စိမ်းလန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တာကလည်း သင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်ပါတယ်။
 

စိတ်ကျန်းမာဖို့ဟာ ခန္ဓာကိုယ်ကျန်းမာဖို့လိုပဲ အရေးကြီးပါတယ်။ စိတ်ကျန်းမာဖို့အတွက် အရမ်းကြီးအားစိုက်စရာမလိုဘဲ နေ့စဉ်သင်လုပ်သွားသင့်တဲ့ အလေ့အကျင့်လေးတွေ ရှိပါတယ်။



၁ - ခံစားချက်ကို ချရေးပါ

ခံစားချက်တွေ ပြင်းပြင်းပြပြ ရှိနေရင် ချရေးလိုက်ပါ။ တခြားလူကို မပြောရဲတာ၊ ပြောလိုက်ရင် ဆိုးဝါးတဲ့ တုံ့ပြန်မှုတွေကို ရလာမှာဆိုးတာ စတဲ့ ခံစားချက်တွေကို စာနဲ့ ချရေးတဲ့အကျင့်လုပ်ထားပါ။  ဒီလိုချရေးတဲ့အခါ မကောင်းမြင်မှုတွေ ပျောက်ကွယ်သွားပြီး ပြဿနာကို လက်တွေ့ကျကျ ပိုမြင်လာနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အမျိုးသား ဆီးကျိတ်ရောဂါအန္တရာယ်ကို ဘယ်လိုုကာကွယ်ကြမလဲ)

 

၂ - ချီးကျူး

တစ်ဖက်လူကို ချီးကျူးတာ၊ ကျေးဇူးတင်စကားပြောတာတွေဟာလည်း သင်နေ့စဉ်ပြုလုပ်သင့့်တဲ့ အလေ့အကျင့်ပါ။ တစ်ဖက်လူကို မပြောဘူးဆိုရင်တောင်မှ အိပ်ရာမဝင်ခင်  သင့်အပေါ်ကောင်းခဲ့သူတွေ၊ ချီးကျူးထိုက်သူတွေရဲ့ နာမည်ကို ချရေးတဲ့အကျင့်မျိုးလေးလုပ်ထားသင့်ပါတယ်။ ဘယ်လိုကျေးဇူးတင်တယ်၊ ဘယ်လိုချီးကျူးထိုက်တယ်ဆိုတာကိုလည်း ရေးသင့်ပါတယ်။

၃ - တရားထိုင်ခြင်း

တရားထိုင်ခြင်းလို စိတ်ကိုတည်ငြိမ်စေတဲ့ အလေ့အကျင့်တွေလည်း ရှိသင့်ပါတယ်။ စိတ်ကျခြင်း၊ စိုးရိမ်ခြင်းနဲ့ သောကများခြင်းတွေကိုလည်း လျော့ကျစေပါတယ်။ တရားထိုင်ရတာမျိုးဟာ သင့်အတွက် ခက်ခဲတယ်ဆိုရင်လည်း တခြားပုံစံတွေနဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်လို့ရပါတယ်။ ဒီလိုတွေ မလုပ်နိုင်ဘူးဆိုရင်တောင်မှ စာဖတ်တာ၊ သိုးမွှေးထိုးတာ စတဲ့ ဝါသနာပါရာတွေကို လုပ်ပေးလို့ ရပါတယ်။

 

၄ - လေ့ကျင့်ခန်း

လေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်အတွက်သာ မကဘဲ စိတ်ပိုင်းဆိုင်ရာ အတွက်ပါ အရေးပါတာပါ။ လူဟာ လှုပ်ရှားမှုရှိတဲ့အခါ စိတ်ကြည်လင်မှုရှိပြီး ပိုမိုလည်း အာရုံစိုက်ထားနိုင်ပါတယ်။ စိတ်ကျန်းမာရေးအတွက် ရေရှည်မှာလည်း သက်ရောက်မှုရှိပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်မှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၅ - စိမ်းလန်းတဲ့ ပတ်ဝန်းကျင်

စိမ်းလန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တာကလည်း သင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်ပါတယ်။ အချိန်အများကြီးယူစရာမလိုပါဘူး။ စိမ်းလန်းတဲ့ ပန်းခြံတစ်ခု၊ နေရာတစ်ခုမှာ  ၅ မိနစ်ခန့်နေထိုင်ရုံနဲ့ သင့်စိတ်ခံစားချက်တွေ ကြည်လင်လန်းဆန်းလာစေပါတယ်။

 

၆ - မတ်မတ်ထိုင်ခြင်း

ငယ်ငယ်ကတည်းက လူကြီးတွေက မတ်မတ်လျှောက်ဖို့၊ မတ်မတ်ထိုင်ဖို့ ပြောတာဟာ တကယ်လိုအပ်လို့ ပြောတာပါ။ ခန္ဓာကိုယ်ကိုင်းတာဟာ ကြည့်ရဆိုးရုံတင်မကဘဲ ကျန်းမာရေးနဲ့ စိတ်ခံစားမှုတွေပေါ်ကိုပါ သက်ရောက်နိုင်တာ ဖြစ်ပါတယ်။

Photos & Source: Bustle


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က