ချောင်းဆိုးခြင်းဆိုတာ ချွဲ၊ သလိပ်၊ ဖုန်မှုန့် လိုအရာတွေ လည်ချောင်းနဲ့ လေပြွန်ထဲကိုဝင်လာတဲ့အခါ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်တဲ့ တုံ့ပြန်မှုတစ်မျိုးပဲဖြစ်ပါတယ်။
 

ချောင်းဆိုးခြင်းဆိုတာ ချွဲ၊ သလိပ်၊ ဖုန်မှုန့် လိုအရာတွေ လည်ချောင်းနဲ့ လေပြွန်ထဲကိုဝင်လာတဲ့အခါ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်တဲ့ တုံ့ပြန်မှုတစ်မျိုးပဲဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားကူးစက်မှု၊ ဖုန်မှုန့်နဲ့ လေထဲကအညစ်အကြေးတွေ၊ ဆေးလိပ်သောက်ခြင်း၊ နှလုံးမကောင်းခြင်း တို့ဟာ ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်း တစ်မျိုးပါပဲ။

ဈေးကွက်မှာအလွယ်တကူဝယ်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ချောင်းဆိုးခြင်းကိုဖယ်ရှားလို့ရတယ်ဆိုပေမယ့် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ပဲ DIY (Do It Yourself) ချောင်းဆိုးပျောက်ဆေးလေးတွေ ဖန်တီးလို့ရပါတယ်။

၁။ ဂျင်း၊ ငရုပ်သီးမှုန့်၊ ပျားရည်နဲ့ ပန်းသီးရှာလကာရည်

apple-cider-vinegar-honey-drink-for-colds-hip2save.jpg 

ပါဝင်ပစ္စည်းတွေကတော့ ချင်းစိမ်း (ဂျင်း) မှုန့်၊ ငရုပ်သီးမှုန့်၊ ပျားရည်နဲ့ ပန်းသီးရှာလကာရည် (apple cider vinegar) တို့ပဲ ဖြစ်ပါတယ်။ ပျားရည်က ယားယံနေတဲ့လည်ချောင်းကို သက်သာစေပြီး ပန်းသီးရှာလကာရည်ကတော့ အဏုဇီဝပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်စွမ်း၊ anti-inflammatory (ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်း) တို့ရှိတဲ့အတွက် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ ငရုပ်သီးမှုန့်ကတော့ ချွဲ၊ သလိပ်တွေကိုရှင်းပေးနိုင်ပြီး လည်ချောင်းကိုလည်းရှင်းစေပါတယ်။

ပြုလုပ်နည်းကတော့... ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်းစာနဲ့ ချင်း (ဂျင်း) မှုန့် လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်းစာ တို့ကို ရောလိုက်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ အော်ဂဲနစ် ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ ပန်းကန်တစ်လုံးထဲမှာ ထပ်ရောလိုက်ပါ။ ကောင်းကောင်းရောမွှေပြီးရင် ချောင်းဆိုးပျောက်ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနဲ့ ခပ်ပြီး (၁) ဇွန်း (သို့) (၂) ဇွန်း မိမိလိုအပ်သလောက် သောက်သုံးပေးနိုင်ပါတယ်။

၂။ ပူစီနံရွက်နဲ့ ပျားရည်

Lemon-Balm-Honey-Syrup-1024x1024.jpg 

ပူစီနံရွက်က ချွဲ၊ သလိပ်ကို လျှော့နည်းစေတဲ့ ရင်ကြပ်ပျောက်ဆေးတစ်မျိုးအဖြစ် လုပ်ဆောင်ပေးတဲ့အတွက် ချွဲတွေကိုရှင်းလင်းစေပြီး လည်ချောင်းယားယံခြင်းကိုလည်း သက်သာစေပါတယ်။

ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ ချင်းစိမ်း (ဂျင်းစိမ်း) ကို ပါးပါးလှီးထားတာ လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ ရေ (၄) ခွက်ရယ်ကို ဒယ်အိုးတစ်လုံးထဲ ထည့်လိုက်ပါ။ ဆူပွက်အောင်ကြိုချက်ပြီး ဒယ်အိုးထဲကရေက တစ်ဝက်လောက်လျော့သွားပြီဆိုရင် မီးကိုလျှော့လိုက်ပါ။ ပြီးရင် ရလာတဲ့အရည်ကို ဇကာနဲ့စစ်ထုတ်ပြီး အအေးခံလိုက်ပါ။ အေးသွားပြီဆိုရင် ပျားရည် (၁) ခွက်လောက် ရောပြီး ပျော်ဝင်သွားအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ပုလင်းတစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ သိုလှောင်ထားပေးလိုက်ပါ။ ပြီးရင်တော့ ချောင်းဆိုးပျောက်အောင် နာရီအနည်းငယ်ကြာတိုင်း လက်ဖက်ရည် ဇွန်းနဲ့ တစ်ဇွန်းလောက် သောက်ပေးလိုက်ပါ။

၃။ အုန်းဆီ၊ သံပုရာရည်၊ ပျားရည်

orange-honey.jpg 

ပါဝင်ပစ္စည်းတွေကတော့ အုန်းဆီ၊ သံပုရာရည်နဲ့ ပျားရည်တို့ ဖြစ်ပါတယ်။ အုန်းဆီမှာ အဏုဇီဝပိုးမွှားငယ်လေးတွေကို ချေမှုန်းနိုင်တဲ့ ဂုဏ်သတ္တရှိပြီး ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလို့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ သံပုရာရည်နဲ့ ပျားရည်ကို ပေါင်းစပ်တာကတော့ ရှေးလူကြီးတွေသုံးစွဲခဲ့တဲ့ သဘာဝချောင်းဆိုးပျောက်ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။

သံပုရာသီးမှာပါဝင်တဲ့ ဗိုက်တာမင် စီဟာ ချောင်းဆိုးခြင်းကိုထိန်းချုပ်နိုင်ပြီး ကူးစက်ရောဂါတွေကိုတိုက်ဖျက်ဖို့အတွက် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ ပျားရည်ကတော့ ချွဲဖြစ်စေတဲ့ အမြှေးပါးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။

အရင်ဆုံး အော်ဂဲနစ်အုန်းဆီ (၂) ဇွန်းရယ်၊ သံပုရာရည် (၃) ဇွန်းရယ်၊ ပျားရည် (၁/၄) ခွက်ရယ်ကို ဒယ်အိုးတစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံး သမသွားအောင်အပူပေးလိုက်ပြီး မီးပိတ်လိုက်ပါ။ ပြီးရင် ပူပူနွေးနွေး ချောင်းဆိုးပျောက်ဆေး ရည်လေးကို လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်းလောက် ခပ်သောက်လိုက်ပါ။ ဒါမှမဟုတ် ရေနွေးကြမ်းထဲမှာ ရောထည့်ပြီးသောက်လိုက်ပါ။ ကျန်တဲ့ ချောင်းဆိုးပျောက်ဆေး တွေကိုတော့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပြီး သောက်တော့မယ်ဆိုတော့မှ ပြန်အပူပေးနိုင်ပါတယ်။

Source: diyremedies

Share

Loading Next Article...
က္က