ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ဆီတွေကို မစားဘဲနေတာကတော့ မကောင်းဘူးနော်။

ဝိတ်ကျချင်လို့ ကယ်လိုရီပါတာတွေ လျှော့စားမယ်ကြံရင် ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတာ တစ်ချက်ပြန်စဉ်းစားပါ။ ပိန်သွားပေမဲ့ လူက ချူချာသွားမယ်၊ ကျန်းမာရေးထိခိုက်မယ်ဆိုရင်တော့ အလကားပဲနော်။ ကျန်းမာနေဖို့ကသာ ပထမဦးစားပေးဖြစ်သင့်တယ်။ ကယ်လိုရီနည်းအောင် လျှော့စားသူတွေအနေနဲ့တော့ ဒီအမှားတွေ လုပ်မိတတ်ကြတယ်။

၁။ ကန့်သတ်လွန်းတယ်

hungry-not-eating.jpg 

ဘာစားစား ကယ်လိုရီမပါတာတွေပဲစားမယ်လို့ မကြံလိုက်ပါနဲ့။ တချို့ဆိုရင် ဆီလုံးဝမစားကြဘူး။ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ဆီကိုပါ မစားဘဲရှောင်ကြတယ်။

၂။ အမျှင်ဓာတ်မစားဘူး

veggies-fruit.jpg 

ကယ်လိုရီနည်းအောင် လျှော့စားရင်းက သစ်သီးတွေကိုတောင် ကယ်လိုရီနည်းနိုင်သမျှနည်းတာ ရွေးစားမိတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အသီးတွေကိုလည်း ရှောင်မိတယ်။ အမျှင်ဓာတ်ပါတာလေးတွေ စားပေးရင် အဆာခံပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကို ထည့်သွင်းစားသုံးပေးပါ။

၃။ အတိုင်းအတာမရှိဘူး

quinoa-salad.jpg 

ကယ်လိုရီတွက်ပြီး စားမယ်ဆိုရင် အတိုင်းအတာ တိကျဖို့လိုတယ်။ ချင်တွယ်ဖို့ ခွက်လေးတွေ ရှိတာထားတော့ လက်မှန်းနဲ့ ပိုစားမိ၊ လျှော့စားမိတာမျိုး မဖြစ်တော့ဘူးလေ။

၄။ အဆီရှောင်တယ်

Tarragon-salmon.jpg

ဟုတ်ပါတယ်။ ဆီပါတဲ့ အစားအစာတွေ၊ ဆီတွေက လူကို ဝစေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ဆီတွေကို မစားဘဲနေတာကတော့ မကောင်းဘူးနော်။

၅။ သွားရေစာမုန့်

mom-daughter-snacking.jpg 

အစားရှောင်တယ်၊ ဝိတ်ချတယ်ဆိုပြီး ကလေးဆီက သွားရေစာမုန့်လေးတွေလည်း ယူဝါးနေမိတယ်။ တစ်ခုတစ်လေစားရုံနဲ့ ဘာမှမဖြစ်ဘူးလို့မထင်နဲ့။ ကလေးတွေစားတဲ့ မုန့်တွေမှာ ကယ်လိုရီများများ ပါတတ်လို့ မစားမိတာ အကောင်းဆုံးပါပဲ။

Source : Eat This

Share

Loading Next Article...
က္က