ယောကျ်ားလေးတွေ သုက်လွှတ်များခြင်းက ဆီးကျိတ်ကင်ဆာ (prostate cancer) ကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။
 

ဒီဆောင်းပါးကို ဆက်မဖတ်ခင်မှာ ဒါဟာကျန်းမာရေးအတွက် သိပ္ပံနည်းကျလေ့လာမှုတွေက ရရှိလာတဲ့တွေ့ရှိချက်တစ်ခုဖြစ်ကြောင်း အရင်ပြောချင်ပါတယ်။ ယောကျ်ားလေးတွေအတွက်တော့ သတိပြုစရာ သတင်းတစ်ခုပါပဲ။ အဲဒါကတော့ ယောကျ်ားလေးတွေ သုက်လွှတ်များခြင်းက ဆီးကျိတ်ကင်ဆာ (prostate cancer) ကို ကာကွယ်နိုင်တယ်ဆိုတာပါပဲ။

လေ့လာမှုတွေအရတော့ လိင်ဆက်ဆံခြင်း၊ မိမိဖာသာစိတ်ဖြေဖျောက်ခြင်း၊ အိပ်ပျော်နေစဉ် သုက်လွှတ်မိခြင်း အစရှိတဲ့ ခေါင်းစဉ်တွေအောက်မှာ ပုံမှန်သုက်လွှတ်ခြင်းဟာ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်တဲ့။

ဆီးကျိတ်ကင်ဆာဆိုတာဘာလဲ

 

ဆီးကျိတ်ကင်ဆာဆိုတာ ဆီးအိမ်ထဲမှာရှိတဲ့ ဆီးကျိတ်ဂလင်းလေးတွေမှာ ကင်ဆာဆဲလ်အမြစ်တွယ်တဲ့ရောဂါတစ်မျိုးုဖြစ်ပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အမျိုးသမီး တွေမှာ အဖြစ်များတဲ့သားအိမ်ကင်ဆာလိုပဲ ကြောက်မက်ဖွယ်ရောဂါတစ်မျိုးဖြစ်ပါတယ်။

သုတေသနရလဒ်တွေ

o-PROSTATE-CANCER-facebook.jpg 

၂၀၁၆ ခုနှစ်တုံးက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ပုံမှန်ဆိုတဲ့စကားလုံးကို သုတေသီတွေက ပိုမိုတိကျအောင် အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၀ ခုုနှစ်အထိ အမျိုးသားဦးရေ (၃၂၀၀၀) ကို ဆာဗေးဆင်းပြီးနောက်မှာ သုတေသီတွေတွေ့ရှိခဲ့တာကတော့ အသက် (၂၀) ဝန်းကျင်လူငယ်တွေ တစ်လကို အနည်းဆုံး (၂၁) ကြိမ် ပုံမှန်သုက်လွှတ်ပေးမယ် ဆိုရင် တစ်လကို (၇) ကြိမ်အောက်ပဲ သုက်လွှတ်သူတွေထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ (၁၉) ရာခိုင်နှုန်းလျော့နည်းပါတယ်တဲ့။ အသက် (၄၀) ဝန်းကျင်အမျိုးသားတွေအတွက်တော့ ပိုကောင်းတဲ့ သတင်းတစ်ခုရှိပါတယ်။ အသက် (၄၀) ဝန်းကျင်အမျိုးသားတွေ ပုံမှန်သုက်လွှတ်ပေးမယ်ဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ (၂၂) ရာခိုင်နှုန်းအောက်ထိ လျော့နည်းနိုင်ပါတယ်တဲ့။

"ကျွန်မတို့ရဲ့လေ့လာတွေ့ရှိမှုတွေရဲ့ရလဒ်က ဖော်ပြနေတာကတော့ သုက်လွှတ်ခြင်းနဲ့ အရွယ်ရောက်ပြီးချိန်မှာ စိတ်ချရတဲ့ လိင်ပိုင်းဆိုင်ရာအပြုအမူတွေဟာ ဆီးကျိတ်ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်တဲ့ အကျိုးပြုနည်းဗျူဟာတွေ ဖြစ်နေနိုင်တယ် ဆိုတာပါပဲ" လို့ သုတေသနခေါင်းဆောင် Jennifer Rider က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားပါတယ်။

ဒီလေ့လာမှုက တကယ်တမ်းတော့ ပထမဆုံးတော့လည်း မဟုတ်ပါဘူး။ သြစတြေးလျနိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုမှာလည်း အမျိုးသား (၂၃၃၈) ယောက်ကို လေ့လာခဲ့ပြီး တစ်ပတ်ကို (၄) ကြိမ်ကနေ (၇) ကြိမ်ကြား သုက်လွှတ်တဲ့သူတွေဟာ တစ်ပတ်ကို (၂) ကြိမ် (၃) ကြိမ်လောက်ပဲ သုက်လွှတ်သူတွေနဲ့နှိုင်းစာရင် အသက် (၇၀) မတိုင်ခင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ (၃၆) ရာခိုင်နှုန်း ပိုုမိုလျော့နည်းတယ်လို့ ဆိုထားပြန်ပါတယ်။

ATTN အွန်လိုင်းကျန်းမာရေးဝက်ဘ်ဆိုဒ်ကလည်း "ဆီးကျိတ်ကင်ဆာအန္တရာယ်ကို လျှော့ချနိုင်ဖို့ အမျိုးသားတစ်ဦးဟာ အကြိမ်ရေ ဘယ်လောက် သုက်လွှတ်သင့်လဲဆိုပြီး တိတိကျကျသတ်မှတ်ထားတာတော့ မရှိပါဘူး။ လေ့လာမှုရလဒ်တွေက ဖော်ပြနေတာက တခြားအချက်အလက်တွေနဲ့လည်း ဆက်နွယ်နေနိုင်ပါသေးတယ်။ ယေဘုယျအားဖြင့်တော့ သုက်လွှတ်တဲ့အကြိမ်ရေများလေလေ၊ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့နည်းလေလေ ဆိုပြီးတော့ မှတ်ယူနိုင်ပါတယ်" လို့ဆိုထားပါတယ်။

သုတေသီတွေအနေနဲ့ သုက်လွှတ်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာရောဂါအန္တရာယ် ဘာကြောင့်ဆက်နွယ်နေတယ်ဆိုတာကိုတော့ မသိသေးပါဘူး။ သုတေသီခေါင်းဆောင် Jennifer Rider မှာ သီအိုရီတစ်ခုတော့ ရှိပါတယ်။ Rider က "သုက်လွှတ်တဲ့ကြိမ်ရေဆိုတာ အမျိုးသားတွေရဲ့ကျန်းမာရေးအခြေအနေကို အတိုင်းအတာတစ်ခုထိ တိုင်းတာလိုက်တာပါပဲ။ တစ်လကို အကြိမ်ရေ သုညကနေ (၃) ကြိမ်လောက်ပဲ သုက်လွှတ်သူတွေဟာ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနေနိုင်ပြီး ဆီးကျိတ်ကင်ဆာကြောင့်မဟုတ်ရင်တော့ တခြားရောဂါတွေကြောင့်လည်း သေဆုံးနိုင်ပါတယ်" လို့ Reuters အွန်လိုင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က