အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။

ကိုယ်ခန္ဓာကြံ့ခိုင်လှပဖို့အတွက် gym သွားပြီး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ လေ့ကျင့်ခန်းလုပ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ အစားအသောက်၊ အနေအထိုင်ပိုင်းမှာလည်း ကျန်းမာတဲ့ပုံစံရရှိဖို့ လိုပါတယ်။ အဆိုးဆုံးတစ်ခုကိုပြောရရင်တော့ ကာယလေ့ကျင့်ခန်းတွေ ကြိုးစားပမ်းစား လုပ်ခဲ့ပြီးကာမှ အစားအသောက် မဆင်ခြင်ဘူးဆိုရင် ကိုယ်လေ့ကျင့်ထားသမျှ အလဟဿဖြစ်သွားနိုင်ပါတယ်။

၁။ အဆီများတဲ့အစားအစာတွေ

fried-skewers.jpg 

ဆီကိုရှောင်လိုက်ပါ။ ဆီများတဲ့ အစေ့အဆံ၊ အကြော်တွေဟာ လေ့ကျင့်ခန်းလုပ်ပြီးစမှာ စားဖို့မသင့်ပါဘူး။ ဆီက အစာခြေစနစ်ကိုနှေးကွေးသွားစေတာကြောင့် ကြွက်သားတွေကို အာဟာရရောက်ရှိမှု နှေးသွားရပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေကို စားပေးနိုင်ပါတယ်။

၂။ Fast Food

chicken-nuggets.jpg 

အသင့်စားနိုင်တဲ့ အလွယ်စာ (fast food) တွေကလည်း လေ့ကျင့်ခန်းလုပ်ပြီးစ လူတစ်ယောက်အဖို့ မစဉ်းစားသင့်တဲ့အရာတွေပါ။ လူက ပင်ပန်းနေတော့ အငန်ကို စားချင်စိတ်ဖြစ်လာတယ်။ Fast food တွေမှာ ဆားများများ၊ ဆီများများ သုံးထားလို့ မစားသင့်ပါဘူး။

၃။ အသား

center-cut-steak.jpg 

ကိုယ်ခန္ဓာလှုပ်ရှားထားပြီးနောက်မှာ ခန္ဓာကိုယ်က အသားဓာတ်နဲ့ ကာဘိုဟိုက်ဒြိတ်ဓာတ်ကို အဓိကလိုအပ်ပါတယ်။ ဒါပေမဲ့ အသားစားဖို့ကိုတော့ မတိုက်တွန်းချင်ပါဘူး။ Steak လိုမျိုး အသားတုံးတွေကို စားလိုက်ရင် အစာကြေဖို့ခက်သွားလို့ပါ။ တူနာငါးနဲ့ထမင်းကို စားမယ်ဆိုရင် အသားဓာတ်ရော ကာဘိုဟိုက်ဒြိတ်ဓာတ်ပါ ရရှိပါလိမ့်မယ်။

၄။ ဟင်းသီးဟင်းရွက်စိမ်း

322707ec3dddd8fde3dbcc1cda056ae8.jpg 

တကယ်တော့ ဟင်းသီးဟင်းရွက်ဆိုတာ လူကို အရမ်းကောင်းကျိုးပေးတဲ့ အစားအစာတွေပါ။ အမြဲတမ်းလည်း စားသင့်တယ်ဆိုပေမဲ့ ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ထားစ အနေအထားမျိုးမှာဆိုရင်တော့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်စားတာမျိုးကို ရှောင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပင်ပန်းထားတဲ့ ခန္ဓာကိုယ်က အားပြန်ဖြည့်ပေးဖို့ လိုအပ်နေလို့ပါပဲ။ ကယ်လိုရီ၊ ကွာလတီမြင့်တဲ့ ကာဘိုဟိုက်ဒြိတ်နဲ့ အသားဓာတ်ပါတာတွေကို စားသုံးပေးမှသာ မြန်မြန်ဆန်ဆန် အားဖြစ်မှာပါ။

၅။ ဆိုဒါ

soda-pop-glass.jpg 

ကဖင်းဓာတ်ကို တောင့်တလို့ပဲဖြစ်ဖြစ်၊ ကြိုက်လို့ပဲဖြစ်ဖြစ် ဆိုဒါပါတဲ့အအေးတွေကို သောက်မယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း မသောက်သင့်ပါဘူး။ တကယ်တော့ ဆိုဒါပါတဲ့ အအေးတွေက ကျန်းမာရေးအတွက်မသင့်လျော်ကြောင်း ပညာရှင်တွေက သတိပေးထားကြပြီးသားဖြစ်ပါတယ်။ Gym ကစားပြီးလို့ မောပန်းတဲ့အခါ ခန္ဓာကိုယ်က လိုအပ်တာ ရေဓာတ်ဖြစ်ပါတယ်။ ဆိုဒါမဟုတ်ပါဘူး။ ဆိုဒါသောက်လိုက်ရင် လေထိုးလေအောင့်ဖြစ်သွားပါဦးမယ်။

ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်။

Source : Eat This

Share

Loading Next Article...
က္က