ပျားရည်မှာ ဆီးချိုသမားတွေအတွက် ကောင်းမွန်တဲ့အာဟာရဓာတ်တွေ ပါဝင်နေတာကိုကော သိပါသလား။
 

ပျားရည်ဆိုတာ သဘာဝအတိုင်း ချိုမြနေတဲ့အချိုရည်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပျားရည်မှာ ဆီးချိုသမားတွေအတွက် ကောင်းမွန်တဲ့အာဟာရဓာတ်တွေ ပါဝင်နေတာကိုကော သိပါသလား။ ပျားရည်ရဲ့ အရသာက ချိုနေလို့ ပျားရည်နဲ့သကြားက သဘောတရားတူတူပဲလို့တော့ အဓိပ္ပာယ်မရပါဘူး။ တကယ်တမ်းကျတော့ ပျားရည်က ဆီးချိုသမားတွေအတွက် ကောင်းပါတယ်။

ဆီးချိုရောဂါဆိုတာ ဘာလဲ

RTR45WIO.jpg 

ဆီးချိုရောဂါဆိုတာ သွေးတွင်းအချိုဓာတ်များပြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါတစ်မျိုးပါပဲ။ ခန္ဓာကိုယ်က အင်ဆူလင်ဓာတ် အလုံအလောက် မထုတ်ပေးနိုင်တဲ့အချိန်မှာ ဖြစ်ပွားတဲ့ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အင်ဆူလင် (insulin) ဆိုတာကတော့ အစားအစာတွေမှာပါရှိတဲ့ ဂလူးကို့စ်ကို ဆဲလ်တွေမှာစွမ်းအင်အဖြစ်အသုံးပြုနိုင်အောင် စီစဉ်ပေးတဲ့၊ ပန်ခရိယဂလင်းတွေက ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။

ဂလူးကို့စ်ဓာတ်ဟာ ဆဲလ်တွေဆီကိုမရောက်ရှိနိုင်တော့တဲ့အခါ သွေးထဲမှာပဲနေပြီး သွေးတွင်းအချိုဓာတ်ကို မြင့်တက်စေ ပါတော့တယ်။ အဲဒီအချိုဓာတ်တွေ၊ ကစီဓာတ်တွေကို စွမ်းအင်အဖြစ် မသုံးနိုင်တော့တဲ့အခါ ဆီးကပဲပြန်လည်စွန့်ထုတ်ရပါတော့တယ်။

ရောဂါလက္ခဏာတေကတော့ ဆီးခဏခဏသွားမယ်။ ရေခဏခဏငတ်မယ်။ ဗိုက်ခဏခဏဆာမယ်။။ ကိုယ်အလေးချိန်ကျဆင်းမယ်။ မောပန်းလွယ်မယ်။ မူးဝေမယ်။ ဆီးချိုရောဂါ (၂) မျိုးရှိပြီး Type 1 နဲ့ type 2 ဆိုပြီး အမျိုးအစားခွဲခြားထားပါတယ်။ Type 1 ဆီးချိုရောဂါသည်တွေမှာတော့ ခန္ဓာကိုယ်က အင်ဆူလင်လုံးဝမထုတ်လုပ်ပေးနိုင်တော့ပါဘူး။

Type 2 ဆီးချိုရောဂါမှာကျတော့ အင်ဆူလင်လုံလောက်စွာ မထုတ်လုပ်ပေးနိုင်တော့တာဖြစ်နိုင်သလို ဆဲလ်တွေက မှန်ကန်စွာမသုံးနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ Type 2 ဆီးချိုရောဂါသည်တွေဟာ ကိုယ်အလေးချိန်တိုးလာနိုင်ပြီး အင်ဆူလင် များပြားခြင်းကြောင့် အဝလွန်ရောဂါလည်းရနိုင်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေက ကလူးကို့စ်တွေကို ကြွက်သားဆဲလ်တွေထဲကို မပို့နိုင်တော့တဲ့အတွက် ကလူးကို့စ်တွေဟာ အဆီနဲ့ ကိုလက်စထရောအဖြစ် ပြောင်းလဲသွားရတာ ဖြစ်ပါတယ်။

ပျားရည်ဟာ သဘာဝအချိုရည်ဖြစ်တဲ့အတွက် အာဟာရဓာတ်တွေ၊ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝပြီး ဇီဝကမ္မလုပ်ဆောင်မှုတွေ ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ပျားရည်ကို ဆီးချိုရောဂါသည်တွေအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးမလဲဆိုတော့....

၁။ ပျားရည်နဲ့ဒိန်ချဉ်

yogurt.jpg 

မနက်အစောပိုင်းအချိန်မှာ ဒိန်ချဉ်ကို ပျားရည်စစ်စစ်နဲ့ရောစားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ အဲဒီအတွက် လိုအပ်တာကတော့ ပျားရည်စစ်စစ် (၁/၂) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ပျားရည်နဲ့ ဒိန်ချဉ်ကို ရောသမမွှေပေးလိုက်ပါ။ ရလာတဲ့ပျားရည် ဒိန်ချဉ်လေးကို ဘာမှမစားရသေးတဲ့အချိန် မနက်အစောပိုင်းမှာ စားပေးလိုက်ပါ။ တစ်လလောက် နေ့တိုင်းလုပ်ပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်လျော့နည်းလာတာကို တွေ့ရှိရမှာပါ။

၂။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်

1-med-i-cimet-volshebna-kombinacija-koja-kje-vi-go-promeni-zhivotot-ako-ja-konsumirate-navecher-kafepauza.mk_.jpg 

လူသိများတဲ့ ဒီဆေးမြီးတိုလေးကတော့ ဆီးချိုသမားတွေအတွက် တစ်ချက်ခုတ်၊ သုံးချက်ပြတ် ဆေးမြီးတိုလေးဖြစ်ပါတယ်။ ဒီဆေးမြီးတိုလေးက သွေးတွင်းအချိုဓာတ်ကျဆင်းစေရုံသာမက ဇီဝကမ္မလုပ်ဆောင်မှုတွေကိုလည်း မြန်ဆန်စေပါတယ်။ နောက်ပြီး ကိုလက်စထရောတွေကိုလည်း ကျဆင်းစေလို့ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ပျားရည်စစ်စစ် (၁) ဇွန်းရယ်၊ သစ်ကြံပိုးခေါက်မှုန့် (၁) ဇွန်းရယ်၊ ရေနွေးပွက်ပွက်ဆူ (၂၅၀) မီလီလီတာတို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး သစ်ကြံပိုးခေါက်မှုန့်ကို ရေနွေး (၂၅၀) မီလီ လီတာပါဝင်တဲ့ ရေနွေးခွက်ထဲကို ထည့်လိုက်ပါ။ သစ်ကြံပိုးခေါက်မှုန့် လုံးဝပျော်ဝင်သွားအောင် အဖုံးဖုံးပြီး နာရီဝက်လောက် ဒီတိုင်းထားပေးလိုက်ပါ။ ပြီးရင် မလိုလားအပ်တဲ့ အမှုန်အမွှားတွေကို ဖယ်ရှားဖို့ ရလာတဲ့ပျော်ရည်ကို ဇကာခံပြီး စစ်ထုတ်ပေးလိုက်ပါ။

ပြီးရင်တော့ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းလောက်ထည့်ပြီး ရောမွှေပေးလိုက်ပါဦး။ ဒီဖျော်ရည်ကိုလည်း မနက်တိုင်း မနက်စာမစားရသေးခင် (၂) ပတ်လောက် သောက်ပေးပါ။ မနက်စာစားချိန်နဲ့ ဒီဖျော်ရည်သောက်ချိန်ကို အနည်းဆုံး နာရီဝက်လောက်ခြားထားပေးပါ။

၃။ ပျားရည်၊ ဂျင်းနဲ့ သံပုရာ လက်ဖက်ရည်

Honey-Ginger-And-Lemon-Tea.jpg 

ပျားရည်နဲ့ ဂျင်းလက်ဖက်ရည်ထဲမှာ သံပုရာသီးလေးတစ်စိတ်လောက်ညှစ်ထည့်ထားတဲ့ လက်ဖက်ရည်လား။ ပြီးပြည့်စုံတဲ့ မနက်ခင်းအချိန်လေးအတွက်တော့ အကောင်းဆုံးပါပဲ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ (၂) လက်မအရွယ် ဂျင်းတစ်တောင့်၊ သံပုရာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာခန့်၊ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာခန့်၊ လက်ဖက်ရွက် လက်ဖက်ရည်ဇွန်း (၁/၂) ခန့်၊ ရေ (၄) ခွက်စာခန့်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ ဂျင်းရယ်၊ လက်ဖက်ရွက်ရယ်၊ ရေရယ်ကို ရောထည့်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်မှာ (၁၅) မိနစ်ကနေ မိနစ် (၂၀) ကြား အပူပေးလိုက်ပါ။

အချိန်စေ့ရင်တော့ မီးပိတ်ပြီး သံပုရာရည်ထည့်ပေးလိုက်ပါ။ ရေနွေးထဲမှာ သံပုရာရည် လုံးဝပျော်ဝင်သွားသည်အထိ ကောင်းကောင်းမွှေပေးလိုက်ပါ။ ပြီးရင် ခဏနှပ်ထားပေးပြီး ခွက်တွေထဲကို ပြောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ပျားရည်ထည့်ပြီး မနက်ခင်းအချိန်မှာသောက်သုံးပေးနိုင်ပါပြီ။

Source: stylecraze

Share

Loading Next Article...
က္က