ရေနွေးနဲ့ရေချိုးခြင်း၊ ရေနွေးဝတ်ကပ်ခြင်း၊ Sauna ထိုင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

Gym ကို ပထမဆုံးအကြိမ် သွားရောက်သူတွေအနေနဲ့ အများဆုံးကြုံရတာက လေ့ကျင့်ခန်းစလုပ်လို့ ကြွက်သားတွေ နာကျင်တောင့်တင်းရတာဖြစ်ပါတယ်။ ကြွက်သားနာကျင်မှုတွေပျောက်အောင်လို့ ဒီနည်းလေးတွေကို လုပ်ကြည့်ပါ။ အမြန်ဆုံးပျောက်သွားမှာဖြစ်လို့ ကိုယ့်ရဲ့လေ့ကျင့်ခန်းလုပ်ချိန်တွေလည်း နောက်ဆုတ်စရာမလိုတော့ဘူးပေါ့။

 

၁။ မှန်ကန်တဲ့စားသောက်မှု

နာကျင်နေတဲ့ကြွက်သားတွေက ကာဘိုဟိုက်ဒြိတ်၊ အဆီနဲ့ အသားဓာတ်တို့ကို အဓိကစားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါတွေက ကြွက်သားနာကျင်မှုကို မြန်မြန်ပျောက်စေတယ်လေ။ ရေများများသောက်ဖို့လည်း လိုပါတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ ကြွက်သားနာတာတွေ ပိုဆိုးနိုင်ပါတယ်။

၂။ ရေခဲ

ကြွက်သားနာကျင်ရောင်ရမ်းမှုတွေကို ရေခဲက သက်သာစေနိုင်ပါတယ်။ နာကျင်တဲ့နေရာတွေကို ရေခဲကပ်ပေးရင် မြန်မြန်သက်သာသွားပါလိမ့်မယ်။

၃။ လှုပ်ရှားမှု

Gym သွားဖူးသူတိုင်း အချင်းချင်း အပြန်အလှန်အားပေးကြတဲ့စကားထဲမှာ "ဆက်လုပ်၊ fighting" စတဲ့စကားတွေက ထိပ်ဆုံးကပေါ့။ ကာယလေ့ကျင့်ခန်းတွေလုပ်လို့ ကြွက်သားတွေနာကျင်နေတဲ့အခါ မရပ်တန့်လိုက်ပါနဲ့။ နောက်နေ့လည်း ဆက်ကစားဖို့ အကြံပေးချင်ပါတယ်။ ပြေးလို့ ကြွက်သားတွေနာကျင်ရတယ်ဆိုရင် လမ်းလျှောက်ကြည့်နိုင်ပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်း သို့မဟုတ် cardio လေ့ကျင့်ခန်းအပေါ့စားလေးတွေကို မိနစ် ၃၀ ထက် မပိုဘဲ လုပ်ပေးမယ် သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်လာမှဖြစ်လို့ ကြွက်သားနာကျင်တောင့်တင်းတာတွေ သက်သာနိုင်ပါတယ်။

၄။ နှိပ်နယ်ပေးပါ

phy12-im-not-injured-so-why-are-my-muscles-sore.jpg 

လေ့ကျင့်ခန်းလုပ်ပြီးလို့ အကြောတွေတောင့်တင်းပြီး ကြွက်သားနာကျင်မှုကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။ နာကျင်နေတဲ့ကြွက်သားကို မိနစ် ၂၀ လောက် နှိပ်နယ်ပေးကြည့်ပါ။

၅။ အပူကုထုံး

အပူကြောင့် သွေးလည်ပတ်မှုပိုကောင်းစေပြီး ကြွက်သားနာကျင်မှုကို ပျောက်စေနိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးခြင်း၊ ရေနွေးဝတ်ကပ်ခြင်း၊ Sauna ထိုင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

၆။ ဂျင်း

လေ့ကျင့်ခန်းမလုပ်မီ ဂျင်းကိုမှီဝဲထားတဲ့အခါ လေ့ကျင့်ခန်းလုပ်လို့ဖြစ်လာတဲ့ ကြွက်သားကျင်မှုတွေကို ၂၅% ပျောက်စေတယ်လို့ လေ့လာမှုတွေက သက်သေပြထားကြပါတယ်။ ရေနွေးထဲကိုဂျင်းလေးနှစ်ပြားလောက်ထည့်သောက်ဖို့ အကြံပေးလိုပါတယ်။

၇။ ချယ်ရီသီးဖျော်ရည်

_main_cherryjuice_1.jpg 

ချယ်ရီသီးမှာပါဝင်တဲ့ အစွမ်းသတ္တိတွေက ကြွက်သားနာကျင်မှုမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချယ်ရီသီးဖျော်ရည်လေး သောက်ပေးလိုက်မယ်ဆိုရင်လည်း ကြွက်သားနာတာတွေ မြန်မြန်ပျောက်ပါလိမ့်မယ်။



ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်။

Source : Mens' Health, Now Loss

Share

Loading Next Article...
က္က