စစ်လက်နက်ပိုင်ရှင်တွေက တစ်ယောက်နဲ့တစ်ယောက် ထဆော်လိုက်။ ဆန်းပြားလှတဲ့ရောဂါအဆန်းကြီးတွေကလည်း တစ်မျိုးပြီးတစ်မျိုးပေါ်လာလိုက်နဲ့။
 

စစ်ပွဲတွေ၊ နာမကျန်းမှုတွေ၊ ကပ်ဆိုးတွေကြားမှာ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့မျိုးဆက်ဟာ သောကများခြင်းဝေဒနာကို ဆိုးဝါးစွာခံစားနေရပါတယ်။ ဘယ်အချိန်မှာ ဘာရောဂါပိုးမွှားက ကျွန်တော်တို့ကို ကူးစက်မယ်ဆိုတာကိုလည်း မသိနိုင်ဘူး။ စစ်လက်နက်ပိုင်ရှင်တွေက တစ်ယောက်နဲ့တစ်ယောက် ထဆော်လိုက်။ ဆန်းပြားလှတဲ့ရောဂါအဆန်းကြီးတွေကလည်း တစ်မျိုးပြီးတစ်မျိုးပေါ်လာလိုက်နဲ့။ သောကများခြင်းဝေဒနာဟာ ကမ္ဘာသူကမ္ဘာသားတွေအတွက်တော့ နိစ္စဓူဝ ကြုံတွေ့လာရနိုင်တဲ့ ဝေဒနာတစ်မျိုးပါပဲ။

တစ်ခုရှှိတာက စိတ်မကျန်းမာခြင်းဝေဒနာဆိုတာ ခန္ဓာကိုယ်မကျန်းမာခြင်းနဲ့ ကွဲပြားစွာပဲ... အကောင်အထည်မမြင်ရပါဘူး။ စိတ်မကျန်းမာသူတွေဟာ သူတို့ရဲ့စိတ်သောကတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေကို ထုတ်ဖော်ပြသခြင်းမပြုဘဲ လူတွေနားမှာ ပုံမှန်လိုပဲ ဆက်နေနေတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်သောကသည်တွေ၊ စိတ်ဒုက္ခရောက်နေသူတွေ အများကြီးရှိနေနိုင်ပါတယ်။ ခင်ဗျားကိုယ်တိုင်လည်း တစ်ဦး အပါအဝင် ဖြစ်နေနိုင်ပါတယ်။

အောက်မှာဖော်ပြထားတာကတော့ စိတ်သောကများလွန်းခြင်းဝေဒနာ ခံစားနေရသူတစ်ဦး ပြုမူလုပ်ဆောင်တတ်တဲ့ အပြုအမူတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေကို မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းထဲမှာ ခံစားနေရတာကို တွေ့မိတာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် နှစ်သိမ့်ဆွေးနွေးပေးသင့်ပါတယ်။

၁။ တည်ငြိမ်ချင်ယောင်ဆောင်နေပေမယ့် မတည်ငြိမ်နိုင်ဘူး

o-ANXIETY-SLEEP-facebook.jpg 

စိတ်သောကရောက်နေပေမယ့် ရောဂါလက္ခဏာတွေကို ဖုံးကွယ်ထားနိုင်ပါတယ်။ လူတွေကြားမှာပဲ ပြုံးလိုက်၊ ရယ်လိုက်၊ စကားလေးပြောလိုက်နဲ့ပဲ ဆက်ရှိနေနိုင်ပါတယ်။ ဆေးပညာသဘောတရားအရတော့ ဒါကို "High functioning anxiety" (လုပ်ဆောင်မှုမြင့်မားတဲ့ စိတ်သောကဝေဒနာ) လို့ ခေါ်ဝေါ်ပါတယ်။

စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ သောကဝေဒနာတွေ၊ အတွေးတွေကို ဖုံးကွယ်ထားနိုင်ဖို့ စိတ်ထဲမှာပဲ ကြိုးစားလုပ်ဆောင်နိုင်ပါတယ်။ နှလုံးခုန်နှုန်းတွေမြန်နေပေမယ့်၊ လက်ဖဝါးမှာချွေးတွေပြန်နေပေမယ့် လူတွေရဲ့မျက်လုံးရှေ့မှာတော့ တည်ငြိမ်နေအောင်၊ အေးဆေးဖြစ်နေအောင် ဟန်ဆောင်ထားပါလိမ့်မယ်။

၂။ ကိုယ်တိုင်မချိုးဖျက်နိုင်တဲ့ အကျင့်လေးတွေရှိမယ်

p022j32k.jpg 

စိတ်သောကဝေဒနာခံစားနေရချိန်မှာ ခင်ဗျားအလုပ်ချင်ဆုံးက အဲဒီသောကကြီးကို ဖယ်ရှားပစ်ချင်တာပါပဲ။ အဲဒီနေရာမှာ ဖောက်ဖျက်မရတဲ့အကျင့်ဆိုးလေးတွေ ဖြစ်လာပါတော့တယ်။ ဥပမာ... စိတ်ဖိစီးမှုတွေ၊ ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ ကိုယ့်လက်သည်းကိုယ် ပြန်ကိုက်မိမယ်။ အသက်ရှူမဝသလိုဖြစ်လာတိုင်း သက်ပြင်းတွေချမိမယ်။ ဒါမှမဟုတ် မကြာခဏ သမ်းဝေမိမယ်။ စိတ်ထဲမှာမသက်မသာခံစားလာရတိုင်း သန့်ရှင်းရေးထလုပ်တာတို့၊ တစ်ခုခုထချက်တာတို့၊ သောကရောက်စရာ အတွေးကနေ မိမိစိတ်ကိုဖယ်ရှားဖို့ ဘေးမှာရှိတဲ့တစ်ယောက်ယောက်နဲ့ တစ်ခုခုထပြောတာတို့ လုပ်မိပါလိမ့်မယ်။

၃။ အရာရာတိုင်းကို ဝင်ခံစားတယ်

15263165_s.jpg

သူငယ်ချင်းတစ်ယောက် တစ်ယောက်ယောက်နဲ့ ဖုန်းပြောရင်းစကားများနေတာပဲဖြစ်ဖြစ်၊ ကိုယ်ဆော့နေကျ Gym က trainer က လစဉ်ကြေးမသွင်းရသေးတဲ့ မမ်ဘာတစ်ယောက်အကြောင်း ပြောနေတာပဲဖြစ်ဖြစ်၊ အဲဒီကိစ္စတွေက ကိုယ်နဲ့ဘာမှမပတ်သက်မှန်း စိတ်ထဲကသိနေတာတောင် "ငါ့ကိုများပြောနေလားမသိဘူး" ဆိုပြီး စိတ်ထဲက အလိုလိုစိုးရိမ်မိတတ်ပါတယ်။ ငါများ ဘာအမှား လုပ်မိလဲ။ ငါ ဘာလို့ မသိလိုက်ရတာလဲ။ စိတ်ထဲမှာ အလိုလိုသောကရောက်နေပြီး လူတိုင်းလူတိုင်းက ခင်ဗျားကိုပဲ ဝိုင်းကြည့်နေသလိုလို၊ သူတို့ဖာသာ စကားပြောရင်း ရယ်မောနေတာတွေကိုလည်း ကိုယ့်ကို ဝိုင်းလှောင်ရယ်နေသလို ခံစားရပါလိမ့်မယ်။

၄။ နီးမှ ပလန်တွေဖျက်ပစ်တယ်

Fear-and-Anxiety-An-Age-by-Age-Guide-to-Fears-Why-and-What-to-Do.jpg 

သောကဝေဒနာခံစားနေရသူတွေဟာ ချိန်းထားပြီးမှ အစီအစဉ်တွေဖျက်ပစ်တတ်သူတွေပါ။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ လျှောက်လည်ဖို့ ချိန်းထားတာပဲဖြစ်ဖြစ် ရုတ်တရက်ပေါ်လာတဲ့ လူတွေနဲ့တွေ့ရမှာ ကြောက်တဲ့စိတ်နဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပစ်မိတတ်ပါတယ်။ ဒီလိုအပြုအမူမျိုး ကိုယ်တိုင်လုပ်မိတယ်ဆိုရင် မိမိရဲ့စိတ်သောကဝေဒနာကို ဆရာဝန်နဲ့ ပြသ တိုင်ပင်ကြည့်သင့်ပါပြီ။ မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတွေဆီမှာ သောကဝေဒနာနဲ့ ဆက်နွယ်တဲ့ အပြုအမူတွေကို တွေ့မြင်ရရင်လည်း နှစ်သိမ့်ဆွေးနွေးပြီး လိုအပ်ရင် ကျွမ်းကျင်သူဆရာဝန်နဲ့ ပြသစစ်ဆေးမှု ခံယူဖို့ တိုက်တွန်းပါ။

Source: healthyhubb

Share

Loading Next Article...
က္က