အခုလိုတုပ်ကွေးရာသီမှာ ခန္ဓာကိုယ်ထဲကို ပြင်ပက ဗိုင်းရပ်စ်တွေမဝင်ရောက်နိုင်စေဖို့ ကိုယ်ခံအားကောင်းမွန်နေဖို့ လိုအပ်ပါတယ်။

Leukocyte လို့လည်းခေါ်ကြတဲ့ သွေးဖြူဥဆဲလ်တွေဆိုတာ ခန္ဓာကိုယ်ကို ပြင်ပက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးမွှားတွေ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ရေးတပ်သားတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ကိုယ်ခံအားစနစ်လုပ်ဆောင်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

 

သူတို့ဟာ ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ပြင်ပဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးဖို့နဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့အတွက် တာဝန်ရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကောင်းမွန်နေစေဖို့အတွက် အာဟာရပြည့်ဝနေဖို့က အရေးကြီးပါတယ်။ အာဟာရပြည့်ဝမှသာ သွေးဖြူဥဆဲလ်တွေနဲ့ ကိုယ်ခံအားလည်း ကောင်းကောင်းအလုပ်လုပ်နိုုင်မှာ ဖြစ်ပါတယ်။

အခုလိုတုပ်ကွေးရာသီမှာ ပြင်ပကရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်နိုင်အောင် mask တွေတပ်ကြသလို ကိုယ်ခံအား ကောင်းအောင်လည်း ဂရုစိုက်သင့်ပါတယ်။ ကိုယ်ခံအားကောင်းမှသာ အကာအကွယ်တွေကိုဖြတ်သန်းပြီး ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားကပြန်လည်တိုက်ထုတ်နိုင်မှာပါ။

၁။ ပရိုတိန်းဓာတ်ကြွယ်ဝပါစေ

အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းက သွေးဖြူဥဆဲလ်တွေပေါက်ဖွားရာဖြစ်တဲ့ ရိုးတွင်းခြင်ဆီကို အားကောင်းစေပါတယ်။ ဒါကြောင့် သွေးဖြူဥဆဲလ်တွေမှာ အများဆုံးပါဝင်ပေါင်းစပ်ထားတဲ့ ပရိုတိန်းဓာတ်ပြည့်ဝအောင် စားသုံးဖို့လည်း မမေ့ပါနဲ့။ အသား၊ နို့ထွက်ကုန်၊ ကြက်ဥ နဲ့ ဟင်းသီးဟင်းရွက်တွေကနေ ပရိုတိန်းဓာတ်ကို ရရှိနိုင်ပါတယ်။

၂။ မှန်ကန်ကောင်းမွန်တဲ့ အဆီဓာတ်ကိုရွေးချယ်တတ်ပါစေ

Olive-Oil.jpg 

ပြည့်ဝဆီတွေကို ရှောင်ကြဉ်ပြီး သံလွင်ဆီတို့၊ ပဲပိစပ်ဆီတို့၊ ဝါဂွမ်းဆီတို့လို မပြည့်ဝဆီတွေကိုပဲ စားသုံးပေးသင့်ပါတယ်။ ပြည့်ဝဆီတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေကိုပဲ မြင့်တက်စေပြီး ကိုယ်ခံအားကို အထောက်အကူမပေးပါဘူး။ မပြည့်ဝဆီတွေကတော့ ခန္ဓာကိုယ်ထဲမှာ ကောင်းမွန်မှန်ကန်တဲ့အဆီတွေ၊ ဗိုက်တာမင်တွေ ပိုမိုမြန်ဆန်စွာစုပ်ယူနိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။

၃။ ကာဘိုဟိုက်ဒရိတ်ကိုလည်း မျှတအောင်စားပါ

ဂျုံ၊ ပြောင်းဖူး၊ နှံစားပြောင်းတို့ဟာ သွေးဖြူဥဆဲလ်တွေထုတ်လုပ်ဖို့အတွက် ခန္ဓာကိုယ်ကလိုအပ်တဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက် ပိုမိုစားသုံးမိရင်လည်း  T-lymphocytes လို့ခေါ်တဲ့ ဆဲလ်ပမာဏကို လျော့ကျစေပြီး ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ ဒါကြောင့် သင့်တင့်မျှတစွာစားသုံးဖို့ကလည်း အရေးကြီးပါတယ်။

၄။ ကိုယ်ခံအားကောင်းစေတဲ့အစားအစာတွေကို စားပေးပါ

ကိုယ်ခံအားကိုကောင်းမွန်စေတဲ့ အစားအစာတွေရှိပါတယ်။ အဲဒါတွေကတော့... ကြက်သွန်ဖြူ၊ အယ်လ်မွန်စေ့၊ ကိုက်လန်၊ မှို၊ ဘလူးဘယ်ရီသီးနဲ့ ရက်စ်ဘယ်ရီသီး၊ ဒိန်ချဉ်နဲ့ လက်ဖက်စိမ်းရေနွေးကြမ်း (Greeen Tea) တို့ပဲဖြစ်ပါတယ်။ ဒါတွေကို နေ့စဉ်အစားအသောက်တွေမှာ တွဲဖက်စားသုံးပေးမယ်ဆိုရင် ကိုယ်ခံအားအတွက် အထောက်အကူဖြစ်စေမှာပါ။

၅။ Antioxidant ကြွယ်ဝအောင်စားသုံးပါ

Brown-Lentils-Onion-Tomatoes-Carrots-Spinach-Parsley-Garlic.jpg 

Antioxidant တွေဆိုတာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အခြားအာဟာရဓာတ်တွေဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ဒဏ်ဖြစ်နေတဲ့ ဆဲလ်တွေကိုပြန်လည်ကုစားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ Antioxidant တွေဆိုတာ Beta Carotene (မုန်လာဥနီမှာတွေ့ရတတ်တဲ့ အာဟာရဓာတ်တစ်မျိုး)၊ ဗိုက်တာမင် စီ၊ ဗိုက်တာမင် အီး၊ ဇင့် နဲ့ ဆီလီနီယမ်တို့ပဲ ဖြစ်ပါတယ်။ အဲဒီအာဟာရဓာတ်တွေကို သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတတ်သလို supplement (ဖြည့်စွက်ဆေးဝါး) အဖြစ်လည်း သောက်သုံးနိုင်ပါတယ်။

Beta Carotene ကို တရုပ်ဆီးသီး၊ ပန်းဂေါ်ဖီစိမ်း၊ သကြားမုန်လာဥ၊ ဟင်းနုနွယ်ရွက်၊ ငရုပ်ပွသီး၊ ခရမ်းချဉ်သီး၊ ပြောင်းဖူးနဲ့ မုန်လာဥနီတို့မှာ တွေ့ရှိနိုင်ပါတယ်။ ဗိုက်တာမင်စီကိုတော့ ဘယ်ရီသီးတွေ၊ ပန်းဂေါ်ဖီစိမ်း၊ မက်မွန်သီး၊ လိမ္မော်သီး၊ ငရုပ်ပွသီး၊ ခရမ်းချဉ်သီးတို့မှာ တွေ့ရှိနိုင်ပါတယ်။ ဗိုက်တာမင် အီးကိုတော့ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ သစ်စေ့တွေ၊ သင်္ဘောသီး၊ ဟင်းနုနွယ်ရွက်နဲ့ နေကြာစေ့မှာ တွေ့ရှိရပါတယ်။ ဇင့်ဓာတ်ကိုတော့ ကမာကောင်၊ အနီရောင်အသား၊ ပဲ၊ အစေ့တွေနဲ့ ပင်လယ်စာတွေမှာ ရရှိနိုင်ပါတယ်။

၆။ ဆေးလိပ်မသောက်ပါနဲ့

09-bad-habits-smoking.jpg 

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီစာတိုင်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကိုလည်း အားနည်းစေပါတယ်။ ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ သွေးထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (hemoglobin) နဲ့ ပေါင်းစည်းသွားပြီး ခန္ဓာကိုယ်ဆဲလ်တွေဆီကို အောက်ဆီဂျင်ပို့ဆောင်ခြင်းကို လျော့ကျစေပါတယ်။ အကျိုးဆက်အနေနဲ့ ကိုယ်ခံအားကျဆင်းလာပါလိမ့်မယ်။

၇။ အိပ်ရေးဝအောင်အိပ်ပါ

sleeping-positions.jpg 

တစ်နေ့ကို (၆) နာရီနဲ့ (၈) နာရီကြားရအောင်အိပ်ပါ။ အိပ်ရေးမဝတဲ့လူတစ်ယောက်ဟာ စိတ်မရွှင်လန်းတာတစ်ခုတည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ်ခံအားကျဆင်းပြီး ပြင်ပကရောဂါပိုးတွေ ဝင်ရောက်လာနိုင်ခြေလည်း များလာပါလိမ့်မယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းတစ်ခုက ဆဲလ်တွေကိုပြန်လည်အားပြည့်စေပြီး ကောင်းမွန်စွာအလုပ်လုပ်ဆောင်နိုင်စေပါတယ်။ ဒါကြောင့် ညဘက် အိပ်ရေးပျက်တတ်သူတွေ တုပ်ကွေးရာသီမှာတော့ ကိုယ်ခံအားကောင်းမွန်စေဖို့ အိပ်ရေးဝအောင် အိပ်စက်ပေးဖို့ မမေ့ပါနဲ့။

Source: wikihow

Share

Loading Next Article...
က္က