ဂျင်းတက်ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုလာတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။
 

ဂျင်းတက်ဟာ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုလာတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးနဲ့ ဆေးဖက်ဆိုင်ရာအသုံးဝင်မှုတွေကြောင့် လူသိများပါတယ်။ ဂျင်းကို အစိမ်း၊ အခြောက်၊ အမှုန့်၊ အရည်အဖြစ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စားသုံးကြပြီး ဘယ်လိုအစားအစာမျိုးမှာမဆို ထည့်သွင်းနိုင်ပါတယ်။ ဂျင်းရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့...

၁။ အစာခြေစနစ် ပိုမိုကောင်းမွန်စေတယ်

Honey-Ginger-And-Lemon-Tea.jpg 

အစာအိမ်ရဲ့အဆင်မပြေမှုလေးတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ဗိုက်နာတာ၊ လှုပ်ရှားရင်းမူးဝေတာ၊ အော့အန်ချင်တာ စတာတွေကို ကုစားပေးရာမှာ ဂျင်းက အကောင်းဆုံးပါပဲ။ အမျှင်ဓာတ်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ဒီဂျင်းလေးကို မှီဝဲပေးခြင်းဟာ တံတွေးနဲ့ အစာခြေစနစ်ထဲက အရည်တွေကိုနှိုးဆွပေးပြီး အစာအိမ်ကို ထိခိုက်စေတဲ့အရာတွေကို တိုက်ဖျက်ပေးတဲ့အရာတစ်ခုအဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။

၂။ သွားကိုက်ပျောက်တယ်

Pain-Guy.jpg 

ဂျင်းစိမ်းဟာ ဆိုးရွားတဲ့သွားကိုက်ဝေဒနာကို တစ်ခဏအတွင်း သက်သာပျောက်ကင်းစေတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ တံထွေးနဲ့ ဘက်တီးရီးယားပိုးမွှား တိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို နှိုးဆော်ပေးတဲ့အတွက် သွားကိုက်ဝေဒနာကို သက်သာစေတာပါ။ နောက်ပြီး ဂျင်းဟာ အရေပြားရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ကွန်ပေါင်းတွေကို စုပ်ယူနိုင်တဲ့ဂုဏ်သတ္တိလည်း ပါရှိပါတယ်။

၃။ အအေးမိခြင်းနဲ့ တုပ်ကွေးဝေဒနာကို တိုက်ဖျက်နိုင်တယ်

ဗိုက်တာမင် စီဟာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပြီး ဂျင်းမှာ အအေးမိခြင်းနဲ့ တုပ်ကွေးဝေဒနာကို တိုက်ဖျက်နိုင်တဲ့ ဗိုက်တာမင်တွေ ပါဝင်ပါတယ်။ နောက်ပြီး ဂျင်းတက်ဟာ သဘာဝ ရင်ကြပ်ပျောက်ဆေးနဲ့ ဓာတ်မတည့်ရောဂါ ပျောက်ဆေးတစ်ခုအဖြစ်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဂျင်းလက်ဖက်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင် အအေးမိဝေဒနာနဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်ပြီး လည်ချောင်းနာဝေဒနာကိုလည်း ပျောက်ကင်းစေပါတယ်။

၄။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ကင်းစင်စေပါတယ်

cel-mai-eficient-ceai-de-ghimbir.jpg 

ဂျင်းဟာ ချွေးထွက်ခြင်းကတဆင့် ကိုယ်တွင်းအဆိပ်အတောက်အများစုကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး ဂျင်းကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ချွေးထွက်ခြင်းကိုဖြစ်စေတဲ့အတွက် ကိုယ်တွင်းအဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒါကြောင့်လည်း detox water အများစုမှာ ဂျင်းကိုပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းကြတာဖြစ်ပါတယ်။

၅။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ (သို့) ဂျင်းတက် (၅) စိတ်လောက်ကို မှီဝဲပေးခြင်းက ခန္ဓာကိုယ်မှာလိုအပ်တဲ့ မဂ္ဂနီစီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ ခရိုမီယမ်ဓာတ်တွေ ပြည့်ဝစေပါတယ်။ အဲဒီဓာတ်တွေ အကုန်လုံးက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၆။ သွေးတိုးကျစေတယ်

Hypertension.jpg 

သွေးတိုးရောဂါဟာ နှလုံးသွေးကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်မျိုးလည်းဖြစ်ပါတယ်။ နှစ်ထောင်ပေါင်းများစွာကတည်းက အရှေ့တိုင်းယဉ်ကျေးမှုမှာ ဂျင်းကို သွေးတိုးကျစေဖို့အတွက် ဆေးမြီးတိုတစ်မျိုးအတွက် အသုံးချကြတာဖြစ်ပါတယ်။ နောက်ပြီး သွေးတိုးကျစေပြီး သွေးတိုးနဲ့ နှလုံးကျန်းမာရေးကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

Source: healthyhubb

Share

Loading Next Article...
က္က