ကျွန်တော်တို့တွေ မသိလိုက်မသိဖာသာပဲ ရေသန့်ဘူးအလွတ်တွေထဲမှာ ရေပြန်ထည့်ပြီး ရေဘူးအဖြစ် ပြန်အသုံးပြုမိ တတ်ကြပါတယ်။
 

တစ်ဘူးမှ မြန်မာကျပ်ငွေ (၃၀၀)၊ (၄၀၀) ပဲပေးပြီး ဝယ်သောက်ရတဲ့ ရေသန့်ဘူးတွေကို ရေပြန်ဖြည့်ပြီး သောက်ရေဘူးတစ်ဘူးအဖြစ် ပြန်သုံးဖူးပါသလား။ သုံးဖူးရင်တော့ ဒီဆောင်းပါးက ခင်ဗျားအတွက် ရည်ညွှန်းပါတယ်။ ဆက်ဖတ်ကြည့်သင့်ပါတယ်။ ကျွန်တော်တို့တွေ မသိလိုက်မသိဖာသာပဲ ရေသန့်ဘူးအလွတ်တွေထဲမှာ ရေပြန်ထည့်ပြီး ရေဘူးအဖြစ် ပြန်အသုံးပြုမိတတ်ကြပါတယ်။ ဒါဟာ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါသလား။

ဘာကြောင့်လဲ

plasticbottle_drink.jpg 

ခင်ဗျားကကော ထင်မယ်။ ဒီလိုမျိုး recycle ပြန်လုပ်ခြင်းဖြင့် (တစ်ခါသုံးပလတ်စတစ်ဘူးအဖြစ်မသုံးဘဲ ရေဘူးအဖြစ် ပြန်သုံးခြင်းဖြင့်) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေတာပါလို့။ နောက်ပြီး ရေဘူးထဲကို ရေထည့်ပြီး သောက်ရုံလေးပဲ။ ဘာအန္တရာယ်ဖြစ်စရာရှိလဲလို့။ တချို့အိမ်တွေမှာဆို ရေသန့်ဘူးဟောင်း၊ ဖျော်ရည်ဘူးဟောင်းတွေကိုပဲ ရေပြန်ထည့်ပြီး ရေခဲရေဘူးအဖြစ် အသုံးချတတ်ကြ ပါသေးတယ်။

တကယ်တမ်းကျတော့ ပလတ်စတစ်ရေဘူးတွေက ခင်ဗျားရဲ့ခန္ဓာကိုယ်ကို အန္တရာယ်ပဲဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဘာကြောင့်များပါလဲ။ အကြောင်းရင်းကတော့ Biphenol A (BPA လို့ လူသိများ) ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကြောင့်ပါပဲ။ အဲဒီ BPA ကို ပလတ်စတစ်ပစ္စည်းတွေထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒီဓာတုပစ္စည်းဟာ ရေထဲကို စိမ့်ဝင်နိုင်ပြီး ရေဘူးနှုတ်ခမ်းအဝမှာ ဘက်တီးရီးယားပိုးမွှားတွေကို ခိုအောင်းနေစေနိုင်ပါတယ်။ နောက်ပြီး အဲဒီကရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်း တော်တော်ဆိုးပါတယ်။

ဘာတွေဖြစ်နိုင်သလဲ

what-breast-cancer-looks-like.jpg 

"ပလတ်စတစ်ဘူးတွေထဲမှာတွေ့ရတဲ့ တချို့ဓာတုပစ္စည်းတွေဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်" လို့ Dr. Marilyn Glenville က Good Housekeeping ဝက်ဘ်ဆိုဒ်ကို ပြောကြားပါတယ်။ "သူတို့က မမျိုးဥကြွေခြင်းကို အနှောင့်အယှက် ပေးနိုင်ပြီး ရင်သားကင်ဆာလိုမျိုး ဟော်မုန်းနဲ့ဆိုင်တဲ့ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

သိပ္ပံပညာကလည်း ဒီအချက်ကိုသက်သေပြထားပါတယ်။ Tredmill Reviews ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ သုတေသီတွေက အားကစားသမားတွေအသုံးပြုတဲ့ ရေသန့်ဘူးတွေကို တစ်ပတ်ကြာစစ်ဆေးခဲ့ပြီး ပျမ်းမျှအားဖြင့် စတုရန်း (၁) စင်တီမီတာ အရွယ်အစားရှိတဲ့နေရာတိုင်းမှာ ဘက်တီးရီးယားပေါင်း (၉၀၀၀၀၀) လောက် မှီတင်းနေထိုင်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါဟာ ခင်ဗျားအနေနဲ့ အဏုကြည့်မှန်ပြောင်းအောက်မှှာ မြင်လိုတဲ့အရာမဟုတ်ပါဘူး။ သိထားရမှာတစ်ခုက အဲဒီဘက်တီးရီးယား ပမာဏဟာ အိမ်သာကမုတ်ခုံတစ်ခုပေါ်မှာရှိနေတဲ့ ဘက်တီးရီးယားပမာဏထက် ပိုများပါတယ်။ ပိုဆိုးတာတစ်ခုက အဲဒီပိုးမွှား တွေထဲက (၆၀) ရာခိုင်နှုန်းလောက်က လူကိုဖျားနာစေပါတယ်။

ဘယ်လိုရှောင်ရှားမလဲ

550ml-portable-water-bottle-leak-proof-unbreakable.jpg 

ဒီလိုဖြစ်ရပ်တွေကနေ ရှောင်ရှားပြီး အန္တရာယ်ကင်းစွာနဲ့ ရေဓာတ်ဖြည့်တင်းနိုင်ဖို့ကတော့ ဉာဏ်ကောင်းတဲ့သူတွေဟာ တစ်ခါသုံးရေဘူးတွေကို ပြန်လည်အသုံးပြုခြင်းကို ရှောင်ကြဉ်ကြပါတယ်။ အဲဒီအစား သောက်ပြီးတာနဲ့ တစ်ခါတည်းအမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တာအကောင်းဆုံးပါပဲ။ ဒါမှမဟုတ် ပိုကောင်းတာတစ်ခုက BPA ပါဝင်မှုမရှိတဲ့ ပလတ်စတစ်ရေဘူးကို ဝယ်သုံးတာပဲဖြစ်ဖြစ်၊ ဖန်နဲ့လုပ်ထားတဲ့ (သို့) စတီးလ်နဲ့လုပ်ထားတဲ့ရေဘူးကို ဝယ်သုံးတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းက ခင်ဗျားရဲ့ကျန်းမာရေးကိုပဲ စောင့်ရှောက်ရာမရောက်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရာရောက်ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က