ခန္ဓာကိုယ်ရဲ့ ၆၆% ဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။

ရေအသက် တစ်မနက်ရယ်လို့တောင် ပြောကြတယ်မဟုတ်လား။ ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပေးဖို့လိုတယ်။ ရေများများသောက်တာထက် သူ့အချိန်လေးနဲ့သူ သောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို ပိုပြီးကျန်းမာသွက်လက်စေမှာပါ။

 

အိပ်ရာကနိုးနိုးချင်း ဘာမှမလုပ်ရသေးခင် ရေတစ်ခွက်သောက်ပါ။ ရင်ပူတာလည်း သက်သာတယ်။ ခန္ဓာကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်

အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်သောက်ပါ။ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အဆာလွန်တာလည်း သက်သာစေသလို အလွန်အကျွံမစားမိအောင်လည်း တားဆီးပေးရာရောက်ပါတယ်။

အစာစားပြီး ၁ နာရီကြာမှ ရေတစ်ခွက်သောက်ပါ။ အစားစားနေတုန်း ရေမသောက်သင့်ပါဘူး။

ရေမချိုးခင်မှာလည်း ရေတစ်ခွက်သောက်သင့်ပါတယ်။ ရေသောက်လိုက်တော့ ခန္ဓာကိုယ်အပူချိန်ကို လျော့ကျသွားစေသလို သွေးပေါင်ချိန်လည်း မှန်ကန်သွားစေနိုင်ပါတယ်။

 

အိပ်ရာမဝင်ခင်မှာလည်း ရေတစ်ခွက်သောက်ပါဦး။ လေသင်တုန်းမဖြတ်အောင် ကာကွယ်ပေးနိုင်သလို၊ ရုတ်တရက်နှလုံးရပ်တန့်မှု (heart attack) မဖြစ်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။

Source : Trythis

Share

Loading Next Article...
က္က