဲ့ ခရမ်းချဉ်သီးတွေ အများကြီးစားသုံးခြင်းကလည်း ဆီးကျောက်တည်စေနိုင်လို့ အတိုင်းအထွာနဲ့ဆင်ခြင်စားပေးသင့်ပါတယ်။

၃။ ကိုယ်အလေးချိန်ကျစေတယ်

_main_diet_2.jpg 

လေ့လာမှုတစ်ခုအရဆိုရင် နေ့စဉ်ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်ပေးခြင်းက ခါးဆိုဒ်နံပါတ်ကျလာစေပါတယ်တဲ့။ တရုပ်ရိုးရာတိုင်းရင်းဆေးနည်းတစ်ခုမှာလည်း ခရမ်းချဉ်သီးဖျော်ရည်က ကိုယ်အလေးချိန်၊ ကိုယ်တွင်းအဆီနဲ့ ခါးဆိုဒ်ကို ကျစေတယ်လို့ ဆိုထားပါတယ်။ ကိုယ်အလေးချိန်တက်စေရာမှာ အဓိကနေရာကပါဝင်တဲ့ ကိုလက်စထရောတွေကိုလည်း ကျစေပါတယ်တဲ့။

၄။ အရေပြားနဲ့ဆံပင်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်

maxresdefault.jpg 

ခရမ်းချဉ်သီးတွေဟာ အလှကုန်ပစ္စည်းတော်တော်များများမှာပါဝင်တဲ့ အရေးကြီးပါဝင်ပစ္စည်းတစ်မျိုးပါ။ သူတို့က အရေပြားပေါ်မှာ ချွေးပေါက်ကျယ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ နေလောင်ဒဏ်တို့ကို သက်သာပျောက်ကင်းစေပြီး ခြောက်သွေ့မဲညိုနေတဲ့ အရေပြားကိုလည်း ပြန်လည်ဝင်းလက်တောက်ပစေပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ antioxidant တွေ (အထူးသဖြင့်) lycopene ဟာ ဆဲလ်ထိခိုက်ဒဏ်ရာ ရခြင်းကို သက်သာစေပြီး အရေပြားရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

ဒီတော့ မျက်နှာပေါ်မှာခရမ်းသီးကိုအပြားလေးတွေဖြစ်အောင်လှီးပြီး ကပ်ပေးတာတို့၊ ခရမ်းချဉ်သီးအနှစ်နဲ့ သုတ်လိမ်းပေးတာတို့ လုပ်ပေးမယ်ဆိုရင် ဝက်ခြံကင်းစင်ပြီး ကြည်လင်ချောမွတ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ ခရမ်းချဉ်သီးက မျက်နှာပေါ်ကအဆီပိုတွေကိုဖယ်ရှားပေးပြီး အရေပြားဆဲလ်တွေကို လန်းဆန်းတောက်ပစေလို့ပါပဲ။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က