ရေလုံလုံလောက်လောက် သောက်ပေးဖို့လိုပါမယ်။

ကိုယ့်ပါးစပ်ကထွက်ပေါ်လာတဲ့ အနံ့ဆိုးဟာ ကိုယ့်ကို အပေါင်းအသင်းမဲ့စေတယ်။ ဘယ်သူကမှ ကိုယ်နဲ့ စကားမပြောချင်ကြတော့ဘူးလေ။ ဘာကြောင့်မှန်းမသိ ခံတွင်းနံ့ဆိုးတွေ ထွက်နေရတယ်ဆိုတာက ဒီအချက်တွေထဲက တစ်ခုခုကြောင့်သာ ဖြစ်ပါလိမ့်မယ်။

 

၁။ ခံတွင်းသန့်ရှင်းရေးကို သေသေချာချာ မလုပ်ရင်လည်း ခံတွင်းနံ့ဆိုးပါတယ်။ သွားတိုက်ရုံသာမက လျှာကိုပါ  ပွတ်တိုက်သန့်စင်ပါ။ ခံတွင်းမှာ ဘက်တီးရီးယားတွေ ရှိနေရင် အနံ့ဆိုးထွက်စေရုံသာမက သွားတွေပျက်စီးစေပါတယ်။

၂။ ခြောက်သွေ့မှုကလည်း ခံတွင်းနံ့ဆိုးတွေ ဖြစ်စေပါတယ်။ ရေလုံလုံလောက်လောက် သောက်ပေးဖို့လိုပါမယ်။

၃။ ပြင်ပလေထုနဲ့ ထိတွေ့မှု များသူတွေလည်း ခံတွင်းနံ့ဆိုးတဲ့ပြဿနာကို ကြုံရလေ့ရှိတယ်။ လေထုညစ်ညမ်းမှုကြောင့် သွားနဲ့ခံတွင်းကိုပါ သက်ရောက်စေတယ်လေ။

 

၄။ နှလုံးရောဂါရှိသူတွေဟာ ခံတွင်းနံ့ဆိုးမှုနဲ့လည်း ဆက်စပ်နေပါသတဲ့။

၅။ အစာအိမ်အနာရှိသူတွေဟာလည်း ခံတွင်းနံ့ဆိုးရွားတတ်ပါတယ်။

၆။ တချို့ကျတော့လည်း အသန့်လွန်လို့ဖြစ်တာ။ ဘယ်လိုမျိုးလဲဆိုတော့ ခံတွင်းသန့်ဆေးရည်တွေကို လိုတာထက်ပိုပြီး မကြာခဏသုံးရာက ခံတွင်းထဲက ကောင်းတဲ့ဘက်တီးရီးယားတွေပါ ပျက်စီးသွားပြီး အနံ့ဆိုးရတော့တာပဲ။

 

၇။ ဆီးချိုသမားတွေဟာလည်း ခံတွင်းနံ့ဆိုးရွားကြပါတယ်။ အင်ဆူလင်ဟော်မုန်း လုံလုံလောက်လောက်မထုတ်လုပ်နိုင်မှုနဲ့ ဆက်စပ်ပြီး ခံတွင်းနံ့ဆိုးတာပါ။

Source : Steth

Share

Loading Next Article...
က္က