တကယ်တော့ ကျောရိုးမကြီးဒဏ်ဖြစ်ခြင်းဟာ တစ်သက်လုံးဒုက္ခဖြစ်သွားစေနိုင်လို့ ကြောက်စရာအလွန်ကောင်းပြီး အထူးဂရုစိုက် သင့်ပါတယ်။

ကျောရိုးမကြီးဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အရေးအကြီးဆုံး ကိုယ်လက်အင်္ဂါတစ်ခုပဲဖြစ်ပါတယ်။ ကျောရိုးမကြီး ထိခိုက်သွားရင် လူတစ်ယောက်ဟာ တစ်သက်လုံး အိပ်ယာထဲမှာပဲ ဒုက္ခိတတစ်ပိုင်း ဘဝနဲ့ နေရတော့မှာပါ။ တစ်သက်လုံး လူဖြစ်ရှုံးရတော့မှာပါ။



 

ဒါကြောင့် ဒီကိစ္စကိုမပေါ့သင့်ဘဲ သေချာဂရုစိုက်သင့်ပါတယ်။ အောက်မှာဖော်ပြထားတာတွေကတော့ ကျောရိုးမကြီးကို ထိခိုက်စေနိုင်တဲ့ အပြုအမူ တွေပဲ ဖြစ်ပါတယ်။

၁။ သွားတိုက်တဲ့ပုံစံ

1.-The-way-you-brush-your-teeth.jpg 

သွားတိုက်နေချိန်မှာ ခန္ဓာကိုယ်ကို ဘေစင်ပေါ်ကိုင်းညွတ်တာက တကယ်တော့လုံးဝမှားပါတယ်။ ခြေစုံရပ်နေချိန်မှာ ကျောရိုးမကြီးအပေါ်သက်ရောက်နေတဲ့ဖိအားက လမ်းလျှောက်နေချိန်မှာထက် အများကြီးပိုပါတယ်။ အဲဒါကိုမှ ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်မယ်ဆိုရင် ဖိအားကတိုးလာပါတယ်။ ဒါကြောင့် သွားတိုက်နေချိန်မှာ ခန္ဓာကိုယ်ကို မတ်မတ်ဆန့်ထားပါ။ မျက်နှာသစ်တဲ့တစ်ချိန်လောက်ပဲ အကွေးအဆန့် လုပ်ပါ။

၂။ ပန်းကန်ဆေးတဲ့ပုံစံ

2.-The-way-you-wash-the-dishes.jpg 

ပန်းကန်ဆေးနေချိန်မှာ ခန္ဓာကိုယ်ကိုတစ်ဝက်လောက်ကိုင်းထားရတာကို သတိပြုမိချင်မှ သတိပြုမိမှာပါ။ အဲဒီလိုကွေးညွတ် ထားချိန်မှာ လက်တွေနဲ့ကျောရိုးမကြီးပေါ်ကို ဖိအားတွေအများကြီးသက်ရောက် နေမှာပါ။ ဒီပုံစံဟာ ကျောရိုးမကြီးထဲမှာရှိတဲ့ အဆစ်လေးတွေကို နေရာလွဲသွားစေနိုင်ပါတယ်။

အဲဒီလိုဖြစ်ရင် ပခုံးရိုးနဲ့ကျောကုန်းအောင့်တာတွေ ဖြစ်လာမှာပါ။ ဒီလိုမဖြစ်ရလေအောင် ပန်းကန်ဆေးနေချိန်မှာ ဘယ်ဘက်ဒူးအောက်မှာ ခွေးခြေပုံလေးတစ်ချောင်းခံထားပြီး ခွေးခြေပုလေးပေါ်မှာ ဒူးထောက်ထားလိုက်တာက ကျောရိုးမကြီးကို သက်ရောက်နေတဲ့ဖိအားကို အတိုင်းအတာတစ်ခုထိ လျော့ကျစေပါတယ်။

၃။ ဈေးဝယ်အိတ်တွေ သယ်ဆောင်တဲ့ပုံစံ

4.-The-way-you-carry-shopping-bags.jpg 

ဈေးဝယ်စင်တာတွေမှာ တပတ်စာစားသောက်ကုန်တွေကို ဝယ်ပြီဆိုရင် casher counter က အရောင်းဝန်ထမ်းကောင်မလေးကို အားနာပြီး ပစ္စည်းတွေအကုန်လုံးကို အိတ်တစ်လုံးထဲမှာ ပြွတ်သိပ်ထည့်ပေးတာကို ဘာမှမပြောဘဲ သယ်ချလာတာမျိုး မလုပ်ပါနဲ့။

အဲဒီလိုလက်တစ်ဖက်ထဲမှာ အလေးချိန်များတဲ့ အိတ်တစ်လုံးထဲကိုင်ပြီး လမ်းလျှောက်သွားခြင်းက ကျောရိုးမကြီးအောက်ပိုင်းကို ကြီးမားစွာ ဒဏ်ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ပစ္စည်းများတယ်ဆိုရင် အိတ် (၂) လုံး၊ (၃) လုံးခွဲထည့်ခိုင်းပါ။ ကိုယ်မသယ်နိုင်လောက်အောင် များတယ်ဆိုရင်လည်း ဈေးဝယ်စင်တာက ဝန်ထမ်းလေးတွေကို ကူညီပြီး ကားဆီ လိုက်ပို့ခိုင်းပါ။

၄။ ကြမ်းတိုက်တဲ့ပုံစံ

5.-The-way-you-sweep-the-floor.jpg 

အိမ်ကကြမ်းခင်းတွေ ညစ်ပေနေလို့ ကြမ်းတိုက်ပြီဆိုရင် ကိုယ်ကိုကိုင်းညွတ်ပြီး ကြမ်းတိုက်ဝတ်ကို လက်နဲ့ကိုင်ပြီး ပွတ်တိုက်တဲ့ပုံစံ သုံးလေ့ရှိပါသလား။ ဒီပုံစံအတိုင်း ကြမ်းတိုက်တာက ထုံးစံလိုဖြစ်နေပေမယ့် တကယ်တော့ လုံးဝမှားယွင်းပါတယ်။ ဒီပုံစံက ခြေထောက်၊ လက်၊ ကျောရိုးမကြီး၊ ကျောကုန်း အကုန်လုံးကို ဒဏ်ဖြစ်စေတဲ့ပုံစံဖြစ်ပါတယ်။

ဒီတော့ ဒီပုံစံအတိုင်း ကြမ်းတိုက်မယ့်အစား mopping stick လို့ခေါ်တဲ့ ကြမ်းတိုက်တံတစ်ချောင်းကို ဝယ်လိုက်ပါ။ ကျန်းမာရေးအတွက် ဆေးပြန်ကုရမှာနဲ့စာရင် ဒါလေးဝယ်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာက ပိုကောင်းပါတယ်။

၅။ ကျောပိုးအိတ်လွယ်တဲ့ပုံစံ

7.-The-way-you-carry-your-backpack (1).jpg 

ဟောလီးဝုဒ်ကျောင်းသားဟာသ ဒရာမာကားတွေထဲမှာတော့ ကျောပိုးအိတ်ကို (one-strapped) လို့ခေါ်တဲ့ ပုခုံးတစ်ဖက်တည်းမှာ လွယ်တဲ့ပုံစံက ကြည့်လို့ကောင်းတယ်လို့ထင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ကျောင်းသားတွေလွယ်တဲ့ ကျောပိုးအိတ်ထဲမှာ ဟောလီးဝုဒ်ကားတွေထဲကလို စာအုပ်နည်းနည်းလေးပဲ သယ်ရတာမဟုတ်ဘူးဆိုတာကို သတိရပါ။

စတိုင်လ်လန်းချင်တာ ကောင်းပေမယ့် ကျောပိုးအိတ်အလေးကြီးကို ပုခုံးတစ်ဖက်တည်းမှာတင်ပြီးလွယ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောရိုးမကြီး ထိခိုက်ရမယ်ဆို လူကြားလို့လည်း မကောင်းပါဘူး။ ဒါကြောင့် ကျောပိုးအိတ်လွယ်မယ်ဆိုရင် ပုံပါအတိုင်း ပုခုံးနှစ်ဖက်ပေါ်သေချာတင်ပြီးလွယ်ပါ။

၆။ ကြမ်းပေါ်က လေးလံတဲ့ပစ္စည်းကို မတဲ့ပုံစံ

ကြမ်းပေါ်မှာ လေးလံတဲ့ပစ္စည်းတစ်မျိုးကိုချထားပြီး ပြန်မတော့မယ်ဆိုရင် မိမိကိုယ်ကိုယ်အားသန်တယ်ထင်ပြီး လက်တစ်ဖက်တည်း သုံးပြီး မတာမျိုးမလုပ်ပါနဲ့။ ဒါဟာ ခန္ဓာကိုယ်ဟန်ချက်ကို ပျက်စေရုံသာမက ကျောရိုးမကြီးနဲ့ ခါးကိုလည်း ဒဏ်ဖြစ်စေပါတယ်။ ကံကောင်းရင် ခါးနာရုံလောက်ပဲဖြစ်နိုင်ပေမယ့် ကံဆိုးရင်တော့ ကျောရိုးမကြီးအဆစ်လွဲပြီး ဒုက္ခိတဘဝရောက်သွားနိုင်ပါတယ်။

ဒါကြောင့် ကြမ်းပေါ်က လေးလံတဲ့ပစ္စည်းကို မတော့မယ်ဆိုရင် ကြမ်းပေါ်မှာ ဒူးတစ်ဖက်ထောက်ထိုင်ပြီးမှ လက် (၂) ဖက်နဲ့ သေချာမပါ။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က