ပုံမှန်ခေါင်းကိုက်ခေါင်းခဲရောဂါရှိသူဆိုရင် ဆောင်ရန်ရှောင်ရန်တွေကို သိထားပြီးဖြစ်မှာပါ။
 

ပုံမှန်ခေါင်းကိုက်ခေါင်းခဲရောဂါရှိသူဆိုရင် ဆောင်ရန်ရှောင်ရန်တွေကို သိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် ခေါင်းကိုက်ခေါင်းခဲတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ... အစားအသောက် မှားတာမျိုးပေါ့။ ခေါင်းကိုက်ရောဂါဖြစ်စေနိုင်တဲ့ အစားအသောက်တွေအများကြီးရှိပါတယ်။

၁။ အရက်နဲ့ ဝိုင်နီ

o-RED-WINE-facebook.jpg 

အရက်သောက်သုံးခြင်းက ခေါင်းကိုက်ဝေဒနာရှင်တွေအတွက် ခေါင်းကိုက်ခေါင်းခဲဖြစ်စေတဲ့ အကြောင်းရင်းထဲမှာပါ ပါတယ်။ ခေါင်းကိုက်ရောဂါမရှိသူတွေကိုတောင် အရက်ရှိန်ပျယ်ချိန်မှာ ခေါင်းကိုက်စေပါတယ်။ (ဒါကို အရပ်အခေါ် အရက်နာကျတယ်လို့ ခေါ်ပါတယ်။) ဒါပေမယ့် အရက်အမျိုးအစားတွေထဲမှာမှ ခေါင်းကိုက်ခြင်းကို ဆိုးရွားစေတဲ့ အရက်အမျိုးအစားတွေကတော့ အနက်ရောင် အရက်တွေနဲ့ ဝိုင်နီတွေပဲဖြစ်ပါတယ်။ အရက်ထဲမှာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tyramine ပမာဏ မြင့်မားစွာပါဝင်လို့ ခေါင်းကိုက်ခြင်းကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်တစ်ခုကတော့ အရက်က ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အရက်သောက်ထားပြီးရင် ညမအိပ်ခင်ရေများများသောက်ဖို့ ဆရာဝန်တွေက အကြံပေးကြတာဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်တစ်ခွက် နှစ်ခွက်သောက်ပြီး ခေါင်းကိုက်လာတယ်လို့ ခံစားရရင် ရေတဝကြီးသာ ထသောက်လိုက်ပါ။

၂။ ချောကလက်

muths-chocolate-candy-blog.jpg 

ချိုမြပြီး စားလို့ကောင်းတယ်ဆိုပေမယ့် ချောကလက်ဟာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့အရာတစ်မျိုးပါပဲ။ ချောကလက်မှာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကိုဖြစ်စေတဲ့ tyramine ပမာဏကြွယ်ဝစွာ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဓမ္မတာလာနေစဉ် ဟော်မုန်းအပြောင်းအလဲမှာ ချောကလက်စားချင်လာမိတတ်ပြီး tyramine တွေကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။

၃။ လူလုပ်နို့မှုန့်နဲ့ သကြားအစားထိုးအချိုမှုန့်များ

Sharon-Nikki-McCutcheon.jpg 

ဒီနှစ်ပိုင်းတွေထဲမှာ လူလုပ်နို့မှုန့်တွေနဲ့ သကြားအစားထိုးအချိုမှုန့်တွေ (artificial sweeteners) နဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း ပြောဆိုလာကြတာတွေရှိပါတယ်။ ခေါင်းကိုက်ခေါင်းခဲဝေဒနာဟာလည်း ဘေးထွက်ဆိုးကျိုးတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ Aspartame ဆိုတာ လူသုံးအများဆုံး artificial sweetener တစ်မျိုးဖြစ်ပြီး ကယ်လိုနီပါဝင်မှုနည်းတဲ့ မုန့်ပဲသရေစာတွေနဲ့ ဆိုဒါတွေမှာ အတွေ့များပါတယ်။ သကြားအစားထိုး အချိုမှုန့်တစ်မျိုးအဖြစ်လည်း ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် အဲဒီအရာတွေဟာ ခေါင်းကိုက်ခေါင်းခဲဝေဒနာကို နှိုးဆွပေးလို့ ဝေါင်ဝေါင်ကရှေးသင့်ပါတယ်။

၄။ အမြန်ရအစားအစာတွေ (Fast Food)

fastfood.jpg 

မြန်မာနိုင်ငံမှာ အမြန်ရအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်ဆိုင်တွေ မှိုလိုပေါက်လာပြီးနောက်မှာ လူတွေဟာလည်း မိမိတို့ရဲ့အားလပ်ရက်တွေ၊ အားလပ်ချိန်တွေမှာ shopping mall တွေမှာရှိတဲ့ အဲဒီဆိုင်တွေမှာ သွားရောက်စားသောက်ရင်း အချိန်ဖြုန်းလာကြပါတယ်။

ဒါပေမယ့် ခင်ဗျားနှစ်သက်တဲ့ကြက်ကြော်တွေ၊ အာလူးကြော်တွေကလည်း ခေါင်းကိုက်ခေါင်းခဲဝေဒနာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နေနိုင်ပါတယ်။ MSG ၊ ဆာလ်ဖိုက် (Sulfite) နဲ့ နိုက်ထရိတ် (nitrate) တွေဟာ အစားအသောက်တွေကို ပိုမိုတာရှည်ခံအောင် ထည့်ပေးရတဲ့ဓာတုပစ္စည်းတွေဖြစ်ပြီး အမြန်ရ အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ သုံးစွဲလေ့ရှိပါတယ်။

အဲဒီအစားအသောက်တွေထဲ ထည့်လို့ရတဲ့ပစ္စည်းတွေက ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခေါင်းခဲဝေဒနာရှိရင် အမြန်ရအစားအသောက်တွေ ပုံမှန်စားသုံးခြင်းကို လျှော့ချသင့်ပါတယ်။

၅။ အငန်များတဲ့အစားအစာတွေ

popcorn.jpg

အငန်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဟာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဆိုဒီယမ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမယ့် ဆိုဒီယမ်ဓာတ်ကို လိုအပ်သည်ထိ ခန္ဓာကိုယ်ထဲ ပိုထည့်မိမယ်ဆိုရင် ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာတစ်မျိုးကို မစားခင် အငန်ဓာတ်များလားဆိုတာ အရင်စစ်ဆေးပါ။ များနေရင် ပြန်ပြင်ခိုင်းသင့်ပါတယ်။

Source: powerofpositivity

Share

Loading Next Article...
က္က