စက္ကန့် ၃ဝ နဲ့ အများဆုံး  ၁ မိနစ်အထိပဲ နှိပ်ပေးလိုက်မယ်ဆို ခေါင်းကိုက်တာတွေ ၅ မိနစ်မှ ၁၀မိနစ်အတွင်း ချက်ချင်းသက်သာသွားပါလိမ့်မယ်။

ခေါင်းကိုက်ပြီဆိုတာနဲ့ အရင်ဆုံးစဉ်းစားမိတာက အကိုက်အခဲပျောက်ဆေးတွေပဲမဟုတ်လား။ ခေါင်းကိုက်ပျောက်ဆေး ရှာမရဖြစ်နေချိန်မှာ ခေါင်းကိုက်လာပြီဆိုရတော့ ခံစားချက်က ငရဲကျနေသလိုပဲဆိုတာ ကြုံဖူးသူတွေမှသိမယ်။ ခေါင်းတစ်ခုလုံး ပွင့်ထွက်တော့မလို ခံစားချက်ကြီးက အတော်ဆိုးရွားပါတယ်။ ခေါင်းကိုက်ပျောက်စေမယ့် တရုတ်ရိုးရာကုထုံးတချို့ဟာ တကယ်ပဲလက်တွေ့ပျောက်ကင်းစေကြောင်း အာရုံကြောဆိုင်ရာသိပ္ပံနည်းကျလေ့လာမှုတွေက အတည်ပြုထားကြပါတယ်။

 

ဒီကုထုံးကိုအသုံးပြုမယ်ဆိုရင် ပထမဆုံးအနေနဲ့ ခန္ဓာကိုယ်က သက်တောင့်သက်သာအနေအထားမှာ နေပေးရပါမယ်။ ခေါင်းကိုက်ပျောက်စေမယ့် နေရာလေးကို လက်ချောင်းထိပ်လေးတွေကိုသုံးပြီး အသာအယာနှိပ်ပေးရတယ်။ အကြာကြီးမဟုတ်ဘူး။ စက္ကန့် ၃ဝ နဲ့ အများဆုံး  ၁ မိနစ်အထိပဲ နှိပ်ပေးလိုက်မယ်ဆို ခေါင်းကိုက်တာတွေ ၅ မိနစ်မှ ၁၀မိနစ်အတွင်း ချက်ချင်းသက်သာသွားပါလိမ့်မယ်။

၁။ Yintang Point

12483560-13424960-1-0-1490287452-1490287468-650-8-1490287468-650-e8e0ad3411-1490340722.jpg

ယင်တန်ဆုံချက်နေရာက မျက်ခုံးနှစ်ခုကြားက အလယ်တည့်တည့်နေရာဖြစ်ပါတယ်။ နဖူးနဲ့နှာခေါင်းအစပ်နေရာပါ။ မျက်လုံးတဝိုက် နွမ်းနယ်တာတွေကို သက်သာစေတယ်။

၂။ Zan Zhu Points

12483610-13425060-2-0-1490287609-1490287613-650-10-1490287613-650-e8e0ad3411-1490340722.jpg 

မျက်ခုံးအတွင်းပိုင်း၊ နှာခေါင်းဘေးက နေရာနှစ်ခုပါ။ ဒီနေရာလေးကို လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်ပေးမယ်ဆိုရင် နှာစေး၊ နှာယို သက်သာစေပြီး အမြင်အာရုံကြည်လင်လာပါလိမ့်မယ်။ လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍန် ၁ မိနစ်ခန့် နှိပ်ပေးပါ။

၃။ Yingxiang Points

12483660-13425160-3-0-1490287730-1490287734-650-10-1490287734-650-e8e0ad3411-1490340722.jpg

ပုံမှာပြထားတဲ့ အနီစက်လေးတွေက ယင်ရှန်းဆုံမှတ်လေးတွေဖြစ်ပါတယ်။ ဒီနေရာလေးတွေကို နှိပ်ပေးတဲ့အခါ နှာပိတ်နေရင် နှာပွင့်လာပါလိမ့်မယ်။ ခေါင်းကိုက်၊ သွားကိုက် သက်သာစေပြီး စိတ်ဖိစီးမှုလည်း လျော့ကျစေပါလိမ့်မယ်။

၄။ Tian Zhu Points

12483710-13425710-4-0-1490287889-1490287898-650-12-1490287898-650-4d1e235a99-1490340722.jpg 

ဒီနေရာလေးကတော့ အကြောတက်ဖူးသူတွေ နှိပ်ဖူးမယ်ထင်ပါတယ်။ ဦးခေါင်းနောက် ဇက်ပိုးအပေါ်ပိုင်းနေရာလေးပါ။ အကြောတက်တာသက်သာရုံသာမက နှာပိတ်တာလည်းသက်သာစေတယ်။ မျက်လုံး၊ နား နာတာတွေသက်သာစေသလို ခေါင်းကိုက်တာလည်း ပျောက်ပါတယ်။

၅။ Shuai Gu Points

12483760-13426560-5-0-1490288028-1490288038-650-10-1490288038-650-0a0fa4b1e5-1490340722.jpg 

ခေါင်းကိုက်ရင် နားထင်ကိုနှိပ်လေ့ရှိကြတယ်။ တကယ်က Shuai gu လို့ခေါ်တဲ့ နေရာလေးကို နှိပ်မှ သက်သာတာပါ။ နားထင်အစပ်၊ ဆံပင်ပေါက်တဲ့နေရာအစရဲ့ ၂/၃ စင်တင်မီတာအကွာမှာရှိပါတယ်။ လက်ချောင်းလေးနဲ့ အသာအယာဖိနှိပ်ေးမယ်ဆိုရင် မျက်စိကိုက်တာ၊ ခေါင်းကိုက်တာပျောက်ပါလိမ့်မယ်။

၆။ He Gu Points

12483810-13427510-6-0-1490288175-1490288183-650-6-1490288183-650-6d5b6bc82a-1490340722.jpg 

လက်ညှိုးနဲ့လက်မကြားက နေရာလေးကို ဖိထားပေးမယ်ဆိုရင် ခါးနာ၊ သွားကိုက် သက်သာစေပြီး လည်ပင်းကြွက်သားတောင့်တင်းတာတွေကို ပြေလျော့သွားစေပါလိမ့်မယ်။

Source : Bright Side

Share

Loading Next Article...
က္က