"ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်" ဆိုတဲ့စကားတောင်ရှိပါသေးတယ်။

ရေငတ်နေချိန်မှာ ရေသန့်တစ်ဘူးနဲ့ ကိုလာတစ်ဘူးရွေးချယ်ပါဆိုရင် ဘာကိုရွေးချယ်မိမလဲ။ ဘယ်အရာကိုသောက်သုံးခြင်းက ရေငတ်ခြင်းကိုပြေပျောက်စေပြီး ရေဓာတ်ပြန်လည် ပြည့်ဝစေမလဲ။ ပါးစပ်တစ်ခုလုံး ခြောက်ကပ်ပြီး ရေဓာတ်လိုအပ်ကြောင်း ဖော်ပြနေချိန်မှာ ရေကလွဲပြီး တခြားဘယ်အချိုရည်က ရေဆာမှုကို ဖြေဖျောက်နိုင်မလဲ။ မှန်ပါတယ်။ ရေငတ်နေချိန်မှာ ရေသောက်ပေးခြင်းသည်သာ အကောင်းဆုံးပါပဲ။

 

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ရေ (၇၅) ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတဲ့အတွက် ရေဓာတ်ပြည့်ဝနေဖို့က အလွန်အရေးကြီးတယ်ဆိုတာ ပြောပြနေဖို့တောင်မလိုပါဘူး။ "ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်" ဆိုတဲ့စကားတောင်ရှိပါသေးတယ်။ ထမင်းမစားဘဲ (၇) ရက်ထိတောင့်ခံနိုင်ပေမယ့် ရေမသောက်ဘဲ တစ်မနက်ပဲတောင့်ခံနိုင်မယ်လို့ ဆိုလိုတာပါ။ ရေဓာတ်ခမ်းခြောက်ခြင်းဆိုတာ မဖြစ်အောင် ရေဓာတ်ခမ်းခြောက်နေပြီလို့ ခန္ဓာကိုယ်ကသတိပေးတဲ့ လက္ခဏာတွေကိုသိထားတာလည်း မမှားပါဘူး။

၁။ ရေငတ်ခြင်း

1.-Uncontainable-Thirst.jpg 

ရေဓာတ်ခမ်းခြောက်ခြင်းကို ဖော်ပြနိုင်တဲ့အကောင်းဆုံးလက္ခဏာကတော့ ရေငတ်တာပါပဲ။ ရေငတ်နေပါတယ်ဆိုမှတော့ ရေဓာတ်ခမ်းခြောက်နေလို့ပဲပေါ့။ ဒါကြောင့်လည်း နေ့တစ်နေ့ကိုအစပျိုးတော့မယ် ဆိုတာနဲ့ (ဒါမှမဟုတ်) ကိုယ်ကာယလှုပ်ရှားမှု တစ်ခုကို ပြုလုပ်ရတော့မယ်ဆိုတာနဲ့ ရေသောက်ပေးဖို့ အကြံပြုထားကြတာဖြစ်ပါတယ်။ ရေကိုဝဝလင်လင်မသောက်ဘဲ လှုပ်ရှားမိမယ်ဆိုရင် ခံတွင်းတွေ ခြောက်လာပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲဘေးထွက် ဆိုးကျိုးတွေကို ကာကွယ်ဖို့ ရေကိုဝဝလင်လင်သောက်သုံးပေးပါ။

၂။ ဆီးအောင့်ခြင်း

UTI.jpg

ရေငတ်ခြင်း၊ ပါးစပ်ခြောက်ခြင်းတို့အပြင် ရေဓာတ်ခမ်းခြောက်ခြင်းကိုဖော်ပြနေတဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ဆီးပါပဲ။ ဆီးအရောင်နဲ့ ဆီးသွားနှုန်း/ ကြိမ်ရေကိုကြည့်ပြီး ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေလား/ ရေဓာတ်လိုအပ်နေလားဆိုတာကို သိရှိနိုင်ပါတယ်။ ဆီးအရောင်က အဝါရင့်ရောင်ဖြစ်နေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်မှုက အလွန်ဆိုးဝါးနေကြောင်း ဖော်ပြတာပါပဲ။ ရေမြန်မြန် သောက်ပေးသင့်ပါပြီ။ အဝါဖျော့ရောင်ဆိုရင်တော့ ရေဓာတ်လုံလုံလောက်လောက်ရှိကြောင်းဖော်ပြတာပါ။ ဆီးအရောင်ဖျော့နိုင်သမျှ ဖျော့လေ အကောင်းဆုံးပါပဲ။

၃။ အရေပြားခြောက်သွေ့တွန့်ရှုံ့ခြင်း

ခြောက်သွေ့ပြီး တွန့်ရှုံ့နေတဲ့အရေပြားက ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်နေခြင်းကို ဖော်ပြတဲ့လက္ခဏာတစ်ခုပါပဲ။ ဒီနေရာမှာ ခြောက်သွေ့တဲ့အရေပြားနဲ့ ရေဓာတ်ခမ်းခြောက်မှုကြောင့်ဖြစ်တဲ့ အရေပြားကို ကွဲကွဲပြားပြားသိဖို့တော့ လိုအပ်ပါတယ်။ ခြောက်သွေ့တဲ့အရေပြားဆိုတာ အရေပြားဂလင်းတွေမှာလိုအပ်တဲ့ ဆီဓာတ်ခမ်းခြောက်မှုကြောင့်ဖြစ်ပြီး ရေဓာတ် ခမ်းခြောက်မှုကြောင့် ခြောက်သွေ့တွန့်ရှုံ့တဲ့ အရေပြားဆိုတာကတော့ ရေဓာတ်နဲ့ အစိုဓာတ်လိုအပ်မှုကြောင့် ဖြစ်ပွားပါတယ်။ လှပချောမွေ့တဲ့အသားအရေကိုပိုင်ဆိုင်ချင်ရင်တော့ ရေဓာတ်လုံလောက်အောင် သောက်သုံးပေးသင့်ပါတယ်။

၄။ ဆာလောင်ခြင်း

man-eating-spaghetti-foods-make-you-hungrier.jpg 

ဗိုက်ထဲက ပြင်းပြင်းပျပျဆာလောင်တဲ့ခံစားမှုကြောင့် ရေခွက်ဆီကို လက်လှမ်းမိဖူးပါသလား။ ဒါဟာ ရေဓာတ်ခမ်းခြောက်ခြင်းက ဆာလောင်ခြင်းအသွင်သဏ္ဍာန်နဲ့ အချက်ပြနေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်ခြင်းကို ဆာလောင်မှုအဖြစ် မှားယွင်းဘာသာပြန်မိပြီး မလိုအပ်ဘဲ အစားအသောက်တွေကို စားမိတတ်ပါတယ်။ အဲဒီအချိန်မှာ ကယ်လိုရီတွေပိုလျှံပြီး အဝလွန်ခြင်းဆီ ဦးတည်နိုင်ပါတယ်။

၅။ မောပန်းနွမ်းနယ်ခြင်း

မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းအများကြီးရှိပါတယ်။ အဲဒီထဲကတစ်ခုကတော့ ရေဓာတ်ခမ်းခြောက်ခြင်းပါပဲ။ ရေဓာတ်ခမ်းခြောက်ပြီဆိုရင် မောပန်းနွမ်းနယ်သလို ခံစားရရုံသာမက လုပ်နေတဲ့ အလုပ်အပေါ်အာရုံစိုက်မှုကိုတောင် လျော့ကျစေပါတယ်။ မကြာခဏမောပန်းတတ်တယ်ဆိုရင် ကော်ဖီလိုမျိုး လှုံ့ဆော်ပေးတဲ့အရည်တွေကို သိပ်မသောက်ပါနဲ့။ အဲဒီအစား ရေကိုသာများများသောက်ပေးပါ။

၆။ ကြွက်သားနာကျင်ခြင်း

Muscle-pain-1030x686.jpg 

အပြေးသမားတွေ၊ ရေကူးသမားတွေ၊ လက်ဝှေ့သမားတွေလို အားကစားသမားတွေ ရေများများသောက်ကြတာ အကြောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ချွေးထွက်ခြင်းကြောင့် သာမန်လူတွေထက် ရေဓာတ်ပိုမို ဆုံးရှုံးနိုင်လို့ပါပဲ။ ရေဓာတ်ခမ်းခြောက်မယ် ဆိုရင် ကြွက်သားနာကျင်ခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ ပြိုင်ပွဲဝင်နေရင်းတန်းလန်း ကြွက်သားနာကျင်မယ်ဆိုရင် ကြွက်တက်ခြင်း ဖြစ်စေနိုင်ပြီး အန္တရာယ်လည်းအလွန်များပါတယ်။ ဒါကြောင့် ရေဓာတ်မဆုံးရှုံးရလေအောင် ဂရုစိုက်သင့်ပါတယ်။

Source: stylecraze

Share

Loading Next Article...
က္က