အာရုံစူးစိုက်မှု လျော့ကျလာမယ်။

အချိုကြိုက်တဲ့လူတွေ သတိထားပါ။ သကြားဓာတ်ကို အလွန်အကျွံစားသုံးတာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်နော်။ သကြားကို လိုတာထက် ပိုပြီး အများအပြား စားသုံးနေမိပြီဆိုတာကိုလည်း ခန္ဓာကိုယ်က သတိပေးနေပါတယ်။ ဘယ်လိုတွေလဲဆိုရင်....

၁။ ဆာပြီးရင်းဆာ

14617610-24760510-309679-0-1496218002-1496218007-650-1-1496218007-650-62b4ebfaac-1496899128.jpg 

သွေးထဲမှာ သကြားဓာတ်များနေတော့ ဆဲလ်ထဲကို ဂလူးကို့စ်မဝင်ရောက်အောင် တားဆီးလိုက်သလို ဖြစ်သွားတယ်။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်မှာ စွမ်းအင် လုံလုံလောက်လောက် မရတော့ပါဘူး။ အဲ့ဒီမှာတင် ဆာပြီးဆာနေတော့တာပါပဲ။

၂။ မောပန်းနုံးချိ

ဂလူးကို့စ်ဓာတ်ကို လုံလုံလောက်လောက် မစုပ်ယူနိုင်တဲ့အခါ လူက လှုပ်ရှားဖို့အတွက် ခွန်အားမရှိဘူး။ အမြဲတမ်း မောပန်းနုံးချိနေရတယ်။

၃။ အပေါ့သွားတယ်

သွေးထဲမှာ သကြားဓာတ် အရမ်းများနေရင် ကျောက်ကပ်တွေကလည်း အရည်တွေကို ထပ်မံစုပ်ယူဖို့ ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ မကြာခဏ ဆီးသွားရပါတော့တယ်။

၄။ ရေငတ်တယ်

14617760-24765160-309680-0-1496219180-1496219182-650-1-1496219182-650-904addd8e9-1496899128.jpg 

ပါးစပ်က အမြဲတမ်း ခြောက်သွေ့တယ်။ အာခြောက်တယ်ပေါ့။ ဆီးခဏခဏသွားတော့ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးသွားလို့အာခြောက်ရတာပါ။ ရေများများ သောက်ပေးသင့်ပါတယ်။

၅။ ပိုးဝင်တယ်

ဆီးလမ်းကြောင်းပိုးဝင်မှုဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်လေ့ရှိပါတယ်။ သွေးတွင်းသကြားဓာတ်များပြားသူနဲ့ ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ သကြားပမာဏများလွန်းတော့ ဘက်တီးရီးယားနဲ့ yeast တွေ မျိုးပွားထုတ်လုပ်မှု ပိုကောင်းစေလို့ ဆီးလမ်းကြောင်းပိုးဝင်လွယ်ပါတယ်။

၆။ အသားအရေခြောက်လာတယ်

မကြာခဏဆီးသွားလွန်းတော့ အသားအရေလည်း ခြောက်သွေ့လာရတယ်။ သွေးကြောတွေ ကျဉ်းမြောင်းမာကြောလာပြီး သွေးလည်ပတ်မှုမကောင်းတော့တာလည်း ပါဝင်ပါတယ်။

၇။ အာရုံမစိုက်နိုင်

14618010-24786510-309728-5-0-1496222478-1496222480-650-1-1496222480-650-d5c05aeec2-1496899128.jpg 

သကြားဓာတ်များပြားပြီး ဦးနှောက်ဆဲလ်တွေထဲကို ဂလူးကို့စ်ဝင်ရောက်မှု ဟန့်တားလိုက်တာကြောင့် ဦးနှောက်ရဲ့လုပ်ငန်းတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ အာရုံစူးစိုက်လို့မကောင်းတော့ပါဘူး။ စိတ်တိုလွယ်၊ စိတ်ရှုပ်လွယ်လာပါတယ်။

၈။ အမြင်အာရုံဝေဝါးမှု

ကြည့်လို့မကောင်းတော့ဘူး။ ဝါးတားတားနဲ့ ဖြစ်နေတယ်ဆိုရင်တော့ သကြားစားသုံးမှု များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Source : Bright Side

Share

Loading Next Article...
က္က