လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေတဲ့ ယောကျ်ားလေးတွေဟာ မြာပိုစွန်ပြီး ကလေးရနိုင်ခြေလည်း ပိုများပါတယ်တဲ့။

ခြေ၊ လက်အင်္ဂါအစိတ်အပိုင်းတွေဟာ လူ့ခန္ဓာကိုယ်မှာ အလုပ်လုပ်ရဆုံး အစိတ်အပိုင်းတွေထဲမှာ ပါနေတယ်လို့ဆိုနိုင်မလား။ အနည်းဆုံးတော့ စာရင်းကိုင်တွေ၊ စာရေးဆရာတွေလို ကွန်ပျူတာတစ်လုံးရှေ့မှာ ကီးဘုတ်ကို အဆက်မပြတ်ရိုက်နေရသူတွေမှာတော့ လက်ချောင်းတွေဟာ အလုပ်လုပ်ရဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါပဲ။



 

လက်ချောင်းလေးတွေဟာ အလုပ်လုပ်ရာမှာအသုံးဝင်သလို ကျန်းမာရေးအရလည်း အလွန်အသုံးဝင်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လက်ချောင်းလေးတွေက ဖော်ပြနေတဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့အချက်တွေကတော့....

၁။ လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေမယ်ဆိုရင်

When-index-finger-is-longer-than-the-ring-finger.jpg 

ယောကျ်ားလေးမှာတော့ လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ လက်သူကြွယ်ဟာ လက်ညှိုးထက်ပိုရှည်နေတဲ့ အမျိုးသမီးတွေကတော့ ဒူးခေါင်းမှာ အဆစ်အမြစ်ရောင်ရောဂါ (ဂေါက်ရောဂါ) ဖြစ်နိုင်ခြေနှစ်ဆ ပိုများပါတယ်လို့ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဒူလာရောဂါ သုတေသန တစ်ခုက ဆိုပါတယ်။ Estrogen (အမျိုးသမီးလိင်ဟော်မုန်း) တွေနည်းပါးသွားခြင်းကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါလိမ့်မယ်။

ယောကျ်ားလေးတွေမှာကျတော့ လက်သူကြွယ်ပိုရှည်နေမယ်ဆိုရင် ကျားဟော်မုန်းပိုများနေနိုင်ပါတယ်တဲ့။ ဒါကြောင့် အမျိုးသမီးတွေနဲ့ ဆက်ဆံရေးမှာ ပိုမိုအဆင်ပြေပြီး (မြာစွန်ပြီး) ကလေးများများရနိုင်ခြေလည်း ပိုများပါတယ်တဲ့။ ဒါပေမယ့် မကောင်းတာတစ်ခုကတော့ ဆီးကြိတ်ကင်ဆာဖြစ်နိုင်ခြေလည်း ပိုများနေနိုင်ပါတယ်။

၂။ လက်တွေတုုန်နေမယ်ဆိုရင်

02-hands-shaky-hands.jpg 

တုန်ယင်နေတဲ့လက်တွေဟာ ကော်ဖီပြင်းပြင်းတွေသောက်တာများလို့တို့၊ ပန်းနာရင်ကြပ်ဆေးတွေ၊ စိတ်ကျရောဂါပျောက်ဆေးတွေ သောက်တာများလို့တို့ကြောင့်လည်း ဖြစနိုင်သလို တခြားအကြောင်းရင်းလည်း ရှိနေနိုင်ပါသေးတယ်။ ဒီလို ခဏခဏဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အကောင်းဆုံးပါပဲ။ လက်တစ်ဖက်ထဲ တုန်ယင်နေတာဆိုရင်တော့ ဒါဟာ ပါကင်ဆန်ရောဂါ (အကြောအားနည်းပြီး ခြေလက်တုန်ယင်သောရောဂါ) ရဲ့ ပထမဦးဆုံးရောဂါလက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ဒါဟာ စိတ်ပိုင်းဆိုင်ရာနဲ့ဆက်စပ်နေတဲ့၊ ထိန်းချုပ်မရတဲ့ လက်တုန်ခြင်းရောဂါတစ်မျိုး နဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

၃။ လက်သည်းအရောင်ပြောင်းနေမယ်ဆိုရင်

F1.large.jpg 

အိန္ဒိယသုတေသီတွေကတော့ ကျောက်ကပ်ရောဂါဝေဒနာရှင် လူနာအယောက် (၁၀၀) ကိုစမ်းသပ်စစ်ဆေးခဲ့ပြီး (၃၆) ရာခိုင်နှုန်း သောလူနာတွေမှာ half and half nails လို့ခေါ်တဲ့ လက်သည်းပန်းကုံး (လက်သည်းအောက်ခြေနားက အဖြူရောင်အဝိုင်းလေး) ဟာ လက်သည်းဧရိယာတစ်ဝက်လောက်ထိ နေရာယူထားပြီး ကျန်တဲ့တစ်ဝက်မှာတော့ ညိုမဲနေတတ်တဲ့ အခြေအနေဖြစ်နေနိုင်ပါတယ်။ (ပုံမှန်အတိုင်းလို လက်သည်းအောက်ခြေနားမှာ အဖြူဝိုင်းသေးသေးလေးပဲ ပါတာပါ။)

အဲဒီလိုဖြစ်ရတာဟာ တချို့ဟော်မုန်းတွေများပြားလာခြင်းနဲ့ သွေးနီဥနည်းပါးတဲ့ဝေဒနာတို့ကြောင့် ဖြစ်ရတာပါ။ နောက်တစ်ခုကတော့ ကျောက်ကပ်ရောဂါရှိနေတဲ့လက္ခဏာပါပဲ။ ဒါကြောင့် အဲဒီလိုလက္ခဏာတွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါပြီ။ ဒါတင်မက အရေပြားကင်ဆာလည်း ဖြစ်နေနိုင်ပါတယ်။

၄။ လက်ချောင်းတွေရဲ့ဆုပ်ကိုင်မှုအားနည်းနေမယ်ဆိုရင်

grip-strength-deadlift-1024x1024.jpg 

ပုံမှန်ကျန်းမာနေတဲ့လူတစ်ယောက်ဟာ လက်ချောင်းတွေသန်မာပြီး ပစ္စည်းတွေကိုလည်း မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်ကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ လက်ချောင်းရဲ့ဆုပ်ကိုင်နိုင်စွမ်းတွေ အားနည်းနေပြီဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါ ဖြစ်နိုင်ခြေ ပိုများနေနိုင်တယ်လို့ နိုင်ငံ (၁၇) နိုင်ငံက အရွယ်ရောက်ပြီးသားလူပေါင်း (၁၄၀,၀၀၀) ကို သုတေသနပြုလုပ်ရာက တွေ့ရှိခဲ့ပါတယ်။

လက်ချောင်းတွေရဲ့ သန်မာမှုဟာ သွေးပေါင်ချိန်တိုင်းတာခြင်းထက် ပိုမိုတိကျတဲ့ ကျန်းမာရေးခန့်မှန်းချက်တစ်ခုပဲဖြစ်ပါတယ်။ သုတေသီတွေကတော့ လက်ချောင်းသန်မာမှုဟာ ကြွက်သားခွန်အားနဲ့ ကိုယ်ကာယကျန်းမာရေးကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်လို့ အကြံပြုကြတာဖြစ်ပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က