ငယ်တုံးရွယ်တုံးမှာ အလုပ်ချိန်ကို တစ်နေ့ (၈) နာရီကျော်အောင်အလုပ်လုပ်တာဟာ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့ ထင်စရာပါပဲ။
 

ငယ်တုံးရွယ်တုံးမှာ အလုပ်ချိန်ကို တစ်နေ့ (၈) နာရီကျော်အောင်အလုပ်လုပ်တာဟာ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့ ထင်စရာပါပဲ။ ဒါပေမယ့် အဲဒါကဒီလောက်တော့ မရိုးရှင်းပါဘူး။ အလုပ်ချိန်အကြာကြီး အလုပ်လုပ်သူတွေဟာ လူမှုဘဝဆိုတာပျောက်ဆုံးလာပြီး အလုပ်ဖိအားတွေလည်း ပိုမိုများပြားလာတတ်ပါတယ်။

ဘာတွေဖြစ်လာနိုင်သလဲ

 

ဆွီဒင်နိုင်ငံမှာတော့ ကုမ္မဏီတွေဟာ တစ်နေ့အလုပ်လုပ်ချိန်ကို (၆) နာရီသာ သတ်မှတ်ထားပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်တဲ့ အလုပ်သမားတွေဖြစ်လာပြီး လုပ်ရည်ကိုင်ရည်တွေလည်း ပိုတိုးတက်လာပါတယ်တဲ့။ အလုပ်ချိန်အကြာကြီး အလုပ်လုပ်သူ တွေကတော့ နှလုံးခုန်နှုန်းမူမမှန်ဖြစ်စေနိုင်ပါတယ်လို့ ဥရောပနှလုံးရောဂါဆိုင်ရာ ဂျာနယ်တစ်စောင်မှာဖော်ပြထားတဲ့ သုတေသနတစ်ခုကဆိုပါတယ်။ အဲဒီလို နှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်းကနေ နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ရုတ်တရက်နှလုံးရပ်နိုင်ခြေ ပိုမိုတိုးပွားစေတယ်လို့ ဆိုပါတယ်။

သုတေသနကောက်ယူ

maxresdefault.jpg 

လန်ဒန်တက္ကသိုလ် ကျန်းမာရေးဌာနက ပရော်ဖက်ဆာ Mika Kivimaki ဦးဆောင်တဲ့ သုတေသီအဖွဲ့ဟာ ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီးဦးရေ (၈၅၄၉၄) ယောက်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းမှာပါဝင်တဲ့ အချက်အလက်တွေကတော့ လူတစ်ယောက်မှာတစ်ပတ်မှာ စုစုပေါင်း ဘယ်နနာရီအလုပ်လုပ်လဲဆိုတာနဲ့ သူတို့ရဲ့နှလုံးကျန်းမာရေး အခြေအနေကို စစ်ဆေးတာပါပဲ။ အစပိုင်းမှာတော့ နှလုံးနဲ့ပတ်သက်ပြီးမူမမှန်တဲ့ရောဂါ ဘာမှမရှိပေမယ့် (၁၀) နှစ်အတွင်းမှာ လူပေါင်း (၁၀၆၁) ယောက်ဟာ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေရှိလာခဲ့ပါတယ်။

Kivimaki နဲ့အဖွဲ့ဟာ တစ်ပတ်မှာ (၅၅) နာရီနဲ့အထက် အလုပ်လုပ်သူတွေဟာ တစ်ပတ်မှာ အဲဒီအချိန်အတိုင်းအတာအောက် အလုပ်လုပ်သူတွေနဲ့နှိုင်းစာရင် နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ခြေ (၄၀) ရာခိုင်နှုန်းပိုများနေကြောင်း တွေ့ရှိခဲ့ပါတယ်။ အလုပ်ချိန်နာရီတင်မက... တခြားနှလုံးရောဂါဖြစ်ပွားစေနိုင်တဲ့အချက်တွေဖြစ်တဲ့ အသက်အရွယ်၊ လိင်၊ လူမှုစီးပွားအခြေအနေ၊ အဝလွန်ရောဂါရှိမရှိ၊ အနားယူချိန်၊ ကိုယ်ကာယလှုပ်ရှားမှု၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း အစရှိတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။

အဲဒီမှာ အလုပ်ချိန်ပိုလုပ်သူတွေက အလုပ်ကိုတော်ရုံတန်ရုံပဲ လုပ်သူတွေနဲ့နှိုင်းစာရင် တစ်ဆခွဲလောက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ အလုပ်ချိန်ပိုလုပ်သူတွေဟာ နှလုံးသွေးကြောပိတ်ရောဂါဖြစ်နိုင်ခြေ (၁.၄) ဆ ပိုများနေနိုင်တယ် လို့လည်း အဓိပ္ပာယ်ရပါတယ်။

အချုပ်ပြောရရင်

blog-body-featured.jpg 

လေ့လာတွေ့ရှိချက်တွေအကုန်လုံးကို ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် အလုပ်ချိန်အကြာကြီး ဆက်တိုက်လုပ်ခြင်းက နှလုံးရပ်တန့်သွားနိုင်ခြေကို မြင့်တက်စေနိုင်တယ်ဆိုတာပါပဲ။ ပရော်ဖက်ဆာ Kivimaki ရဲ့ သုတေသနအသစ်အရလည်း နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ အလုပ်မှာအချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်သူတွေအတွက် ရုတ်တရက် နှလုံးရပ်တန့်သွားစေနိုင်တဲ့ အချက်တစ်ချက်ဖြစ်နေကြောင်း ဖော်ပြနေပါတယ်။

အလုပ်ချိန်အကြာကြီးအလုပ်လုပ်သူတွေမှာ ဘာကြောင့်နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေများရသလဲဆိုတာနဲ့ပတ်သက်ပြီး ပရော်ဖက်ဆာ Kivimaki က Reader's Digest ကို ခုလိုဖြေကြားခဲ့ပါတယ်။ "လေ့လာမှုတွေကဖော်ပြနေတာကတော့ စိတ်ဖိစီးမှုတွေက နှလုံးခုန်နှုန်းမူမမှန်ခြင်းတွေကို ဖြစ်စေပါတယ်" လို့ သူကဆိုပါတယ်။ နောက်ပြီး သူက စိတ်ဖိစီးမှုတွေက အာရုံကြောစနစ်ထဲမှာ တုံ့ပြန်မှုတစ်ချို့ကို ဖန်တီးပေးနိုင်ကြောင်းရှင်းပြထားပါတယ်။ (ဥပမာ... adrenaline လို့ခေါ်တဲ့ ရုတ်တရက်စိတ်အားထက်သန်ခြင်း လိုမျိုးပေါ့) အဲဒီကနေတဆင့် နှလုံးခုန်နှုန်းတွေကို ထိန်းညှိပေးနိုင်ပါတယ်။ ပရော်ဖက်ဆာ Kivimaki က စိတ်ဖိစီးမှုများပြားနေချိန်မှာ ကျန်းမာရေးအလေ့အထတွေကို လိုက်နာဖို့မေ့လျော့တာကလည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းဖြစ်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က