ငယ်ရွယ်စဉ်မှာ ဂရုစိုက်ထားရင် အသက်ကြီးတဲ့အခါမှာ ကျန်းမာနေလိမ့်မယ်။

အသက် ၂၀ ဝန်းကျင်မှာ နှလုံးကျန်းမာရေးကို ဂရုစိုက်ထားမယ်ဆိုရင် နောင်တစ်ချိန် အသက်ကြီးလာလို့ ဦးနှောက်ပျက်စီးယိုယွင်းမှုတွေဖြစ်ရခြင်းကနေ ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုလိုက်ပါတယ်။ လေ့လာမှုကိုတော့ Neurology ဆေးပညာဂျာနယ်မှာဖော်ပြသွားခဲ့တာပါ။

 

နှလုံးကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့ Life's Simple 7 ကို လိုက်နာသင့်ပါတယ်။ Life's Simple 7 ဆိုတာက ကိုလက်စထရောပမာဏပံမှန်စစ်ဆေးနေခြင်း၊ သွေးဖိအား (သွေးပေါင်ချိန်) မှန်နေအောင်ထိန်းထားခြင်း၊ သွေးတွင်းသကြားဓာတ်လျှော့ချခြင်း၊ ကျန်းမာရေးနဲ့အညီစားသောက်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီအချက် ၇ ချက်ဟာ နှလုံးကို ကျန်းမာစေရုံသာမက ဦးနှောက်ကျန်းမာရေးကိုပါ ဆက်နွှယ်နေတာပါ။ ဦးနှောက်ဟာ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်အသုံးပြုမှု အများဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးခုန်နှုန်းမြန်လာပြီး သွေးလည်ပတ်မှုတိုးလာကာ ဦးနှောက်ကို အောက်ဆီဂျင်ရောက်ရှိမှု ပိုများလာရပါတယ်။ ဒါကြောင့်မို့လို Life's Simple 7 ဟာ နှလုံးကိုသာမက ဦးနှောက်ကိုပါ ကျန်းမာစေပါတယ်။

 

သုတေသီတွေဟာ အသက် ၅၁ နှစ်အရွယ် လူပေါင်း ၅၁၈ ဦးကို နှစ် ၃၀ ကြာ စောင့်ကြည့်ခဲ့ကြပါတယ်။ ၂ နှစ်မှ ၅ နှစ်အတွင်း ကျန်းမာရေးဆိုင်ရာတိုင်းတာစစ်ဆေးမှုတွေကို စဉ်ဆက်မပြတ် စစ်ဆေးခဲ့ကြပြီး ၂၅ နှစ်မှာတော့ ဦးနှောက်ကို scan ဖတ် စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ Life's Simple 7 ကို လိုက်နာကြသူတွေဟာ သက်လတ်ပိုင်းအရွယ်မှာ ဦးနှောက်ထုထည်ကြီးလာတာကို တွေ့ရပါတယ်။ ဦးနှောက်ဟာ အသက်ကြီးလာရင် ကျုံ့သွားတတ်ပေမဲ့ Life's Simple 7 ကို လိုက်နာတာကြောင့် ကျုံ့မသွားဘဲ ပိုကြီးလာခဲ့ပါတယ်။ ဦးနှောက်ထုထည်သေးနေရင် အသက်သေဆုံးနိုင်မှုနဲ့ မသန်စွမ်းဖြစ်နိုင်ခြေ အန္တရာယ်ရှိပါတယ်။

Source : Time

Share

Loading Next Article...
က္က