ဆိုးတွေကို ပုံကြီးချဲ့တွေးနေမိရာကနေ တကယ့်အဆိုးဆုံးအထိ ဖြစ်သွားနိုင်တယ်။

တရားမှတ်ခြင်းဟာ စိတ်ဖိစီးမှုကို ပြေပျောက်စေပါတယ်။ နောက်တစ်နည်းကတော့ ကိုယ့်ရဲ့အပြုအမူအကျင့်လေးတွေကို အားစိုက်ထုတ်စရာမလိုဘဲ ပြောင်းလဲယူတဲ့နည်းနဲ့ စိတ်ဖိစီးမှုကို တိုက်ထုတ်ပစ်လို့ရပါတယ်။ အိမ်မှာပဲ လက်တွေ့လုပ်ကြည့်နိုင်ပြီး ဘာမှ အထွေအထူး လေ့ကျင့်စရာမလိုတဲ့နည်းတွေပါ။ အဓိကကတော့ ကိုယ့်စိတ်ကို မကောင်းတဲ့အရာတွေ မတွေးမိအောင် ပြင်ဖို့ပါပဲ။

၁။ ပုံကြီးမချဲ့နဲ့

depression-hero1.jpg 

လက်ရှိဖြစ်နေတဲ့အခြေအနေကို အရှိကိုအရှိတိုင်းပဲ မြင်ဖို့လိုတယ်။ ပုံကြီးချဲ့တွေးတော့ ပိုပြီးသောကများရတယ်။ အဆိုးတွေကို ပုံကြီးချဲ့တွေးနေမိရာကနေ တကယ့်အဆိုးဆုံးအထိ ဖြစ်သွားနိုင်တယ်။ "ငါ နောက်အလုပ်မရနိုင်တော့ဘူး" လို့ တွေးမယ့်အစား " ငါ နောက်အလုပ်ရလိမ့်မယ်။ အချိန်လေးပဲစောင့်နေရမှာ"လို့ တွေးကြည့်ပါ။

၂။ စားမြုံ့မပြန်ရဘူး

9.jpg 

ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်တွေးနေတတ်တဲ့အကျင့်ကြောင့် စိတ်ဖိစီးမှု ပိုများရတယ်မဟုတ်လား။ ဒေါသတွေ၊ စိတ်ဖိစီးမှုတွေ၊ သောကတွေ ပိုတိုးလာဖို့ပဲရှိမယ်။ ရုတ်တရက် သတိရမိတာနဲ့ တောက်လျှောက်ပြန်တွေးနေ၊ ဒေါသဖြစ်နေရတာက မတူဘူးလေ။

၃။ ကြိုပူတာတွေလျှော့

45606019_ml.jpg 

သင်က အနာဂတ်ကို ကြိုသိနိုင်တဲ့လူမဟုတ်ဘူးမို့လား။ ဘာကိစ္စနဲ့ အသည်းအသန်တွေ တွေးပူနေမလဲ။ လက်ရှိကို အာရုံစိုက်ရမယ့်အစား အနာဂတ်ကိုကြိုတွေးပူနေတာက လက်ရှိမှာလည်း ကိစ္စတွေမပြီးမြောက်ဘူး။ သောကတွေနဲ့ပဲ တဝဲလည်လည်ဖြစ်နေမှာ။

၄။ လူတွေနဲ့တွေ့ဆုံပါ

Find-your-social-support-network.jpg 

စိတ်ညစ်နေလို့ တစ်ယောက်တည်းနေချင်တယ်ဆိုပြီး အခန်းအောင်းနေတာဟာ မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ ဘာမှမလုပ်ဘဲ တစ်ယောက်တည်း အထီးကျန်နေတဲ့ဘဝဟာ စိတ်ဖိစီးမှုတွေဆီကို ဦးတည်သွားစေတယ်။ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူတွေနဲ့တွေ့ပါ။

Source : Health

Share

Loading Next Article...
က္က