အသက်ကို နက်နက်ရှိုင်းရှိုင်း ရှုသွင်းလိုက်ပါ။

ခွဲစိတ်ခန်းထဲဝင်တော့မယ့် လူနာက စိတ်လှုပ်ရှားလွန်းနေရင် သူနာပြု၊ ဆရာဝန်တွေက အသက်ဝဝရှုပြီး ဖြည်းဖြည်းချင်း လေကိုပြန်ရှုထုတ်ဖို့ အကြံပေးကြပါတယ်။ ဒီနည်းဟာ တကယ်ပဲ ထိရောက်တဲ့နည်းပါ။ ပူပန်သောကာတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ များလာတိုင်း လုပ်ကြည့်ရမယ့်နည်း ဖြစ်တယ်။

 

အသက်ရှုခြင်းကိုအာရုံစိုက်တဲ့ တရားမှတ်ခြင်း (ဝင်လေထွက်လေမှတ်ခြင်း) အပါအဝင် အသက်ဝဝရှုတဲ့ လေ့ကျင့်ခန်းတွေဟာ စိတ်ကိုတည်ငြိမ်စေကြောင်း သိပ္ပံပညာရှင်တွေကလည်း အတည်ပြုထားကြပါတယ်။ အသက်ရှုခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုအဆင့်အားလုံးကိုခြုံငုံပြီး တိုက်ရိုက်သက်ရောက်မှုရှိကြောင်း Standford တက္ကသိုလ်ရှိ သုတေသီများက လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

စိတ်လှုပ်ရှားနေပြီ၊ ဒေါသထွက်နေပြီဆိုရင် အသက်ရှုလေ့ကျင့်ခန်းကိုပဲ လုပ်ကြည့်စေချင်ပါတယ်။ အသက်ကို နက်နက်ရှိုင်းရှိုင်း ရှုသွင်းလိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း လေကို ပြန်ထုတ်ပေးရုံပါပဲ။ ဒီနည်းဟာ စိတ်ကို အမြန်ဆုံးတည်ငြိမ်စေမှာ ဖြစ်ပါတယ်။

Source : Health

Share

Loading Next Article...
က္က